Balance ဖြစ်တဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေ

shutterstock/   Ivanko80
Sponsored

တစ်ဖက်စောင်းလွန်းတဲ့ အချစ်ရေးတွေဟာ နှစ်ယောက်လုံးအတွက် မပျော်ရွှင်မှုတွေပဲ သယ်ဆောင်လာတတ်ပါတယ်။ ဆက်ဆံရေးတိုင်းမှာ ဘက်မျှတမှုဆိုတာ လိုကိုလိုအပ်တဲ့ အရာတစ်ခုပါ။ ကိုယ်အဆင်ပြေဖို့တစ်ခုတည်း ကြည့်မနေပဲ သူ့ဘက်ကိုယ့်ဘက် မြင်သာအောင် ကြည့်တတ်မှ နေရာတိုင်းမှာ အဆင်ပြေစေမှာပါနော်။ ဒီလိုပဲ အချစ်ရေးမှာလည်း နှစ်ဦးနှစ်ဖက် balance ဖြစ်တဲ့ relationship မျိုးကသာ တကယ့်ကို အဆင်ပြေပျော်ရွှင်ရစေပါတယ်။

ကွဲပြားခြားနားမှုလေးတွေကို လက်ခံပါ

shutterstock/Lifestyle and Wedding ph

တစ်ခါတစ်လေမှာ ကိုယ့်စိတ်ကိုယ်တောင် ကိုယ်နားလည်ဖို့ ခက်ခဲလွန်းတဲ့ လူတွေဟာ တစ်ခြားတစ်ယောက်ရဲ့ အရာရာတိုင်းကို သဘောကျနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အတ္တကြီးစွာနဲ့ နင်ဟာငါ့ချစ်သူပဲ ငါစိတ်နဲ့ ထပ်တူကျနေရမယ်ဆိုရင်တော့ တော်တော်လေးကို မတရားတာပါ။ လူတိုင်းမှာ မတူညီတဲ့ အချက်တွေ၊ အကျင့်စရိုက်တွေဆိုတာ ရှိတတ်ပါတယ်။ သူ့ကိုချစ်ရင်တော့ ဒီလို ကိုယ်နဲ့မတူတဲ့ အချက်လေးတွေ၊ အကျင့်လေးတွေကို လက်ခံနိုင်ရပါမယ်။

READ
Single အဖြစ်အကြာကြီးနေခဲ့တဲ့ကောင်မလေးတွေ ချစ်ပြီဆိုရင် ...

ညှိနှိုင်းမှုလေးတွေ လုပ်ပါ

shutterstock/ Prostock-studio
Sponsored

တစ်စုံတစ်ယောက်က ကိုယ်ရဲ့ ချစ်သူဖြစ်သွားတိုင်း သူ့ကို ကိုယ်ပိုင်သွားတာမဟုတ်ပါဘူး။ လူတွေက အသွေးအသားနဲ့ တည်ဆောက်ထားတာဖြစ်လို့ လူတိုင်းမှာ သူ့ခံစားချက်နဲ့သူဆိုတာ ရှိပါတယ်။ ဒီတော့ ကိုယ်မကြိုက်တဲ့ အချက်တွေကို အတင်းပြင်ပေးရမယ်၊ ဒါတွေမလုပ်ရဘူး စသဖြင့် အတင်းလိုက်ပြုပြင်တာတွေ မလုပ်သင့်ပါဘူး။ ကိုယ်သဘောကျလို့ ရွေးချယ်ခဲ့တဲ့သူပဲ သူ့ရဲ့ဘယ်အချက်ကိုမဆို လက်ခံနိုင်ရမှာပေါ့။ တစ်ခုကတော့ ညှိနှိုင်းမှုလေးတွေလောက်သာ လုပ်သင့်ပါတယ်။ ဥပမာ – ဒါလေးက မကောင်းဘူး၊ ဒီလိုလေး ပြောင်းလဲကြည့်ပါလား ဆိုတာမျိုးပေါ့။ သူမကြိုက်ဘူးဆိုရင်တော့ ကိုယ်လက်ခံလိုက်ဖို့ပဲ ရှိတယ်နော်။

ပွင့်လင်းပါ

shutterstock/ Mintybear

ပွင့်လင်းမှုက ဆက်ဆံရေးတစ်ခုမှာ တကယ့်ကို အရေးပါပါတယ်။ ကိုယ့်ချစ်သူရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်းမေးမယ်၊ ကိုယ့်ထင်မြင်ချက်တွကို ပွင့်ပွင့်လင်းလင်း ပြောဆိုမယ် ဒါက သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုတိုးတက်ကောင်းမွန်စေပါတယ်။ ချစ်သူအချင်းချင်း ဖုံးကွယ်ထားတာတွေ များတာက မကောင်ပါဘူး။ ဒီတော့ နှစ်ယောက်လုံးက ပွင့်လင်းမှုရှိနေရင် ဒီအချစ်ရေး အဆင်ပြေပါတယ်။

READ
သင့်ကိုသူတကယ်ချစ်တာလား? အသုံးချနေတာလား?

နားလည်လက်ခံတတ်ပါစေ

shutterstock/ gpointstudio

သိထားရမှာက သူဟာ ကိုယ့်ချစ်သူဆိုတိုင်း ကိုယ်လိုတဲ့အချိန်တိုင်း အပြေးရောက်လာပေးတတ်တာတွေ၊ ကိုယ့်ရဲ့စိတ်အလိုကိုပဲ အမြဲလိုက်နေရမှာတွေလို့တော့ မထင်ထားလိုက်ပါနဲ့။ လူတိုင်းမှာ သူတို့ကိုယ်ပိုင်အချိန်ဆိုတာ လိုအပ်သလို တစ်ခါတစ်လေ အလုပ်များနေတဲ့ အချိန်တွေဆိုတာလည်း ရှိကောင်းရှိမယ်၊ အရေးကြီးတဲ့ ကိစ္စတွေ ရုတ်တရက် ပေါ်လာတဲ့ အချိန်လည်း ရှိကောင်းရှိမယ်။ ဒါက နားလည်ပေးသင့်တဲ့ အခြေအနေတွေပါ။ ဒီလို နားလည်လက်ခံတတ်တဲ့ အမူအကျင့်လေးက ဆက်ဆံရေးတစ်ခုကို ပိုပျော်ရွှင်ခိုင်မြဲစေပါတယ်။

Khin

sponsored