မကြာခဏ လေလည်တတ်သူတွေအတွက် Gas ထွက်နှုန်းကို လျော့ချပေးမယ့် နည်းလမ်းများ

shutterstock By Emily frost
Sponsored

လူတိုင်း တစ်နေ့မှာ ၅ ကြိမ်ကနေ ၁၅ ကြိမ်အထိ လေလည်ကြပါတယ် ။ ဒါပေမယ့် အများကြားရောက်နေတာမျိုး ၊ အရေးကြီး အစည်းအဝေးနေရာမျိုး ၊ ကိုယ့်ချစ်သူနဲ့ အတူရှိနေတဲ့ အချိန်မျိုးမှာ လေလည်ချင်လာရင်တော့ အတော်ဒုက္ခရောက်ရပါတယ် ။ ဒါ့ကြောင့် သာမန်လေလည်တာလောက်ကိုတောင် မကြိုက်လို့ပဲဖြစ်ဖြစ် ပုံမှန်ထက် လေလည်တတ်တဲ့သူများအတွက်  လေလည်နှုန်းကို လျော့ကျစေမယ့် နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော် …

(၁) အမျှင်ဓာတ်ကို လျော့ချပါ

အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေက အစာချေစနစ်ကိုကောင်းမွန်စေပြီး ကျန်းမာစေပေမယ့် အလွန်အကျွံစားမိတဲ့အခါမှာ ခန္ဓာကိုယ်က gas တွေကို ပိုမိုထွက်စေပါတယ် ။

(၂) ရေသောက်ပါ

shutterstock By fizkes
Sponsored

ရေများများသောက်ပေးခြင်းက အစာအိမ်အတွင်းမှာရှိတဲ့ အစာတွေနဲ့ ရေဓာတ်ကိုမျှတစေလို့ Gas ထွက်နှုန်းလျော့ကျစေပါတယ် ။

READ
စိတ်ဓာတ်ကျခြင်းဟာ အ၀လွန်ခြင်းကဲ့သို့ နှလုံးရောဂါကိုဖြစ်ပွားစေဟုဆို

(၃) လမ်းများများလျောက်ပါ

ပုံမှန် လမ်းလျောက်ပေးခြင်းက လေပွခြင်းကို ထိန်းချုပ်ပေးပါတယ် ။ ဦးနှောက်ကိုလည်း တည်ငြိမ်စေလို့ အစာအိမ်နဲ့ အူလမ်းကြောင်းက Gas ထွက်နှုန်းကိုပါ လျော့ကျစေပါတယ်

(၄) အစာကို ဖြေးဖြေးဝါးစားပါ

shutterstock By Billion Photos

အစာမြန်မြန်စားခြင်း ၊ အရည်တွေကို ပိုက်နဲ့ စုပ်သောက်ခြင်း ၊ ပီကေ၀ါးခြင်း ၊ သကြားလုံးငုံခြင်းနဲ့ အစာစားနေတုန်း စကားပြောခြင်းက အစာအိမ်မှာ လေပွခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ် ။ ဒါ့ကြောင့် အစာကိုဖြေးဖြေးနဲ့ ကြေညက်အောင်ဝါးစားပါ ။ အစာကြေလွယ်သလို လေပွပြီး gas ထွက်နှုန်းများတာကိုပါ သက်သာစေမှာပါ။

(၅) စိတ်ဖိစီးမှုလျော့ချပါ

shutterstock By CHAjAMP

ခန္ဓာကိုယ်မှာ Gas ထွက်နှုန်းများခြင်းက စိတ်ဖိစီးမှုနဲ့လည်း တိုက်ရိုက်ဆက်နွယ်နေပါတယ် ။ စိတ်ဖိစီးမှုများတာက အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို ရပ်တန့်စေပါတယ် ။ ဒါ့ကြောင့် Gas တွေကိုပိုထွက်စေတာပါ။

READ
သင်ဟာ ဥာဏ်ရည်မြင့်မားလွန်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသိနိုင်မယ့်အချက်များ

(၆) ဆရာဝန်နဲ့ဆွေးနွေးပါ

လေလည်တာက ကျန်းမာရေးအတွက်ကောင်းပေမယ့်  သာမန်လူတွေထက် များနေပြီ ၊ တစ်နေ့ကို အခါ ၂၀ အထက်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့လိုပါတယ် ။ လေလည်နှုန်းများခြင်းက အဆာခြေစနစ် မကောင်းတာနဲ့ အခြားရောဂါတွေနဲ့ ဆက်စပ်နေနိုင်ပါတယ် ။

Kay

 

sponsored