Lee Dongwook ရဲ့ ဒရမ်မာ ဇာတ်ကား ပုံရိပ်တစ်ချို့ကို tvN ဝေမျှ

Image:IG/Lee Dongwook
Sponsored

ပရိသတ်တွေရဲ့ ကြားမှာ အရမ်းကို နာမည်ကြီး တဲ့ မင်းသား လူပျိုကြီး Lee Dongwook ရဲ့ ဒရမ်မာ ဇာတ်ကား သစ်ကိုတော့ မကြာခင်မှာ ကြည့်ရတော့မှာပါ။စက်တင်ဘာ (၁၄)မှာတော့ tvN က နေ drama ‘Tale of the Nine-Tailed.’ ဇာတ်ကားထဲမှာ ပါဝင်ထားတဲ့ မင်းသား Lee Dongwook   ရဲ့ ပုံရိပ် တစ်ချို့ကို ဝေမျှ ပေးလိုက်ပါတယ်။ဒီအ ကြောင်းကို တော့ kstarlive မှာ ဖော်ပြထားတာပါ။

Sponsored

ပုံ တွေထထဲမှာတော့ အိမ် နေရင်း ဒီဇိုင်း ပုံစံ နဲ့ ခန့် ညား ကြည့် ကောင်းနေတဲ့ Lee Dongwook   ကို တွေ့  ရ မှာပါ။ဒါ့အပြင် Suit နဲ့ ချော မော နေတဲ့ ပုံ တွေ လည်း ပါပါတယ်။’Tale of the Nine-Tailed’  ဇာတ်ကား က တော့ စိတ်ကူးယဉ် ဇာတ်ကား အမျိုးအစားပါ။ဒီဇာတ်ကားထဲမှာတော့ Lee Dongwook   က အမြီး ကိုးချောင်း မြေ ခွေး Yi Yeon ဆိုတဲ့ ဇာတ်ကောင် နေရာ က နေ ပါဝင်ထားပါတယ်။မြို့မှာ အ ခြေ ချ နေတဲ့ မြေ ခွေး သူ့ကို အ ကြောက် အလန့် မရှိ လိုက်ရှာ ဖို့ ဆုံးဖြတ် လိုက်တဲ့ ထုတ်လုပ်ရေး ဒါရိုက်တာ နဲ့ မြေ ခွေး တို့ ကြားက စိတ်ကူးယဉ် ဇာတ်ကားမျိုးပါ။

Baekdudaegan တောင်တန်းကို ကြီးစိုးတဲ့ မြေ ခွေးက မြို့ မှာ လူသား တစ်ယောက် အဖြစ် နဲ့လာေ နခဲ့ပါတယ်။လက်ရှိ ကမ္ဘာနဲ့ ဒုစရိုက် ကမ္ဘာ နှစ်ခု ကြားမှာ သွားလာ ရှင်သန် နေခဲ့ပါတယ်။ထက်မြက်၊ ချမ်းသာ၊ နှစ်လို ဖွယ် ကောင်းတဲ့ သူ တစ်ယောက် အဖြစ် ရှင်သန် မေ ပေမယ့် အချစ် ကြောင့် ဘာတွေ ဘယ်လို ဆက်ဖြစ် မလဲ ဆိုတာကို ဒီကားထဲမှာ ကြည့်ရမှာပါ။’Flower of Evil.’ ဇာတ်ကား အပြီး လာမယ့် အောက်တိုဘာ ကျရင် ဒီဇာတ်ကားကို ပြသ တော့မှာပါ။

 

READ
အချိန်ခဏလေးအတွင်းမှာပဲ CL တကယ်ကြီး ၀ိတ်ကျသွားပြီလား...?

#AUNTYMAY

sponsored