ထိုင်းနိုင်ငံရဲ့ ၀င်ငွေအကောင်းဆုံး မင်းသမီး(၅)ယောက်

Sponsored

ထိုင်းရုပ်ရှင်ကားတွေ၊ TV ဒရမ်မာကားတွေကလည်း အခုနောက်ပိုင်းမှာ အတော်လေး နာမည်ကြီးလာပါတယ်။ ထိုင်း ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေဟာ ထိုင်းပြည်တွင်းတင်မဟုတ်ပဲ အာရှနိုင်ငံတွေကိုပါ ထိုးဖောက်ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ထိုင်းအနုပညာရှင်တွေကို ချစ်တဲ့ ပရိသတ်တွေအတွက် ၀င်ငွေ အကောင်းဆုံး ထိုင်းမင်းသမီးတွေကို ဖော်ပြပေးချင်ပါတယ်။ ထိုင်းမင်းသမီးတွေဟာ သူတို့ရဲ့ ၀င်ငွေကို TV ဒရမ်မာကားတွေကို ရိုက်ရာကနေ ရတဲ့အပြင် တခြားပွဲတွေတက်ရောက်တာ၊ ကြော်ငြာတွေ ရိုက်ကူးပေးတာတွေကနေ လည်း ၀င်ငွေတွေ အများကြီး ရကြပါတယ်။ ထိုင်းနိုင်ငံရဲ့  ၀င်ငွေအကောင်းဆုံး မင်းသမီးတွေကတော့…………

5. Bella Ranee

Sponsored

Bella Ranee ကတော့ “Buppesunnivas“ဇာတ်ကားမှာ ပါဝင်ပြီးနောက်ပိုင်း အရင်ကထက်ပိုပြီး တဟုန် ထိုးနာမည်ကြီးလာခဲ့ပါတယ်။သူမဟာ ကြော်ငြာတစ်ခု ရိုက်ရင် ထိုင်းဘတ်ငွေ (၈)သန်းနဲ့ (၈) သန်းအထက် ရပြီး  ပွဲတစ်ပွဲ တက်ရောက်ပေးရင်တော့ ဘတ်ငွေ (၁၅၀,၀၀၀) လောက်ရပါတယ်။

READ
အနုပညာသက်တမ်း နှစ်နှစ်တောင် မပြည့်သေးတဲ့ Itaewon Class ထဲက မင်းသားလေး

4. Mai Davika

Mai Davika ကတော့ မကြာခဏ ဆိုသလို ပြည်ပမှာ ကျင်းပတဲ့ ပွဲတွေကို တက်ရောက် ပေးနေရတဲ့ မင်းသမီး တစ်ယောက်ပါ။ ပွဲတစ်ခုအတွက် ထိုင်းဘတ်ငွေ (၂)သိန်း၊ ကြော်ငြာကတော့ ဘတ်(၈)သန်းနဲ့ (၈) သန်း အထက် ရရှိပါတယ်။

3. Yaya Urassaya

Yaya Urassaya ကတော့ လက်တလောမှာ အမေရိကနဲ့ တခြားနိုင်ငံတွေမှာပါ လူသိများတဲ့ မင်းသမီး တစ်ယောက်အဖြစ် အောင်မြင်နေပါတယ်။ international brand တွေနဲ့ လက်တွဲအလုပ်လုပ်ပြီးနောက် အခုလို ပြည်ပမှာ ပါအောင်မြင်လာတာပါ။ပွဲအတွက် ဘတ်ငွေ (၃)သိန်း၊ ကြော်ငြာ အတွက်ကတော့ ဘတ်ငွေ(၉) သန်းနဲ့ (၉)သန်း အထက်ရပါတယ်။

READ
တစ်ကိုယ်တော် "V Live" ချယ်နယ်အကောင့် ဖွင့်လိုက်ပြီဖြစ်တဲ့ Park Bom

2. Chompoo Araya

Chompoo Araya ကတော့ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ ဒရမ်မာ ကားတွေ ရိုက်တာကို ခဏ နားထားပါတယ်။ ပြည်ပ က ပွဲတွေကိုတော့ မကြာခဏ တက်ရောက်တာကိုတွေ့ရပါတယ်။ သူမကတော့ ပွဲတစ်ခုကနေ ၀င်ငွေ ဘတ် (၃) သိန်း၊ ကြော်ငြာ ကနေ ဘတ်ငွေ (၁၀) သန်း လောက် ရပါတယ်။

1. Aum Patchrapa

နံပါတ်တစ်နေရာမှာရှိနေသူကတော့ Aum Patchrapa ပါ။ထိုင်းအနုပညာလောကရဲ့ ၀င်ငွေအကောင်းဆုံး မင်းသမီး ပါ။ ပွဲတစ်ခုအတွက်ဆိုရင် သူမကို ဘတ်ငွေ (၃)သိန်း၊ (၄)သိန်း လောက် ပေးရပါတယ်။ကြော်ငြာ အတွက်ကတော့ ဘတ်ငွေ (၁၅)သန်းလောက် ပေးရပါတယ်။

from thainews

sponsored