ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူလို့ ထင်စေနိုင်မယ့် အဆိပ်အတောက် အတွေးဆိုးများ

shutterstock/ Yupa Watchanakit
Sponsored

တစ်ခြားသူတွေရဲ့ အတွေးတွေ အမြင်တွေထက် ကိုယ့်ကိုယ်ကို ထင်မြင်ယူဆချက်တွေက လူတစ်ယောက်ကို ပိုသိမ်ငယ်စိတ်ပျက်စေနိုင်တယ်ဆိုတာ လက်ခံလား။ ဒါဟာ တကယ့်ကို ဆိုးဝါးတဲ့ အရာတစ်ခုဖြစ်ပြီး လူတွေဟာ သူများတွေရဲ့ ဝေဖန်မှုတွေထက် ကိုယ့်ကိုယ်ကို အဆိုးမြင်တတ်တဲ့ ဝေဖန်မှုတွေနဲ့ တိုက်ခိုက်နေတတ် ကြပါတယ်။ ဒီလို အတွေးဆိုးတွေက ကိုယ့်ကိုယ်ကို လုပ်ဆောင်နိုင်စွမ်း မရှိတဲ့ သူတစ်ယောက်ဖြစ်အောင် လုပ်နေမိတဲ့ အရာတွေပါနော်။

အလွန်အကျွံ တွေးတတ်တာ

shutterstock/ wavebreakmedia

အတွေးလွန်တတ်ခြင်းက ကိုယ့်ကိုယ်ကို ထိခိုက်စေတဲ့ အရာတစ်ခုပါ ဒါဟာ အကျင့်ဆိုးတစ်ခုလို့ ဆိုနိုင်ပါတယ်။ လူတစ်ချို့က မဖြစ်လာသေးတဲ့ အရာတွေကို တွေးပူနေတတ်ကြပါတယ် အထူးသဖြင့် ခရီးတော်တော်ဝေးဝေးကို တွေးပူရတာပါ။ ဥပမာ – ငါတစ်ယောက်တည်း ဒါကို ဘယ်လိုလုပ်နိုင်မလဲ ရေရှည်မှာ ငါဘယ်လို ဆက်သွားရမှာလဲ ပြသနာတွေ ဖြစ်လာခဲ့ရင် ငါမဖြေရှင်းနိုင်ဘူး စသဖြင့် တကယ်ဖြစ်လာ၊ မလာတောင် မသေချာတဲ့ အရာတွေအတွက် တွေးပူနေတတ်ကြတာပါ။ ဒါဟာ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို လျော့ကျစေတဲ့ အချက်ပါပဲ။

တိကျတဲ့ သတ်မှတ်ချက်တွေ ထားနေတယ်

shutterstock/ panitanphoto
Sponsored

ဆိုပါတော့ အလုပ်အင်တာဗျူးဖြေထားတာလေး ဒီနေ့မှာ result ထွက်မယ် ဒါကိုပဲ စိတ်ထဲစွဲနေမိပြီး ဘာလို့ ငါ့ကို ဖုန်းမဆက်သေးတာလဲ၊ ငါ့ကို ဖုန်းမဆက်တော့ဘူး၊ ငါဟာ အရှုံးသမားပဲ အလုပ်ကောင်းမရ နိုင်တော့ဘူး စသဖြင့်ပေါ့။ ဒါဟာ တိကျတဲ့ သတ်မှတ်ချက်တွေ ထားနေတာပါပဲ အင်တာဗျူးဖြေတယ် ဖုန်းဆက်လာရမယ် ဒါပေမယ့် ဆက်မလာခဲ့ရင်တော့ ကိုယ့်ကိုယ်ကို အရှုံးသမားလို့ သတ်မှတ်လိုက်တယ်။ တကယ်တော့ အရာရာတိုင်းမှာ အောင်မြင်မှု၊ ရှုံးနိမ့်မှုဆိုတာ ရှိတာဖြစ်လို့ စိတ်ဓာတ်မကျပဲ ကိုယ့်ဘက်က ဆက်လက် ကြိုးစားနေဖို့ လိုတာပါ။ ဒီလိုသာ တွေးနေမယ်ဆိုရင်တော့ သင့်ဆီမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု့ သုညကို ရောက်သွားနိုင်ပါတယ်။

