‘It’s Okay to Not Be Okay’ ဇာတ်ကား ရိုက်ကူးရေး ဒီတစ်ပတ်ထဲမှာ ပြီးမည်

Image:IG/tvN
Sponsored

ပရိသတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ ‘It’s Okay to Not Be Okay’ ဇာတ်ကား က တော့ ဇာတ်သိမ်း မယ့် အချိန်ကို ရောက်လာခဲ့ပါပြီ။ tvN ရဲ့ ကိုယ်စားလှယ်တစ် ယောက် ကတော့ ဇာတ်သိမ်း အတွက် နောက်ဆုံး ဇာတ်ညွှန်း ကို ပြင်ဆင်ပြီးပြီလို့ ဇူလိုင် လ (၂၈) ရက်နေ့က ကြေညာလိုက်ပါတယ်။ ဇာတ်ကားရိုက်ကူး ရေး တွေကို တော့ ဒီတစ်ပတ်ထဲမှာ အပြီးသတ်သွားမှာပါ။ AGB Nielsen ရဲ့ ဖော်ပြ ချက်အရ ဇူလိုင် (၂၆) က လွှင့်ခဲ့တဲ့ အပိုင်း (၁၂) ဟာ ဆိုရင် ပျှမ်းမျှ ကြည့်ရှုနှုန်း  5.2% အထိ စံချိန်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအ ကြောင်းကိုတော့ kstarlive မှာ ဖော်ပြထားတာပါ။

Sponsored

‘It’s Okay to Not Be Okay’ က  တော့ စိတ်ကျန်းမာရေး ဆေးရုံမှာ အလုပ်လုပ်နေတဲ့  အမျိုးသား နဲ့ ပုံပြင်ရေးတဲ့ စာရေးဆရာ မ တို့ရဲ့  ချစ်ဇာတ်လမ်း အ ကြောင်း လေးပါ။ ဘ၀က ပေးတဲ့ နာကျင် စရာ ဒဏ်ရာတွေရှိနေတဲ့ သူတို့ တွေ တစ်ယောက်ရဲ့ စိတ်ခံစားချက်ကို တစ်ယောက်က ဘယ်လို ကုစား ပေးမလဲ ဆိုတာကို ဒီဇာတ်ကားထဲမှာ တွေ့ ရမှာပါ။ ဒီကား ထဲမှာတော့ Kim Soo-hyun နဲ့  Seo Ye-ji တို့က အဓိက ပါဝင်ထားကြပါတယ်။

မင်းသမီး Seo Ye-ji အတွက် တော့ ဒီကားက အောင်မြင်မှု မှတ်တိုင် သစ် စိုက်ထူနိုင်တဲ့ ဇာတ်ကား တစ်ကား ဖြစ် ခဲ့ပါတယ်။ ဒီကား ကြောင့်ပို လူသိများ နာမည်ပို ကြီး လာခဲ့ပါတယ်။ Kim Soo-hyun အတွက် က တော့ စစ်မှု ထမ်း ပြန်လာပြီး နောက် ပထမဆုံး ပြန်ရိုက်တဲ့ ဇာတ်ကားပါ။ ဒီကား က တော့ သူ့ရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ အမြင့်ဆုံး အနုပညာကြေး ရခဲ့တဲ့ ဇာတ်ကားပါ။

#AUNTYMAY

 

sponsored