တစ်နှစ်ထက်တစ်နှစ် အသစ်အသစ်တွေကြီးပဲ အမြဲထွက်နေတဲ့ ကိုးရီးယားလောကကြီးကတော့ အမြဲ ရင်အေးစရာ မင်းသားချောလေးတွေနဲ့ ပြည့်နေတာပါပဲ။ ရင်အေးစရာ မင်းသားချောလေးတွေ ဘယ်လောက်ပဲထွက်ထွက် ဘယ်အချိန်ကြည့်ကြည့် စိတ်ထဲနုလုံးထဲ စွဲနေတဲ့ မင်းသားချောတွေလဲ အများကြီးရှိပါတယ်။ အများကြီးတွေထဲကမှ ကောက်နှုတ်ပြရမယ်ဆိုရင်တော့ဖြင့်…
Lee Min Ho

Boys Over Flower တစ်ကားနဲ့တင် A List တန်းဝင် မင်းသားဖြစ်သွားတဲ့ Lee Min Ho ကိုတော့ မကြိုက်တဲ့ မရှိသလောက်ပဲ ထင်တယ်နော်။ Boys Over Flower အပြီးမှာတော့ The Heirs, City Hunter ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကို ပိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ စစ်မှုထမ်းအပြီးမှာတော့ The King ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီ ပြန်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။
Lee Byung Hun

Hollywood ရဲ့ နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Terminator Genisys, The Magnificent Seven နဲ့ G.I.Joes ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီး Lee Byung Hun ကတော့ ကိုးရီးယားမှာသာမက Hollywood မှာပါ နာမည်ကြီးတဲ့ မင်းသားတစ်လက်ပါ။ အခုနောက်ပိုင်းတော့ ဇာတ်ကားအသစ်တွေ ထပ်မထွက်သေးပေမယ့် ကိုးရီးယားရဲ့ A List တန်းဝင် နာမည်ကြီး မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။
Kim Soo Hyun

သူ့ကိုတော့ မသိတဲ့သူမရှိလောက်ဘူးနော်။ My Love From The Star ထဲက ဂြိုလ်သားလေးကလဲ ကိုးရီးယားနိုင်ငံရဲ့ အကောင်းဆုံးနဲ့ နာမည်အကြီးဆုံး မင်းသားအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ သူပါဝင်ခဲ့တဲ့ ဒရာမာတွေမှာတောင် သူကိုယ်တိုင်သီဆိုခဲ့တဲ့ သီချင်းတွေပါဝင်ခဲ့ဖူးပါတယ်တဲ့နော်။
Gong Yoo

Train To Busan, Coffee Prince, Goblin အစရှိတဲ့ ရုပ်ရှင်တွေနဲ့ အောင်မြင်ခဲ့တဲ့ Gong Yoo ကလဲ A list တန်းဝင် မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်သူမို့ ပရိသတ်တွေရင်ထဲမှာ ဆွဲငြိကျန်ခဲ့တာလဲ မထူးဆန်းဘူးလေနော်။
Won Bin

ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းတွဲလေးမှာ ထယ်ဆောက်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Won Bin ကတော့ ဇာတ်လမ်းတွေ မရိုက်ရတော့တာတောင် အခုထိ ပရိသတ်အချစ်တော် မင်းသားထဲက တစ်ယောက်ပါပဲ။ Won Bin ရဲ့ အကျော်ကြားဆုံးနဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားကတော့ The Man From Nowhere ပဲဖြစ်ပါတယ်။
TPS