အောင်မြင်ချင်ရင် ဘေးမဲ့ပေးထားပြီး လုံးဝ ဂရုမစိုက်သင့်တဲ့ Toxic People (၆) မျိုး

Freepik- wayhomestudio
Sponsored

ဘဝမှာ တစ်နှစ်ပြီးတစ်နှစ် ပိုနေလာလေလေ တွေ့ဆုံကြုံကြိုက်ရတဲ့ လူအမျိုးအစားတွေက ပိုစုံလေပါပဲ။ ဘဝမှာအောင်မြင်ဖို့ ကြိုးစားနေတဲ့ လမ်းခုလတ်မှာလည်း အောက်မှာ ဖော်ပြထားတဲ့အတိုင်း အဆိပ်အတောက်ကဖြစ်စေနိုင်တဲ့ လူအမျိုးအစား (၆) မျိုးရှိနေပါတယ်။ သူတို့တွေကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။

(၁) ပြီးပြည့်စုံမှုကိုပဲလိုချင်သူ

Sponsored

The perfectionist ပေါ့။ သူနဲ့နှိုင်းပြီး ပြောတတ်တဲ့လူစားမျိုးတွေပါ။ တစ်ခါတစ်ရံ သူတောင် မဖြစ်နိုင်တဲ့အရာတွေကို ကိုယ့်ကို မဖြစ်လာရကေကာင်းလားဆိုပြီး စကားလုံးတွေနဲ့ ထိုးနှက်တတ်တဲ့လူမျိုးတွေပေါ့။ ဒီလိုလူမျိုးတွေနဲ့တွေ့ရင်တော့ စိတ်ညစ်မခံဘဲ သူ့ရဲ့အဝေးဆုံးကို ထွက်သွားလိုက်ပါလို့ အကြံပေးချင်ပါတယ်။

Freepik- asier_relampagoestudio

(၂) ဝေဖန်တိုက်ခိုက်သူ

အမြဲတမ်း ကိုယ့်ရဲ့လပ်ရပ်တိုင်းကို judge လုပ်ပြီး အပြစ်ထိုင်ပြောနေတဲ့လူစားမျိုးပါ။ ကိုယ့်ကို မုန်းလို့လည်းမဟုတ်၊ ချစ်လို့လည်းမဟုတ်ဘဲနဲ့ကို ဝေဖန်တိုက်ခိုင်ချင်နေတာမျိုး။ သူတို့ကိုကျတော့ ပြန်မပြောနားမထောင်တဲ့ ပုံစံမျိုးနဲ့သာ ဆက်ဆံနေလိုက်ပါ။

(၃) အထင်သေးတဲ့သူ

ကိုယ်ရဲ့ခြေလှမ်းတိုင်းကို မျက်လုံးဒေါက်ထောက်ကြည့်နေတတ်ပါတယ်။ ပြီးရင် ခြေလှမ်းတောင် မစရသေးဘူး “မဖြစ်နိုင်ပါဘူး” ဆိုတဲ့စကားမျိုးတွေနဲ့ပဲ ခြေလှမ်းတုန့်စေတဲ့လူတွေပေါ့။ ဒီလိုလူမျိုးတွေနဲ့တွေ့တဲ့အခါ ကိုယ့်ခြေလှမ်းကို အရင်ကထက်ပိုပြီး ရဲရဲကြီး လှမ်းပြလိုက်ပါ။

READ
PhD ဘွဲ့အတွက် နေ့ပိုင်းစာလေ့လာပြီး၊ ညပိုင်းမှာ ဈေးရောင်းနေရတဲ့ အမျိုးသမီး
Freepik- marymarkevich

(၄) ဘာလုပ်လုပ်ကူးချမယ်

Copycat လေးတွေပါ။ စီးပွားရေးလုပ်တဲ့အခါ ပိုပြီး သိသာပါတယ်။ ကိုယ့်ရဲ့ စိတ်ကူးတွေ၊ အကြံစည်တွေ အားလုံးကို ကူးချပြီး ကိုယ့်ကို စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ဒီလိုလူမျိုးတွေကျတော့ ကိုယ့်အနေနဲ့ လွှတ်ထားပေးပြီး သူတို့နဲ့ပတ်သက်လာရင် နောက်ဆို ဂရုထားဆက်ဆံရမှာပါပဲ။

(၅) မလိုမုန်းတီးသူ

လူတိုင်းမှာ ချစ်သူနဲ့ မုန်းသူဆိုပြီး ရှိကြမှာပါ။ ဒါပေမဲ့ အောင်မြင်လာတဲ့အခါ မုန်းတဲ့သူက ပိုများဖို့ ရာခိုင်နှုန်းပိုများနေပါတယ်။ ကိုယ့်အကြောင်း သွားပုတ်လေလွင့်ပြောမယ်၊ နောက်ကျောကို ဓားနဲ့ထိုးမယ်၊ ကျရှုံးမှုတိုင်းကို လက်ခုတ်လက်ဝါးတီးနေမယ်။ ဒီလိုလူမျိုးတွေကိုကျတော့ ကိုယ့်ဖက်က ပိုပြီး မေတ္တာထား ဆက်ဆံသင့်ပါတယ်။

Freepik- katemangostar

(၆) အသုံးချတဲ့လူ

သင့်စိတ်ထဲမှာ မှတ်ထားရမှာက အောင်မြင်ချင်တဲ့လူတစ်ယောက်အတွက် သူများအသုံးချဖို့ အချိန်တွေ ပိုမနေဘူးဆိုတာပါပဲ။ သတိထားနေတဲ့ကြားထဲကမှ ကိုယ်ဟာ အသုံးချခံဖြစ်သွားပြီဆိုရင်တော့ ခွင့်လွှတ်မှုကြီးကြီးနဲ့သာ ခွင့်လွှတ်ပေးလိုက်ပါ။

penny

READ
စီးပွားရေးလောကရဲ့ သြဇာအာဏာအရှိဆုံး အမျိုးသမီး(၁၀) ယောက်

 

sponsored