ပါးပြီး ကြည့်ရဆိုးနေတဲ့ ဆံသားတွေကို သဘာဝအတိုင်း ပြန်ထူလာစေမယ့် နည်းလမ်းများ

shutterstock By Yuliya Alekseeva
Sponsored

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ပြောရင်လည်းမမှားပါဘူး ။ မျက်နှာလှပဖို့ ခန္ဓာကိုယ်လှပဖို့ ဂရုစိုက်ကြသလို ဆံပင်တွေ ကျွတ်ပြီး ပါးလာမယ် ၊ ထိပ်တွေကွက်လာနေပြီဆိုရင်တော့ အထူးဂရုစိုက်ပေးဖို့လိုပါတယ်။ ဆံပင်တွေပြန်ပေါက်လာစေဖို့ အထိရောက်ဆုံးဖြစ်တဲ့ နည်းလေးတွေလည်း ရှိပါတယ် ။ ဖော်ပြပါနည်းလေးတွေကိုဂရုတစိုက်နဲ့လုပ်ပေးပါ ၊ ထိပ်ကွက်လာတာတွေပျောက်ပြီး ဆံပင်တွေပြန်ထူလာမှာပါ …

(၁) ဆံပင်အာဟာဓါတ်ဖြည့်စွက်စာများ စားပါ

Sponsored

လွဲမှားနေတဲ့ diet လုပ်ခြင်းကြောင့် အာဟာရဓာတ်မမျှတတာတွေက ဆံပင်တွေကျွတ်လာတာ ၊ ပါးလာတာတွေရဲ့အဓိကအချက်ပါ။ ဆံပင်အတွက်အာဟာရဓါတ်ပြန်လည် ပြည့်ဝစေမယ့် အစားအစာတွေကတော့ … ကင်(မ်)ချီ၊ ဥ အမျိုးမျိုး ၊ ဟင်းနုနွယ်ရွက် ၊ ဆယ်လ်မွန်ငါး ၊ ထောပတ်သီး ၊ အသားများ စတာတွေကို များများစားပေးရင်တော့ ဦးရေပြားနဲ့ ဆံပင်အတွက်အာဟာရဓါတ်တွေ ပြန်ပြည့်လာမှာပါ။

READ
ဆားဝက်ခြံ၊အမည်းစက်နဲ့ဝက်ခြံဖုတွေကို ဖယ်ရှားနည်း

(၂) ဆီနဲ့ နှိပ်နယ်ပေး

shutterstock By Vladimir Gjorgiev

ဦးရေပြားသွေးလှည့်ပတ်မှုကောင်းမှ ဆံပင်သန်စွမ်းပြီး ပြန်ပေါက်လာမှာပါ။ ရှားစောင်းလက်ပတ်ဆီ၊ သံလွင်ဆီစတာတွေနဲ့ ခေါင်းမလျော်ခင် တစ်ရက်အလိုမှာ ဦးရေပြားကိုစွတ်ပြီး နှိပ်နယ်ပေးပါ ။

(၃) ကြက်သွန်နီရည် အသုံးပြုပါ

shutterstock By Indian Food Images

ကြက်သွန်နီရည်က အနံ့အသက်တော့သိပ်အဆင်မပြေပေမယ့် ဆံပင်ပါးပြီး ထိပ်ကွက်လာတာတွေ အတွက်အာဟာရဖြည့်ဖို့တော့ အကောင်းဆုံးပါပဲ။ ဆံသားအရင်းတွေကိုသန်မာစေပြီး ဆံပင်အသစ်တွေပါ ပြန်ပေါက်လာစေပါတယ် ။ ကြက်သွန်နီကို အရည်ညှစ်ပြီးသုံးနိုင်သလို ဓားနဲ့ နုတ်နုတ်ဆင်းပြီး ဦးရေပြားပေါ်ပွတ်ပေးလို့လည်းရပါတယ်။

(၄) လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာ ဆံပင်သန်ဖို့ ပြန်ပေါက်ဖို့အတွက် ဓါတ်တွေပါဝင်နေပါတယ်။ လက်ဖက်စိမ်းရည်ကို ရှားစောင်းလက်ပတ်၊ သံလွင်ဆီတို့နဲ့လည်း  တွဲလိမ်းပေးလို့ရပါတယ် ။ လေ့လာချက်တွေအရ ၈၀ % အထိ ဆံပင်တွေပြန်ပေါက်လာစေတယ်လို့ဆိုပါတယ်။

(၅) ဆံပင်စိုနေချိန်မှာ ခေါင်းမဖြီးပါနဲ့

shutterstock By Vladimir Gjorgiev

ဆံသားစိုနေချိန်မှာ ဆံပင်တွေကျွတ်လွယ်၊ ပြတ်လွယ်ပါတယ် ။ ဒီလိုအချိန်မှာ ခေါင်းဖြီးတာများရင်တော့ ဆံပင်တွေကျွတ်ပြီးပါးလာမှာပါ။ ဆံပင်ကိုခြောက်အောင်ထားပြီးမှ ဘီးအကျဲလေးနဲ့ဖြီးပေးသင့်ပါတယ်။

READ
ဝက်ခြံတွေကို ထိရောက်စွာကုသဖို့အတွက် သံပယိုသီးကိုဘယ်လိုအကျိုးရှိရှိသုံးကြမလဲ

(၆) ဗီတာမင် D လျော့နည်းနေလားစစ်ပါ

shutterstock By Yuliya Alekseeva

ဆံပင်တွေအရမ်းကျွတ်ပြီး ထိပ်ပြောင်လာပြီဆိုရင်တော့ ဗီတာမင် D ဓါတ်ချို့ယွင်းလို့ဖြစ်ပါတယ်။ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ကြည့်သင့်ပါတယ် ။ ဗီတာမင် D ဆေးတွေလည်း ဆရာဝန်ညွှန်ကြားတဲ့ အတိုင်းသောက်သုံးပေးရပါမယ်

Rain

sponsored