ဝေဘာဂီ က ကျန်းမာရေးဝန်ထမ်းတွေ အတွက် အစားအသောက် လှူခဲ့တဲ့ ထွန်းကိုကို

Sponsored

ထွန်းကိုကို ကတော့ MISTER ၊မော်ဒယ်၊မင်းသား တစ်ယောက်ပါ။ ပရဟိတ လှုပ်ရှားမှု တွေ မှာ မကြာခဏ ဆိုသလိုပါဝင် ပေးနေသူပါ။ နာရေး ကူညီမှု အသင်းနဲ့ လက်တွဲပြီး အသုဘ အတွက် ကူညီပေးတဲ့ အရာတွေ အပြင် သဘာ ၀ ဘေးအန္တရာယ်၊ မီးသတ် တဲ့ အလုပ် တွေမှာပါ သူတက်နိုင်တဲ့ ဘက်က နေ ကူညီပေး နေသူပါ။ COVID-19 အ  ရေး မှာလည်း ထွန်းကိုကိုက သူတက်နိုင်တဲ့ ဘက်က နေ တက်နိုင် သ လောက် ကူညီ အားဖြည့် ပေး ခဲ့ပါတယ်။


COVID-19 ကူးစက်ခံရသူနဲ့ သံသယ လူနာတွေ ကို စောင့်ရှောက် ပေးနေတဲ့ ရန်ကုန်မြို့ ဝေဘာဂီ ဆေးရုံ ကို သွားရောက် လှူဒါန်းခဲ့တာပါ။ ဒီဆေးရုံမှာ တာဝန် ကျ နေတဲ့ ကျန်းမာရေး ၀န်ထမ်း တွေ အတွက် စားစရာ တွေ ကို လှူ ခဲ့တာပါ။ လူ အယောက် (၁၂၀) ပီဇာ၊ကြက်ကြော်၊အ အေးဘူး၊ကွေကာ အုပ်တွေ ကို လှူဒါန်းပေးခဲ့တာပါ။ ဒီ အကြောင်းကိုတော့ ထွန်းကိုကိုရဲ့ FB မှာ အခုလို ဝေမျှ ခဲ့ပါတယ်။

READ
သဘာဝအလျောက် collagen ရစေတဲ့ အစားအသောက်များအကြောင်း
Sponsored

** ရှေ့တန်းမှသူရဲကောင်းများအား
ဂုဏ်ပြုအားပေးခြင်း **

ကမ္ဘာတဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့COVID-19 ကူးစက်ခံရသူတွေ နှင့်သံသယလူနာများ စောင့်ကြည့်လူနာများကို
ပြုစုကုသ စောင့်ရှောက်ပေးနေတဲ့ ဆရာဝန်များသူနာပြုများ နှင့် ကျန်းမာရေးဝန်ထမ်းများ ဟာ
မိမိအသက် သွေး ချွေး ကို ပဓာနမထားပဲ စေတနာအားနဲ့ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပြီး ခုခံကာကွယ်ပေးနေတဲ့သူရဲကောင်းတွေပါကမ္ဘာ့ကပ်ရောဂါကြီးကို ကျရာနေရာက တွန်းလှန်ခုခံနေကြတဲ့ မြန်မာ့ အဖြူ ရောင်သူရဲကောင်းများအတွက်ဝေဘာဂီ ဆေးရုံးကြီး ကိုသွားရောက်ကာ

Image:Fb/Yanpaing Tunko

နေ့လည်စာအဖြစ်Pizza /ကြက်ကြော် နှင့်
အအေးဘူး အယောက် (၁၂၀)စာ နှင့်ကွေကာထုပ်ကြီး (၂၇၀) ဂုဏ်ပြုလှူ ဒါန်းခဲ့ပါတယ်ခင်ဗျာကျွန်တော် လုပ်သမျှ ပရဟိတ တိုင်းမှာ အမြဲလို ပံ့ပိုးကူညီပေးသော#Pizzamaru ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ
#Calsome ကွေကာ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🙏🙏🙏နာရေးကူညီမှုအသင်း ရန်ကုန်မှလည်း လိုအပ်သောစက်ပစ္စည်းများအထောက်ကူပြုပစ္စည်းများ လှူ ဒါန်းခဲ့ပါတယ်ခင်ဗျာ
 …” ဆိုပြီး တင်ပေးထားပါတယ်။

READ
သူမရဲ့ နေအိမ်ကြီးကို ထုတ်ပြလိုက်တဲ့ Yoon Eun Hye  

Source:Fb/Yanpaing Tunko

 

sponsored