မျက်နှာအဆီပြန်လို့ စိတ်ညစ်နေသူတွေ အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးများ

Shutterstock/Yuttana Jaowattana
Sponsored

မျက်နှာကို ကိုင်မိတိုင်း အဆီတွေ လက်မှာ ပေလာတာမျိုးက တကယ့်ကို စိတ်ညစ်စရာ ကောင်းလှပါတယ်။ အဆီစုပ်စက္ကူတွေ ဆောင်ထားလည်း ခဏလည်း သက်သာပြီး အဆီတွေ ထပ်ထွက်လာတာမို့ အဆင်မပြေ ဖြစ်ကြပါတယ်။ ဒီလို အဆီပြန်တဲ့ အသားအရေကို မလိုချင်တော့ရင် ဒီနည်းတွေကို အသုံးပြုပြီး အဆီပြန်တာကို နှုတ်ဆက်လိုက်ပါနော်။

(၁) မျက်နှာ ပုံမှန် သစ်ပါ

Sponsored

မျက်နှာသစ်ဖို့ မေ့နေတာထက် တစ်နေ့ကို ပုံမှန် မနက်တစ်ကြိမ် ညတစ်ကြိမ်အပြင် နောက်ထပ် တစ်ကြိမ် မျက်နှာ သစ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ မျက်နှာသစ်တဲ့အခါ ရေနွေးနွေးရယ်၊ အမွေးနံ့တွေ မပါတဲ့ ဆပ်ပြာမျိုးနဲ့ သစ်သင့်ပါတယ်။ ရေနွေးက အသားခြောက်စေတတ်လို့ အဆီပြန်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် သင့်လျော်ပါတယ်။ ဒါမှမဟုတ်ရင် အဆီပြန်တဲ့ အသားအရေအတွက် သီးသန့်ထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

READ
ဝက်ခြံအမာရွတ်ကင်းစင်တဲ့ မျက်နှာကို ပိုင်ဆိုင်ချင်သူတိုင်း လုပ်သင့်တဲ့ ပေါင်းတင်နည်းများ
torwaiphoto/Freepik

(၂) မျက်နှာသုတ်ပါ

မျက်နှာသစ်ပြီးတဲ့အခါနဲ့ တိုနာ သုံးပြီးတဲ့အခါတိုင်းမှာ တစ်သျှူးလေးနဲ့ ဖြစ်ဖြစ် ခပ်ဖွဖွလေး မျက်နှာခြောက်အောင် ပုတ်ပေးသင့်ပါတယ်။ အသားကို ဆွဲပြီး သုတ်တဲ့အခါ အဆီတွေကို ဖြစ်စေနိုင်ဖို့ လှုံ့ဆော်သလို ဖြစ်တာမို့  ဖွဖွလေး ပုတ်ပြီး သုတ်ရုံပါပဲ။

jirattawut/Freepik

(၃) Toner သုံးပါ

Alcohol ပါတဲ့ Toner တွေက အသားရေ ခြောက်သွေအောင် ပြုလုပ်ပေးနိုင်လို့ အဆီပြန်တဲ့သူတွေအတွက် သင့်လျော်ပါတယ်။ အဆီတွေကို လျော့ချပေးပြီး အသားကို ချောမွေ့နေအောင် ပြုလုပ်ပေးတတ်ပါတယ်။

(၄) Moisturizer သုံးပါ

အဆီပြန်တဲ့သူ အများစုကတော့ အစိုထိန်းခရမ်င် လိမ်းရင် ပိုအဆီပြန်ပြီး စေးကပ်ကပ် ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ မလိမ်းတတ်ကြပါတယ်။ တကယ်တော့ မျက်နှာအသားအရေက အစိုဓာတ်ကို လိုအပ်တာမို့ အဆီမပါဝင်တဲ့ အဆီပြန်တဲ့အသားအရေအတွက် ထုတ်ထားတဲ့ အစိုထိန်းခရမ်င်ကို လိမ်းသင့်ပါတယ်။ လေ့လာမှုအရတော့ လျှားစောင်းလက်ပတ်က အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားအရေအတွက် အသင့်လျော်ဆုံး ဖြစ်ပါတယ်။

READ
ကြက်ဥအကာကိုသုံးပြီး ဒီအသားအရေပြဿနာ (၃) မျိုးကို ထိရောက်စွာ ဖြေရှင်းလိုက်ပါ.....
pressfoto/Freepik

(၅) Mask ကပ်ပေးပါ

အဆီပြန်တဲ့သူတွေအဖို့ တစ်ပတ်ကို နှစ်ခါ သို့ သုံးခါလောက် Mask သုံးပေးသင့်ပါတယ်။ ဒါပေမယ့် အဆီပြန်တဲ့သူတွေ သုံးသင့်တဲ့ Clay Mask အမျိုးအစားတွေကို သုံးရမှာ ဖြစ်ပါယ်။ ဒါမှသာ အဆီပြန်မှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

Photo by Shiny Diamond from Pexels

(၆) အဆီစုပ်စက္ကူ ဆောင်ထားပါ

အဆီပြန်နေတဲ့အချိန်မှာ ကိုယ့်မျက်နှာ ကိုယ်ကြည့်ရင်တောင် စိတ်ညစ်တတ်တာမို့ အဆီစုပ်စက္ကူဆောင်ထားပြီး ဒီအခြေအနေကို ဖြေရှင်းနိုင်ပါတယ်။ သင့်မျက်နှာပေါ်က အဆီတွေကို ပြောင်အောင် စုပ်ယူနိုင်တာမို့ နောက်တစ်ကြိမ် အဆီထပ်ထွက်ဖို့ အချိန်တော်တော်ကြာအောင်ထိ အဆီစုပ်စက္ကူက ပြုလုပ်ပေးနိုင်လို့ ကိုယ်နဲ့ မကွာ ဆောင်ထားနိုင်ရင် အကောင်းဆုံးပါပဲနော်။

Kham

 

sponsored