ဓမ္မတာသွေးအရောင် ဒါမှမဟုတ် အဖြူဆင်းတဲ့အရောင်ကတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး

Sponsored

အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်က လစဉ်ဓမ္မတာလာတာနဲ့ ဓမ္မတာမလာမီမှာ အဖြူဆင်းတာတွေက ပုံမှန်ဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဓမ္မတာလာတာပဲဖြစ်ဖြစ်၊ အဖြူဆင်းတာပဲဖြစ်ဖြစ် အရောင်အဆင်းကိုကြည့်ပြီး သားအိမ်ကျန်းမာရေးအခြေအနေကို သတိထားနိုင်ပါတယ်၊ ဒီတော့မှ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကြိုကြိုတင်တင် လုပ်နိုင်ထားနိုင်မှာပါ။

(၁) အဖြူရောင်

fabiosa

အဖြူရောင် ဒါမှမဟုတ် ခရင်မ်ရောင် ဆိုရင်တော့ ပုံမှန်ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ ဒါပေမယ့် အနံ့အသက်ပြင်းတယ်ဆိုရင်တော့ ပိုးဝင်တာဖြစ်နိုင်လို့ ဆရာဝန်နဲ့ပြဖို့လိုပါတယ်။ အနံ့အသက် မပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြဖို့မလိုပါဘူး။

(၂) အ၀ါရောင်

fabiosa
Sponsored

အ၀ါရောင်တွေဆင်းရင် များသောအားဖြင့် ယားယံတာ၊ နာကျင်တာတွေဖြစ်နိုင်ပြီး အနံ့အသက်ကတော့ သိပ်မပြင်းတတ်ပါဘူး။ ပမာဏနည်းရင် သိပ်မစိုးရိမ်ရပေမယ့်၊ ပမာဏအရမ်းများပြီး နေ့တိုင်းလိုလိုဆင်းတတ်တယ်ဆိုရင်တော့ သားအိမ်မှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေဖြစ်နိုင်လို့ ဆရာဝန်ပြပြီး စစ်ဆေးဖို့လိုပါတယ်။

(၃) အစိမ်းရောင်

fabiosa

အစိမ်းရောင်ဆင်းတယ်ဆိုတာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်သလို၊ သားအိမ်ရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်တာကြောင့် ဆေးကုသမှုခံယူဖို့ လိုပါတယ်။

READ
သင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေပြီဆိုတာ သိနိုင်မယ့် အချက်(၁၀)ချက်

(၄) ပန်းရောင်

fabiosa

ဓမ္မတာမလာခင်မှာ ပန်းရောင်သွေးဆင်းတာမျိုးဖြစ်တတ်ပြီး ရက်အများကြီးဆင်းတာမျိုးတော့မရှိပါဘူး။ မမျိုးဥကြွေတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး စိုးရိမ်စရာမရှိပါဘူး။

(၅) မီးခိုးရောင်

fabiosa

မီးခိုးရောင်ဆိုရင်တော့ ဘက်တီးရီးယားပိုးဝင်တာဖြစ်ပြီး၊ အခြေအနေတော်တော်ဆိုးတယ်လို့ပြောရမှာပါ။ ဒီလိုဆင်းတာက နေ့စဉ်ရက်ဆက်ဖြစ်နေတတ်ပြီး၊ မအင်္ဂါတ၀ိုက် ယားယံတာ၊ နာကျင်တာနဲ့ အနံ့ဆိုးထွက်တာတွေဖြစ်တတ်ပါတယ်။ ဆရာဝန်နဲ့ပြသရမယ့် အခြေအနေဖြစ်ပါတယ်။

(၆) နီညိုရောင်ရင့်ရင့်

fabiosa

ဓမ္မတာလာစဉ်မှာ ဆင်းတဲ့သွေးက အနီရောင်၊ အနီရင့်ရောင်၊ နီညိုရောင်တွေဖြစ်တတ်ပြီး အဲ့ဒီအရောင်တွေ ဆင်းရင် ပုံမှန်ပါ။ အဲ့ဒီလိုမဟုတ်ဘဲ သွေးက နီညိုရောင်ကိုမှ အနက်ရောင်နီးပါးလောက် ရင့်နေတယ်ဆိုရင်တော့ သားအိမ်အတွင်းမှာ ရောဂါတစ်ခုခုဖြစ်နေနိုင်တာကြောင့် OG နဲ့သေသေချာချာ စစ်ဆေးကုသဖို့လိုပါတယ်။

MAY THAZINHTOO

sponsored