Branded ကြိုက်တဲ့မမတွေ ဝယ်သင့်တဲ့ Tory Burch ရဲ့ ရောဂါကာကွယ်ရေး mask များ

Tory Burch
Sponsored

Tory Burch ဆိုတဲ့ brand ကတော့ ပျိုမေတို့အားလုံးနီးပါးနဲ့ ရင်းနှီးလောက်ပြီးဖြစ်မှာပါ။ အထူးသဖြင့် သူ့ brand မှာ နာမည်ကြီးတဲ့ ပစ္စည်းဖြစ်တဲ့ အိတ်တွေပေါ့။

အမျိုးသမီးများကြားထဲ လက်ကိုင်အိတ်နဲ့ လူကြိုက်များနေခဲ့တဲ့ Tory Burch ကတော့ အခုဆိုရင် ပစ္စည်းအသစ်တစ်ခု ထုတ်လိုက်ခဲ့ပါပြီတဲ့။ အဲဒါကတော့ ရောဂါကာကွယ်ရေး mask တွေပါပဲ။ ကပ်ရောဂါဘေးဖြစ်ပြီးနောက်ပိုင်း surgical mask တွေ၊ ဘတ်တီးရီးယားပိုးမွှားကာကွယ်ရေး mask တွေစတဲ့ ကျန်းမာရေး mask တွေအပြင် အဝတ်အထည်ထုတ်ကုမ္ပဏီတော်တော်များများကလည်း face mask တွေကို အပြိုင်အဆိုင် ထုတ်လာခဲ့ကြပါတယ်။

Tory Burch
Sponsored

ပြီးခဲ့တဲ့ ဇွန်လတုန်းက Tory Burch ရဲ့ ဒီဇိုင်နာဟာ Instagram မှာ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ #WearaDamnMask ဆိုတဲ့ hashtag နဲ့အတူတူ mask ဝတ်ထားတဲ့ပုံတွေကို တင်ပြီးတော့ mask တပ်ဖို့ကို လှုံ့ဆော်မှုပြုခဲ့တာပဲဖြစ်ပါတယ်။ ဒီ လှုပ်ရှားမှုမှာ Jennifer Aniston, Rashida Jones နဲ့ Storm Reid တို့လို ဆယ်လီတွေအများကြီးနဲ့ လူပေါင်း ၇၅,၀၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။

READ
Stylist အစွမ်းကြောင့် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ ဆယ်လီများ

 

 

View this post on Instagram

 

A post shared by Tory Burch (@toryburch) on

နောက်တော့ Tory Burch ကနေပြီး face mask ဒီဇိုင်းသစ်ကို ထုတ်ပြခဲ့ပါတယ်။ အဖြူရောင်ပေါ်မှာ နက်ပြာရောင် ပန်းကနုတ်တွေနဲ့ ဒီဇိုင်းထွင်ထားတာဖြစ်ပြီးတော့ အလွှာနှစ်ခုပါဝင်လျက်ရှိနေပါတယ်။ သူ့ရဲ့ ထူးခြားချက်ကတော့ ပေါ့ပါးမှုဖြစ်ပြီးတော့ ရေဓာတ်ကိုထိန်း ထိန်းပေးထားတဲ့အတွက်ကြေင့် အသားအရေကိုလည်း ထိခိုက်မှု မဖြစ်စေပါဘူးတဲ့။ နောက် နားချိန်တဲ့ ကြိုးဟာလည်း ကျွမ်းကျင်တဲ့ ချုပ်လုပ်သူတွေနဲ့ သေချာလေးချုပ်လုပ်ထားတဲ့အတွက် mask တပ်လိုက်တာနဲ့ ကွက်တိဖြစ်နေစေမှာပါတဲ့။ တခြားဒီဇိုင်းနဲ့ အရောင်တွေလည်း အများကြီးထုတ်ခဲ့ပေမယ့် ထုတ်ထုတ်ပြီးချင်း နာရီပိုင်းအလိုမှာပဲ ကုန်သွားပါပြီတဲ့။ အဲဒီတုန်းကဝယ်ထားတဲ့လူတွေကတော့ တစ်ခုကို ဒေါ်လာ ၃၅ ဒေါ်လာနဲ့ သြဂုတ်လကုန်မှာ ကုမ္ပဏီဖက်က ပို့ပေးသွားမှာပါ။

READ
ဖက်ရှင်ကျချင်တဲ့ ပျိုမေလေးတွေဆီမှာ မဖြစ်မနေရှိရမယ့် ဖိနပ်ပုံစံ (၅) မျိုး

အခုအခါမှာတော့ အရင်ကထက် ပိုပြီးစုံလင်တဲ့ဒီဇိုင်းအသစ်တွေနဲ့ Tory Burch ဟာ ပထမတစ်သုတ်တုန်းကမရလိုက်တဲ့ လူတွေအတွက်ဆိုပြီး ထပ်ထုတ်ပေးနေပါပြီ။ ဒီမှာဆိုရင် mask ၅ ခုတွဲပါတာတွေကို ပါ ၃၅ ဒေါ်လာနဲ့ ရောင်းချပေးနေပါပြီ။ Mask ရဲ့ အဆင်လေးတွေကလည်း တခြား မတူညီတဲ့ ဒီဇိုင်းလေးတွေဖြစ်တာကြောင့် ဆန်းသစ်မှုတွေကိုတော့ အပြတ်ခံစားရမှာပါ။ နောက် Tory Burch လည်းဖြစ်တယ်လေနော်။

Tory Burch
Tory Burch

penny

sponsored