ကိုယ်ပိုင်ဟန်ရှိတဲ့ လူတစ်ယောက် ဖြစ်ဖို့ ဒီလို အကျင့်ကောင်းလေးတွေ မွေးမြူလိုက်ပါ …..

shutterstock/ bedya
Sponsored

ခံယူချက်ကောင်းတွေက ဘဝမှာ ပိုမိုကောင်းမွန်မှုတွေကို ယူဆောင်လာပေးတတ်ပါတယ်။ နောက်ပြီး ကိုယ်ဟာ သူများနဲ့ မတူတဲ့ ထူးခြားတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်၊ ကိုယ်ပိုင်ဟန်ရှိတဲ့သူတစ်ယောက် ဖြစ်ဖို့ဆိုရင်တော့ ကိုယ့်ဆီမှာ ကိုယ်ပိုင်ခံယူချက်လေးတွေ ရှိနေဖို့ လိုအပ်ပါတယ်နော်။ ဒီအချက်လေးတွေက သင့်ကို ထူးခြားတဲ့ သူတစ်ယောက်ဖြစ်လာစေမယ့် မွေးမြူသင့်တဲ့ အကျင့်ကောင်းလေးတွေပါနော်။

ပြဿနာတွေကို ကောင်းကောင်းကိုင်တွယ်နိုင်သူ

Freepik- senivpetro

ကိုယ့်အားကိုယ်ကိုးတတ်တဲ့ သူတစ်ယောက်ဟာ ဘယ်အချိန်ပဲဖြစ်ဖြစ် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ရပ်တည်နိုင်စွမ်း ရှိပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပြသနာတွေကို ကိုယ်တိုင် ဖြေရှင်းနိုင်သူ တစ်ယောက်ဖြစ်လာအောင် ကိုယ့်တိုင် ကြိုးစားသင့်ပါတယ်။ ပြသနာတွေကို ကောင်းကောင်းကိုင်တွယ်နိုင်လာပြီဆိုရင်တော့ သင်ဟာ အများအမြင်မှာ ထူးခြားသူ တစ်ယောက်ဖြစ်လာမှာပါ။

ကြင်နာတတ်ပါစေ

pixabay/pexels
Sponsored

လူတိုင်းက ကြင်နာမှုဆိုတဲ့အရာကို ဆာလောင်နေတတ်ကြသူတွေချည်းပါပဲ။ တစ်ခြားသူကို ကြင်နာတတ်တဲ့ သူဟာ နှလုံးသားလှသူတစ်ယောက်ပါ။ ဒါက သင့်ကို သူများတွေထက် ထူးခြားပေါ်လွင်နေစေမှာ အမှန်ပါ။ ဒီတော့ စိတ်ထားလေးကောင်းအောင် မွေးမြူပါ၊ သူများတွေအပေါ် ကြင်နာတတ်ပါစေ။ ဒါက ဘာနဲ့မှ မလှဲနိုင်တဲ့ ထူးခြားမှုပါပဲ။

READ
ကမ္ဘာပေါ်မှာ အချစ်စစ်ဆိုတာ အမှန်တကယ်ရှိကြောင်း သက်သေပြနေတဲ့ ဓာတ်ပုံများ

‘No’ လို့ပြောသင့်တဲ့အချိန် ပြောပါ

Freepik- diana.grytsku

ကိုယ့်အတွက် အဆင်မပြေတဲ့ ကိစ္စကို အားနာပြီး လက်ခံတတ်တာဟာ သင့်ကို ထိခိုက်စေနိုင်ပါတယ်။ အားနာမှုဆိုတာကို ပေါပေါလောလော မသုံးပါနဲ့ ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့ အရာတွေအတွက် ငြင်းသင့်ရင် ငြင်းပါ။ ကိုယ်မလုပ်ပေးနိုင်တဲ့ အရာကို ငြင်းဆိုတဲ့အခါ အားနာစရာ မလိုပါဘူး။

နားထောင်ကောင်းသူ တစ်ယောက်ဖြစ်ပါစေ

shutterstock/adriaticfoto

သူများတွေရဲ့ စကားကို များများနားထောင်ပေးတတ်တဲ့ အကျင့်က သူများတွေရဲ့ အခက်အခဲတွေကို သိနိုင်သလို ဘယ်လိုကူညီရမယ်ဆိုတာလည်း သိနိုင်ပါတယ်။ နောက်ပြီး လူတွေဟာ သူတို့အကြောင်း နားထောင်ပေးတတ်တဲ့ သူကို ပိုသဘောကျတတ်ကြပြီး ထူးခြားတယ်လို့ မြင်တတ်ကြပါတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတတ်မှ အရာရာကို ယုံကြည်မှုရှိရှိ လုပ်ဆောင်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်မှုမရှိတဲ့သူဟာ တစ်ခြားသူဆီက ယုံကြည်မှုကို ရဖို့လည်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ လုပ်ဆောင်တတ်ဖို့ လိုပါတယ်။ ဒါက သင့်ကို ထူးခြားတဲ့ သူတစ်ယောက် ဖြစ်လာစေမှာပါ။

READ
ဘဝကို အရိုးသားဆုံးနဲ့ အကောင်းဆုံး ဖြတ်သန်းနေတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုမျိုးပါ

Khin

sponsored