ခရီးသွားရတာ ကြိုက်သူတွေ တစ်ခေါက်လောက်တော့ သွားကြည့်သင့်တဲ့ ပြည်တွင်းခရီးစဉ်များ

chainfoto24/Freepik
Sponsored

ခရီးသွား ချစ်သူတွေအဖို့ ခရီးသွားရတဲ့အချိန်တွေက တကယ့်ကို ပျော်စရာပါပဲ။ ခရီးသွားရတာရဲ့ အနှစ်အရသာတစ်ခုကတော့ မတူညီတဲ့ ဓလေ့နဲ့ သဘာဝ ပတ်ဝန်းကျင်တွေကို ခံစားရတာပါပဲ။ ဒီလို စိတ်ကျေနပ်စရာကောင်းတာကို ခံစားလို့ ကောင်းတဲ့ ပြည်တွင်းပြည်ပ အနှံ့မှာ ခရီးသွားချင်စရာနေရာတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာမှ ခရီးသွားချစ်သူတိုင်း သွားကြည့်သင့်တဲ့ ပြည်တွင်းခရီးစဉ် အချို့ကို ဖော်ပြလိုက်ရပါတယ်နော်။

(၁) ချင်းတောင်တန်းတွေဆီ

Sponsored

ခရီးသွားရတဲ့အရသာကို အပြည့်အဝ ရဖို့အတွက် ချင်းပြည်က အသွားသင့်ဆုံးနေရာ တစ်ခု ဖြစ်ပါတယ်။ တံခါးပေါက်တွေနည်းပြီး အလုံပိတ်ထားတဲ့ အိမ်တွေ၊ ဝတ်စားတဲ့ပုံတွေအပြင် ထရံနဲ့ အိမ်အကြီးကြီးတွေ ဆောက်ထားတဲ့ လက်ရာတွေကို မြင်ရဦးမှာပဲ ဖြစ်ပါတယ်။ မြေပြန့်ဒေသမှာ အလွယ်တကူ မတွေ့ရတဲ့ ဆာဗူးသီးနဲ့ နွားနောက်သားကိုလည်း မြည်းစမ်းလို့ ရပါသေးတယ်။ ရှုမဆုံးနိုင်တဲ့ တောင်တန်းစိမ်းစိမ်းတွေနဲ့ တိမ်တွေ အပြင် တောင်စောင်းတစ်လျှောက် ဆောက်ထားတဲ့ အိမ်တွေကို အစီအရီ လှလှပပကြီးကို အံသြမဆုံးစွာ ခံစားလို့ ရမယ့် ခရီးစဉ် ဖြစ်လို့ မဖြစ်မနေ သွားသင့်တဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

shutterstock/Sam DCruz

(၂) ပင်လယ်ကမ်းခြေ

ခရီးသွားတွေ လက်မလွှတ်သင့်တဲ့ နောက်နေရာတစ်ခုကတော့ ကမ်းခြေပဲ ဖြစ်ပါတယ်။ ကမ်းခြေရဲ့ အလှအပတွေက ဘယ်တော့မှ ရိုးမသွားစေသလို ခရီးစဉ်တစ်လျှောက်လုံး အမှတ်တရ ဓာတ်ပုံ အမိုက်စားတွေ ရစေတဲ့ခရီးလည်း ဖြစ်ပါတယ်။ လူတိုင်း မကြာခဏ သွားလေ့ ရှိတဲ့ ခရီးစဉ် တစ်ခု ဖြစ်ပါတယ်။

READ
အရင်လိုမျိုး ကမ္ဘာကြီး နေပြန်ကောင်းရင် ဒါတွေ လုပ်ကြမယ်
shutterstock/Adel Newman

