ကလေးငယ်တွေနဲ့ခရီးသွားတဲ့အခါ မေမေတွေပြင်ဆင်သွားသင့်တဲ့အချက် (၅) ချက်

shutterstock/Alliance Images
Sponsored

ခရီးထွက်တဲ့အခါ ကိုယ်သွားမယ့်နေရာက ကိုယ့်အိမ်လိုတော့မဟုတ်တာကြောင့် အစစအရာရာပြင်ဆင်သွားရပါတယ်။ တစ်ယောက်တည်းသွားတာတောင် အခက်အခဲတွေ၊ အဆင်မပြေမှုတွေက ကြုံလာတတ်တာကြောင့် ကလေးတွေနဲ့သွားရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် မေမေတွေအနေနဲ့ ကလေးလေးတွေနဲ့ခရီးသွားတဲ့အခါ ဒီအချက်လေးတွေကို သိထားမယ်ဆိုရင် ခရီးစဉ်တလျှောက်အဆင်ပြေနိုင်ပါလိမ့်မယ်။

(၁) တစ်နေ့ချင်းအစီအစဉ်ဆွဲပါ

shutterstock/Tomsickova Tatyana

ခရီးစဉ်စတင်ဖို့ အိမ်ကထွက်တဲ့အချိန်ကတည်းကနေပြီး ခရီးစဉ်ဆုံးလို့ အိမ်ပြန်ရောက်တဲ့အထိကို ထည့်တွက်စဉ်းစားပြီး အစီအစဉ်သေချာဆွဲပါ။ သေချာတာကတော့ ကလေးပါတဲ့အတွက် ပင်ပန်းရမယ့်အစီအစဉ်တွေထက် နားနားနေနေသွားရမယ့်အစီအစဉ်မျိုး၊ အေးအေးဆေးဆေးဖြစ်တဲ့အရာမျိုးတွေကို ပိုပြီး ဦးစားပေးပါ။

(၂) ကလေးလုံခြုံရေးအတွက်ထည့်စဉ်းစားထားပါ

Sponsored

ကလေးနဲ့အတူတူ တခြားနေရာတစ်ခုကိုသွားတဲ့အခါ ကလေးအတွက်လုံခြုံရေး၊ အန္တရာယ်ကင်းရေးကို ရှေ့ဆုံးကထည့်တွက်ရပါမယ်။ ပါလာတဲ့ပစ္စည်းတွေကိုအာရုံရောက်ပြီး ကလေးအပေါ်သတိလွတ်သွားတာမျိုးမဖြစ်ဖို့၊ ကလေးထိမိခိုက်မိစေတဲ့နေရာမှာမထားဖို့၊ မြိုချလို့ရတဲ့ပစ္စည်းတွေကလေးကိုပေးမထားဖို့ စသဖြင့် အားလုံးကို သေချာစီစဉ်ထားဖို့လိုပါတယ်။

(၃) ကလေးအတွက်စားစရာ၊ဆေးဝါးတွေကို တစ်ရက်ချင်းတွက်ချက်ပြီးထည့်ပါ

shutterstock/MNStudio

ကလေးက နေရာအပြောင်းအလဲမှာ အိပ်မပျော်ဖြစ်တတ်လား၊ အစားအသောက်ပုံစံပြောင်းတတ်လား၊ ရုတ်တရက်အအေးမိတာ၊ ဝမ်းပျက်တာ စတာတွေအတွက် ကြိုတင်စဉ်းစားပြီးပြင်ဆင်သွားပါ။ လိုအပ်တဲ့စားစရာ၊ ဆေးဝါးတွေကို သွားမယ့်ရက်နဲ့အလုံအလောက်ထည့်သွားဖို့လိုပါတယ်။

READ
Broken Family နဲ့ကြုံတွေ့ဖူးတဲ့သူတွေသာ သိနိုင်မယ့် ခံစားမှုများ

(၄) ရုတ်တရက်ဖြစ်လာမယ့်အရာတွေအတွက်ကြိုတင်ပြင်ဆင်ထားပါ

ကိုယ့်ကလေးက အိမ်မှာနေရင်အေးအေးဆေးဆေးဆိုပေမယ့် လူတွေကြားထဲရောက်တဲ့အခါ ဂျီကျတာမျိုး၊ ပြောမရတော့တာမျိုး၊ စိတ်တိုင်းမကျရင်အကျယ်ကြီးအော်ငိုတာမျိုး၊ လိုချင်တာကိုပေကပ်ပြီး ပူဆာနေတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

(၅) ကလေးအပေါ်အပြစ်တင်စိတ်မရှိအောင်ပြင်ဆင်ထားပါ

shutterstock/NicoElNino

စိတ်အပန်းဖြေဖို့၊ အနားယူဖို့ခရီးထွက်လာတယ်ဆိုပေမယ့် ကလေးပါလာတဲ့အခါ အပြည့်အဝမနားရဘဲ၊ စိတ်ပင်ပန်းတာတွေကြုံရတတ်ပါတယ်။ သေချာတာကတော့ ကလေးတွေက သူတို့သဘာဝအရ စိတ်ထဲရှိတဲ့အတိုင်းနေမှာပါပဲ။ မိဘတွေက ဒါကိုနားလည်ထားပြီး အဆင်မပြေအောင်လုပ်ရကောင်းလားဆိုပြီး ကလေးတွေအပေါ် အပြစ်တင်စိတ်နဲ့မကြည့်မိဖို့လိုပါတယ်။

RAY

sponsored