ကိုယ့်ဘ၀ကြီးကို အဆိပ်အတောက်ဖြစ်စေလို့ အနားမှာလုံးဝမထားသင့်တဲ့ လူ(၆)မျိုး

shutterstock By Krakenimages.com
Sponsored

လူအမျိုးမျိုးစိတ်အထွေထွေဆိုပေမယ့် သင့်ဘေးနားမှာထားရင် သင့်ကို  ဆုတ်ယုတ်မှုပဲဖြစ်စေမယ့် သူမျိုးတွေလည်းရှိပါတယ်။ အဲ့လိုလူတွေကတော့ ချစ်သူလည်းဖြစ်နိုင်သလို  ၊ သူငယ်ချင်း ၊ မိတ်ဆွေတွေထဲကလည်းဖြစ်နိုင်ပါတယ်။  သင့်ဘ၀ကြီးကိုမတိုးတက်စေပဲ ဆုတ်ယုတ်မှုတွေပဲဖြစ်စေမယ့် သူမျိုးတွေကတော့ …

(၁) ဝေဖန်ရေးသမား

shutterstock By elwynn

သူတို့ကတော့ သင်ဘာလုပ်လုပ် ဝေဖန်ပြောဆိုဖို့ ၀န်မလေးတဲ့သူတွေပါ။ သူတို့ဝေဖန်လိုက်လို့ သင်စိတ်ညစ်သွားမလား ၊ ၀မ်းနည်းသွားမလားဆိုတာ ဘယ်တော့မှတွေးမှာမဟုတ်ပဲ သူတို့အမြင်ကိုပဲ အမြဲရှေ့တန်းတင်ပြောဆိုမယ့်သူမျိုးပါ။ အကောင်းဘက်က ဝေဖန်တာထက် အပြစ်တင်ပြောဆိုတတ်တဲ့သူမျိုးတွေပါ။ ဒီလိုလူတွေကို ဘေးမှာကြာကြာထားရင် ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့ပဲ စိတ်မလုံမခြုံဖြစ်လာမှာမို့ မထားသင့်ပါဘူး။

(၂) လိုသုံး

Sponsored

ဒီလိုလူတွေကတော့ သင်လိုအပ်တဲ့အချိန် စကားပြောဖော်လိုတဲ့အချိန်မျိုးကျ သင့်ဘေးမှာရှိနေမှာမဟုတ်ပဲ သူတို့အကူအညီလိုမှ လာပေါင်းတတ်ကြသူမျိုးတွေပါ။  လိုသုံးတွေကို သတိထားပါ။ သူတို့က သူတို့အကျိုးရှိမယ့် အချိန်မှာပဲကိုယ့်ကိုအဖက်လုပ်မှာဖြစ်ပြီး မလိုရင်လှည့်တောင်ကြည့်မှာမဟုတ်လို့ သင်ပဲခံစားရမှာပါ။

READ
Netflix ရဲ့ Enola Holmes ရုပ်ရှင်ထဲက မင်းသားလေး Louis Partridge အကြောင်း

(၃) အဆိုးမြင်သမား

shutterstock By Roman Samborskyi

သူတို့ကတော့ ဘယ်လိုအကြောင်းအရာပဲကိုယ်က ပြောပြော မကောင်းတာကစပြီးပြောကြမယ့်သူတွေပါ။ အဆိုးမြင်ဝါဒီတွေပေါ့။ သူတို့နားရောက်သွားရင် ကိုယ့်မှာရှိတဲ့ အကောင်းမြင်စိတ်လေးတွေ မျှော်လင့်ချက်လေးတွေပါပျောက်ပြီး သင့်ကိုယ်သင် ကျရှုံးသူတစ်ယောက်လို့ပါထင်မြင်လာနိုင်လို့ လုံးဝမပတ်သတ်သင့်ပါဘူး။

(၄) ရှေ့တတစ်မျိုး ကွယ်ရာတစ်မျိုး

shutterstock By Air Images

ဒီလိုလူတွေကတော့ သင့်ရှေ့မှာ ရွှမ်းရွှမ်းဝေအောင် ကောင်းပြကြမှာဖြစ်ပြီး နောက်ကွယ်မှာတော့ သင့်မကောင်းကြောင်းပြောမယ့်သူမျိုးတွေပါ။ ဒီလိုလူတွေကို အနားမှာထားရင် ကိုယ့်လုပ်တဲ့အလုပ်တွေပါ ထိခိုက်လာမှာဖြစ်ပြီး တစ်ခြားလူတွေနဲ့လည်းကုန်းတိုက်နိုင်လို့ လုံးဝမပိတ်သက်ပါနဲ့။

(၅) တစ်ကိုယ်ကောင်းသမား

တစ်ကိုယ်ကောင်းသမားတွေကတော့ သူတို့အကျိုးအတွက်ပဲအမြဲကြည့်မယ့်သူတွေပါ။ သူငယ်ချင်းသံယောဇဉ် ၊ ခင်မင်တဲ့ သံယောဇဉ်တွေကိုလည်း ထောက်မှာမဟုတ်ပဲ သူသာအကျိုးရှိမယ်ဆို သင့်ကိုချောက်တွန်းဖို့လည်းဝန်လေးမှာမဟုတ်လို့ မပေါင်းသင်းသင့်ပါဘူး

(၆) မနာလိုစိတ်များတဲ့သူ

freepik by freepik

သင်ဘာလုပ်လုပ် လိုက်လုပ်နေတတ်တဲ့သူမျိုးတွေကို တွေ့ဖူးမှာပါ။ သူတို့တွေကတော့ မနာလိုစိတ်များတဲ့သူတွေပါ။ သင်လုပ်နေတဲ့အရာ ၊ သင်ပိုင်ဆိုင်တဲ့အရာတွေကို အမြဲလိုချင်နေမှာဖြစ်ပြီး အနားမှာကြာကြာထားရင်လည်း မယုံကြည်ရပဲ စိတ်အနှောက်အယှက်ပဲဖြစ်ရမယ့်သူတွေပါ။

READ
ထိုင်းစစ်မှုထမ်းမဲနှိုက်ပွဲကို ရောက်နေတဲ့ Bambam( GOT7)

Rain

sponsored