(၃) ထားဝယ်၊ မြိတ်၊ ကော့သောင်း

ပင်လယ်တွေနဲ့ မတူတဲ့ ခံစားမှုတွေကို ပေးပြီး ပင်လယ်စာတွေကို အကြိုက်စားလို့ ရတဲ့ နေရာကတော့ တနင်္လာရီတိုင်းတွေရဲ့ အစွန်အဖျားမြို့တွေ ဖြစ်တဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တွေပဲ ဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အစွန်အဖျားလည်း ဖြစ်သလို နိုင်ငံရဲ့ အမြှီးပိုင်းနေရာမှာ ရှိလို့ သိပ်ကို အရသာရှိတဲ့ ခရီးစဉ်ကို ရရှိမှာ ဖြစ်ပါတယ်။ အိမ်တွေ၊ အဆောက်အဦးတွေက မြို့ပြနဲ့ သိပ်မကွာခြားပေမယ့် ဒေသခံတွေရဲ့ စကားသံဝဲဝဲတွေနဲ့ ဒေသိယစကားတွေက သင့်ကို လုံးဝ ခရီးသွားရသ ရစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ပြမှာ စားရလေ့ မရှိတဲ့ ပင်လယ်စာထူးထူးဆန်းဆန်းတွေလည်း ဈေးသက်သက်သာသာနဲ့ စားလို့ ရနိုင်တာကလည်း လုံးဝ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။

shutterstock/anandoart

(၄) မော်လမြိုင်

တောင်ပေါ်နဲ့ မြေပြန့်တွဲထားသလို ခံစားမှု ဖြစ်စေမယ့် မြို့လေးတစ်မြို့ဖြစ်တဲ့ မော်လမြိုင်ကိုလည်း သွားသင့်ပါတယ်။ ကိုလိုနီခေတ်လက်ကျန် အဆောက်အဦးတွေကို လေ့လာနိုင်တဲ့ မြို့လည်း ဖြစ်သလို စာရေးစရာတွေ တခုတ်တရ ထည့်ရေးထားတဲ့ မြို့ဖြစ်လို့ လွမ်းဆွေးလို့လည်း ရသလို မွန်ရိုးရာ ဟင်းတွေကိုလည်း မြည်းစမ်းလို့ ရပါသေးတယ်။

READ
ဘဝအမောပြေစေဖို့ ချစ်စရာကြောင်လေးတွေရဲ့ ရယ်စရာ အပြုအမူလေးများ
shutterstock/Hagen Simon

(၅) အင်းလေး

ရုပ်ရှင်တွေထဲမှာ မကြာခဏ ရိုက်ကူးလေ့ ရှိတဲ့ ဒေသတစ်ခုဖြစ်တဲ့ အင်းလေးကလည်း ခရီးသွားရတာ ကြိုက်သူတိုင်း မဖြစ်မနေ သွားသင့်တဲ့ ဒေသပါပဲ။ ရေထဲမှာပဲ ရှင်သန်နေတဲ့ ရှမ်းလူမျိုးတွေကို တွေ့ရမှာ ဖြစ်ပြီး မြေပြန့်ဒေသနဲ့ လုံးဝမတူတဲ့ ခံစားမှုကို ရစေမှာပဲ ဖြစ်ပါတယ်။

mestyle.studio3/Freepik

(၆) ဂုတ်ထိပ်တံတား

မီးရထားခရီးသွား သိပ်မတွင်ကျယ်တဲ့ နိုင်ငံမှာ မီးရထား လမ်းပန်းဆက်သွယ်ရေး အခြေအနေကို သိနိုင်သလို သဘာဝရဲ့ အလှနဲ့ လူတွေရဲ့ ဖန်တီးမှုကို တွဲပြီး ခံစားလို့ ရစေတာကတော့ ဂုတ်ထိပ်တံတားပဲ ဖြစ်ပါတယ်။ ပြင်ဦးလွင်ကနေ ရထားခ တစ်ထောင်နဲ့ သက်သက်သာသာ ခရီးထွက်လို့ ရပြီး ခရီးစဉ်တစ်လျှောက်မှာ တောထဲကို သွားရသလို စိမ်းစိမ်းစိုစို ခံစားမှုတွေကိုလည်း ရစေပါသေးတယ်။ ရထားနဲ့ ခရီးမထွက်ဖြစ်ရင်တောင်မှ ဂုတ်ထိပ်ကိုတော့ ရောက်အောင် သွားကြည့်သင့်ပါတယ်နော်။

shutterstock/Sam Spicer

Kham

sponsored