Netflix ရဲ့To All The Boys ဇာတ်လမ်းတွေကတော့ မိန်းကလေးပရိသတ်တွေကြားထဲ တော်တော်လေးကို အောင်မြင်နေခဲ့တယ်လို့ ဆိုရမှာပါပဲ။ ၂၀၁၈ ခုနှစ်တုန်းကစပြီး To All the Boys I’ve Loved Before ကို ထုတ်လွှင့်ခဲ့ပြီး ၂၀၂၀ မှာတော့ To All The Boys: P.S. I Still Love You ဆိုတဲ့ ဒုတိယမြောက်ကားကို ပြသခဲ့ပါတယ်။
ဒုတိယမြောက်ကားထွက်ကတည်းကိုက နောက်ထပ်တစ်ကား ထပ်ထွက်ဖို့ ရိုက်ကူးရေးတွေတောင် ပြီးတော့မယ်ဆိုပြီး Netflix ကနေ ကြေငြာခဲ့ပါတယ်။ အခုတော့ ပြောထားတဲ့အတိုင်းပဲ တတိယမြောက်ကားဖြစ်တဲ့ To All The Boys: Always and Forever လေးရဲ့ trailer ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်။ Trailer ထဲ ဘာတွေပါလဲဆိုတာ ကြည့်လိုက်ရအောင်။

အရင်ဆုံး Laura Jean ရဲ့ မိခင်ဟာ ကိုရီယားလူမျိုးဖြစ်ပြီး အစ်မအကြီးဆုံးဟာလည်း ကိုရီးယားမှာ သွားအလုပ်လုပ်နေခဲ့တာကြောင့် ကျန်ခဲ့တဲ့ Laura Jean နဲ့ ညီမအငယ်ဆုံးလေးဟာ ဒီတစ်ခေါက် နွေရာသီပိတ်ရက်မှာ အစ်မရှိတဲ့ဆီ သွားလည်ကြမှာပါ။ အဲဒီမှာပဲ တောင်ကိုရီးယားလူငယ်အသိုင်းအဝိုင်းကြားမှာ ခေတ်စားနေတဲ့ နေရာတွေ၊ အစားအသောက်နဲ့ ကိုရီးယားဓလေ့တစ်ချို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ Laura Jean ရော Peter ရောဟာ အထက်တန်းကျောင်း နောက်ဆုံးနှစ်ကို ရောက်လာကြပြီဖြစ်တဲ့အတွက် တက္ကသိုလ်တက်ဖို့ကိုလည်း စဉ်းစားနေခဲ့ကြပါပြီ။ သူတို့ရဲ့ ထုံးစံအတိုင်း အထက်တန်းကျောင်းတုန်းက သိပ်ချစ်လှတဲ့ စုံတွဲတွေတောင်မှပဲ တက္ကသိုလ်ရောက်လို့ တစ်နယ်စီဖြစ်သွားကြတဲ့အခါ ဝေးသွားတတ်ကြတယ်မဟုတ်လား။ ဒီတော့ Laura Jean ရော Peter ရောဟာ LDRS မဖြစ်ရလေအောင် တက္ကသိုလ်ကိုလည်း အတူတူတက်ဖို့ လျှောက်ခဲ့ကြပါတယ်။
View this post on Instagram


ဒါပေမဲ့ Laura Jean တစ်ယောက် သူငယ်ချင်းဖြစ်သူနဲ့ New York ကို ခရီးတိုလေးထွက်မိခဲ့ပါတယ်။ အဲဒီမှာပဲ New York ဟာ သူမဘဝရဲ့ dream city ဖြစ်နေတယ်ဆိုတာ သိသွားခဲ့ပြီး Peter နဲ့အတူတူတက်ဖို့အစက ရည်ရွယ်ထားခဲ့တဲ့ Stanford အိပ်မက်ဟာ ဝေဝါးလာခဲ့ပါတယ်။ Peter နဲ့ကလည်း အတူတူသွားမယ်လို့ အိပ်မက်မက်ပြီးသား၊ ဒီဖက်မှာလည်း နောက် အနှစ် ၂၀ နေလို့ ဘဝကိုပြန်ကြည့်တဲ့အခါ New York ကို လက်လွှတ်လိုက်ရလို့ နောင်တကလည်း မရချင်နဲ့မလို့ ဝေခွဲမရဖြစ်နေပါတော့တယ်။
View this post on Instagram
သိပ်ချစ်ကြပါတယ်ဆိုတဲ့ Laura Jeans နဲ့ Peter တို့ ဘဝရေးကိုဦးစားပေးမလား၊ နှလုံးသားကိုပဲ ဦးစားပေးမလားဆိုတာကိုတော့ ဒီကားထဲမှာ အဖြေရှာရမှာပါ။ To All The Boys: Always and Forever ကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ Netflix ကနေ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
penny