READ
Fan တွေ ရူးခါသွားအောင် စကားလှလှလေးတွေနဲ့ ချုပ်လိုက်တဲ့ ပိုင်တံခွန်

အကောင်းမြင်စိတ်တွေကို ပယ်ဖျက်နေတတ်တယ်

shutterstock/ Photographee.eu

တစ်ချို့လူတွေကျပြန်တော့ အကောင်းမြင်စိတ်တွေကို ကိုယ်တိုင် ပယ်ဖျက်နေတတ်ကြပါတယ်။ တစ်စုံတစ်ယောက်က မင်းလုပ်တာ တော်တယ်လို့ ချီးကျူးတယ်ဆိုပါတော့ ဒါကိုမှ တစ်ခြားလူတွေကတော့ ကျွန်မကို အဲလိုမပြောဘူး ဆိုပြီး ချီးကျူးစကားကို လက်မခံနိုင်တာပါ။ ဒါက ကိုယ့်ကိုယ်ကို သိမ်ငယ်ခြင်းဖြစ်ပြီး လူတိုင်းဆီက ပြီးပြည့်စုံတဲ့ အကြည့်တွေကို သင်ရဖို့ မကြိုးစားပါနဲ့။ လူတိုင်းက သင့်ကို အကောင်းမမြင်နိုင်ပေမယ့် ကိုယ့်ကိုယ် အကောင်းမြင်ပေးတတ်တဲ့ သူတွေရဲ့ စကားကိုတော့ လက်ခံတတ်ရပါမယ်။ မဟုတ်ရင် အမြဲတမ်း သိမ်ငယ်စိတ်ပျက်ခြင်းကို ခံစားနေရမှာပါ။

စိတ်ခံစားချက်တွေကို ထိန်းချုပ်နေတယ်

ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ကိုယ်တိုင် ပိတ်လှောင်ထားတတ်တာမျိုးကိုလည်း လူတွေလုပ်တတ်ကြပါတယ်။ ဒါဟာ နောက်ဆက်တွဲ ပြသနာတွေရဲ့ ဆိုးကျိုးတွေကို သင်ခံစားရတော့မယ်ဆိုတာကို ဖော်ပြနေသလိုပါပဲ။ ဥပမာ – သူများတွေ ပျော်ရွှင်နေပေမယ့် ကိုယ့်ကိုယ်ကို တစ်ယောက်တည်း တိတ်ဆိတ်နေဖို့ ဆုံးဖြတ်လိုက်တာ၊ ခရီးသွားတဲ့အခါ လေယဉ်မစီးရဲဘူးဆိုပြီး ကိုယ့်စိတ်ကိုယ်ကို တင်းကျပ်ပိတ်လှောင်ထားတာမျိုးပေါ့။ တကယ်တော့ ကိုယ့်စိတ်ကိုယ်ကို သက်တောင့်သက်သာနဲ့ အခြေအနေပေါ် လိုက်လျောညီထွေ နေလိုက်ဖို့ပါပဲ။ သင့်ကို ဘယ်သူကမှ ဒါမဖြစ်သင့်ဘူးလို့ တားမနေပါဘူး ပျော်ချင်ရင် ပျော်လိုက်မယ်၊ ငိုချင်ရင် ငိုလိုက်မယ်၊ ကိုယ့်စိတ်ကို သက်တောင့်သက်သာ ဖြစ်အောင်ထားမယ် ဒါဟာ လွတ်လပ်ခွင့်ပါပဲ။

READ
ဆယ်နှစ်တာအတွင်းမှာ အရမ်းကို ပြောင်းလဲသွားကြတဲ့ ကမ္ဘာကျော်အနုပညာရှင်များ

ကိုယ့်ကိုယ်ကို အပြစ်တင်တတ်တယ်

shutterstock/crazystocker

လူတိုင်းက  အမှားနဲ့မကင်းတဲ့ သူတွေဆိုပေမယ့် ကိုယ့်ကိုယ်ကို တစ်ချိန်လုံး မှားနေတယ်လို့ ထင်မှတ်နေတာကတော့ မမှန်ကန်ပါဘူး။ ဘာပဲလုပ်လုပ် တစ်ခုခု ဖြစ်သွားပြီဆိုရင် ဒါ ငါ့ကြောင့်ပဲ အားလုံး ငါ့အမှားပါ စသဖြင့် ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်များလွန်းတာက သိမ်ငယ်ခြင်းပါပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိခြင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုပဲ မှားနေတယ်လို့ ထင်နေတတ်တာပါ။ ဒါက သင့်ရဲ့ သိမ်ငယ်စိတ်ကို တိုးစေပြီး တိုးတက်မှုမရှိအောင် ပိတ်ဆို့ထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

Khin

sponsored