ချစ်ဖူးသူတွေသာနားလည်နိုင်မယ့် အချစ်နဲ့ပတ်သက်တဲ့အမှန်တရား (၅) ခု

romeovip md/shutterstock
Sponsored

အချစ်ဆိုတာ လှပတယ်၊ စိတ်ကူးယဉ်ဆန်တယ်၊ ပျော်ရွှင်စေတယ်၊ အထီးကျန်နေတဲ့ဘဝကို ပြီးပြည့်စုံသွားစေတယ်လို့ ပြောကြပါတယ်။ တကယ်တမ်း ချစ်မိတဲ့အခါ အဲ့ဒီအတိုင်းဟုတ်ရဲ့လားဆိုတာကတော့ သံသယဖြစ်စရာပါပဲ။ တကယ်လည်း အချစ်ဆိုတာ ကောင်းမွန်တဲ့အရာဖြစ်ပေမယ့် ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊ ရုပ်ရှင်တွေထဲကလို မပြီးပြည့်စုံနိုင်ဘူး၊ မလှပနိုင်ဘူးဆိုတာ တကယ်ချစ်ဖူးသူတွေသာ သိနိုင်ပါလိမ့်မယ်။

(၁) ကြိုတင်တွက်ဆထားလို့မရဘူး

Image by Mohamed Chermiti from Pixabay

ကိုယ့်ကိုသည်းသည်းလှုပ်ချစ်တဲ့သူမို့ သူကတော့ ကိုယ့်အပေါ်တစ်သက်လုံးမပြောင်းလဲဘဲချစ်မယ့်သူ၊ ကိုယ့်အပေါ်ဘယ်တော့မှ သစ္စာမဖောက်မယ့်သူ၊ ကိုယ့်ကိုထားမသွားမယ့်သူလို့ တစ်ထစ်ချတွက်ဆထားလို့မရပါဘူး။ ကိုယ့်ကိုမျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်ချစ်တဲ့သူကလည်း ပြောင်းလဲသွားနိုင်သလို၊ ကိုယ်ကိုယ်တိုင်ကလည်း သူ့ကိုတစ်သက်လုံးချစ်သွားမယ်လို့ စဉ်းစားထားပေမယ့် ကိုယ်စဉ်းစားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာမို့ပါ။

(၂) ခြောက်ပစ်ကင်းမဖြစ်နိုင်ဘူး

Sponsored

ငါတို့ချစ်သူနှစ်ယောက်ကတော့ တခြားစုံတွဲတွေလိုရန်မဖြစ်ဘူး၊ ပြတ်လိုက်ဆက်လိုက်မလုပ်ဘူး၊ တစ်ယောက်နဲ့တစ်ယောက် နာကျင်စေမယ့်စကားတွေမပြောဘူးလို့ ဘယ်လောက်ပဲတွေးထားပေမယ့် တကယ်တမ်းမှာ အဲ့ဒါတွေကို လုပ်မိကြတာမျိုးပါ။ ရန်ဖြစ်ကြတဲ့အတွဲတွေက ပိုချစ်တယ်လို့တောင် ပြောကြသေးတယ်မဟုတ်လား။

READ
ချစ်သူကို အရမ်းချစ်တတ်တဲ့ကောင်မလေးတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာများ

(၃) ချစ်မိသူတိုင်းလည်း မပေါင်းစည်းနိုင်ဘူး

Freepik-teksomolika

အချစ်စစ်မှန်ရင် နောက်ဆုံးမှာပေါင်းရတယ်လို့လည်း တချို့ကဆိုကြပါတယ်။ ဒါပေမယ့် ဒါကဆိုင်တော့မဆိုင်ပါဘူး။ ချစ်သူတိုင်းက အချစ်ရေးကိုရေရှည်အဆင်ပြေအောင်ထိန်းသိမ်းသွားနိုင်ကြတာမဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကွဲသွားရတာလည်းရှိပါတယ်။ ဒါကြောင့်လည်း ချစ်တိုင်းလည်းမညားဆိုတဲ့စကားလေး ပေါ်လာတာလို့ထင်မိပါတယ်။

(၄) အခက်အခဲတွေကိုကျော်ဖြတ်ရတယ်

အချစ်ကြောင့် ပျော်စရာတွေ၊ စိတ်ချမ်းမြေ့စရာတွေအပြင် စိတ်ညစ်စရာတွေ၊ သဝန်တိုရတာတွေ၊ ဒေါသဖြစ်ရတာတွေလည်း ရှိပါတယ်။ တစ်ယောက်ယောက်ကိုချစ်မိပြီဆိုတာနဲ့ ဒီအရာတွေအားလုံးကို သေချာပေါက် ခံစားရပါတယ်။

(၅) ပေးတိုင်းပြန်မရဘူး

@v.ivash/ freepik

အချစ်မှာကိုယ်ကသည်းသည်းလှုပ်ချစ်နေရင် သူကကိုယ့်ကိုသိပ်ဂရုမစိုက်တာမျိုး၊ သူကအရမ်းဂရုစိုက်နေရင် ကိုယ်က စိတ်တွေကျဉ်းကျပ်လာတာမျိုး အဲ့လိုအပေးအယူမတည့်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကပဲ ချစ်သူစုံတွဲတွေကို ပြဿနာဖြစ်စေတာလို့ ပြောရမှာပါ။ ဒီတော့ အချစ်မှာ ကိုယ်ပေးသလောက်ပြန်ရဖို့ မျှော်လင့်လို့မရပါဘူး။ တကယ်ပါ၊ ပေးတိုင်းပြန်မရတာအချစ်ပါ။

RAY

sponsored