နေ့စဉ်ဘဝမှာ လုံးဝမပတ်သက်သင့်တဲ့ လူအမျိုးအစား (၅) မျိုး

Freepik- freepik
Sponsored

ဘဝကြီးမှာ တစ်နှစ်ထက်တစ်နှစ်အသက်ကြီးလာတာနဲ့အမျှ တွေ့ဆုံကြုံရတဲ့ လူတွေဟာလည်း အမျိုးစုံကို ရှိမှာပါပဲ။ ဒါပေမဲ့ တချို့လူတွေကတော့ ကိုယ့်ဘဝအတွက် တော်တော်လေးကို အဆိပ်အတောက်ဖြစ်စေတာကြောင့် နေ့စဉ်ဘဝမှာကိုက ရှောင်ရှားသင့်တဲ့လူတွေလည်းရှိလို့နေပါတယ်။ ဒီလိုလူ (၅) မျိုးကတော့..

(၁) လိမ်တဲ့သူ

Sponsored

လိမ်တဲ့လူတွေဟာ သိပ်ကိုတကိုယ်ကောင်းဆန်တဲ့ လူမျိုးတွေပါ။ သူတို့စိတ်သက်သာဖို့အတွက် သူများဖက်ကိုမစဉ်းစားဘဲနဲ့ လွယ်လွယ်နဲ့လိမ်နိုင်တာကိုက သူတို့ရဲ့အကျင့်တစ်ခုလိုဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကို လိမ်တတ်တဲ့လူတွေဟာ ကိုယ့်အတွက် မကောင်းတာမလို့ သူတို့ကိုတော့ ရှောင်ရှားသင့်ပါတယ်။

Freepik- halayalex

(၂) လေးစားမှုမရှိတဲ့လူ

လူတစ်ယောက်နဲ့တစ်ယောက်ဟာ အသက်အရွယ်၊ ရာထူး၊ ကြွယ်ဝချမ်းသာမှု စတာတွေနဲ့ လေးစားမှုဆိုတာ မဆိုင်ပါဘူး။ လူဆိုတာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် mutual respect ဆိုတာ ရှိသင့်ပါတယ်။ အကယ်၍ တစ်စ်စုံတစ်ယောက်က သင့်ကို လေးစားမှုမရှိဘဲ ဆက်ဆံတယ်ဆိုရင်တော့ သင့်ကို တန်ဖိုးမထားလို့ပါပဲ။

(၃) အသုံးချမယ်ဆိုတဲ့လူ

ဘဝမှာ ကိုယ်ကလည်း သူများကိုလိုတဲ့အခါ အကူအညီပေးနိုင်ရမယ်၊ ကိုယ်ကလည်း အကူအညီယူကောင်းယူမိမှာပဲ။ ဒါပေမဲ့လည်း တစ်ဖက်ကချည်း ကိုယ့်ကို အမြဲတမ်း လိုတဲ့အချိန်တိုင်းမှ ဆက်သွယ်ပြီး အသုံးချနေတာမျိုးဆိုရင်တော့ သင့်ဘဝကို အဆိပ်အတောက်ဖြစ်စေမယ့်သူပဲဖြစ်တာကြောင့် မဆက်ဆံသင့်ပါဘူး။

READ
ငြင်းစရာရှိတာကို အားမနာပဲ ငြင်းသင့်တဲ့ အကြောင်းအရင်း (၄) ချက်
Freepik- bilahata

(၄) စိတ်ပျက်စေသူ

အမြဲတမ်းကိုယ့်ရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပြီး ကိုယ့်ကို စိတ်ပျက်စေတယ်ဆိုရင်တော့ သင်ဒီလိုလူနဲ့ ဝေးဝေးကရှောင်တာအကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလိုလူတွေဟာ စိတ်ပျက်စေတာ သူတို့ရဲ့အကျင့်လိုဖြစ်နေတဲ့အတွက်ကြောင့် သင်ဘယ်လောက်ပြင်ပေးပြင်ပေး ဘယ်လိုမှ ပြောင်းလဲလာမှာမဟုတ်ပါဘူး။

(၅) Negative ပဲအမြဲတွေးတဲ့လူမျိုး

ကိုယ်ဘာပြောပြော မကောင်းတဲ့ဖက်ကပဲ အမြဲတမ်းလိုက်ပြောနေပြီး တိုင်ပင်သမျှတွေကို ဘုနဲ့ဘောက်တွေလာပြောပြီး အဖျက်တွေချည်းပဲပြောနေမယ်ဆိုရင်လည်း ကိုယ့်ရဲ့စိတ်ခံစားချက်ကို ထိခိုက်စေနိုင်တာကြောင့် ဝေးဝေးကရှောင်ရှားသင့်ပါတယ်

Freepik- standret

 

penny

sponsored