ေယာက္်ားေတြ လက္မထပ္ခ်င္တဲ့ မိန္းမ အမ်ိဳးအစား(၅)မ်ိဳး

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

 

Sponsored

အိမ္ေထာင္တစ္ခုကို တည္ေဆာက္တဲ့အခါမွာ အိမ္ေထာင္ဘက္ႏွစ္ဦးစလုံးဟာ သမစိတၱ၊ သမသီလ၊ သမစာဂ၊ သမပညာ စတဲ့အခ်က္ေတြ တူညီေလ အိမ္ေထာင္ေရးသာယာေလလုိ႔ ေရွးပညာရွိေတြက မိန္႔ဆုိခဲ့ပါတယ္။ ဘယ္သူပဲျဖစ္ျဖစ္ အတၱသိပ္ႀကီးလြန္းတဲ့သူဆုိရင္ လက္မတြဲလုိၾကပါဘူး။ အမ်ိဳးသားေတြကလည္း ေအာက္မွာေဖာ္ျပထားတဲ့ မေကာင္းတဲ့ အရည္အခ်င္းနဲ႔ ျပည့္စုံေနတဲ့ အမ်ိဳးသမီးေတြဆုိရင္ လက္ထပ္ဖုိ႔ ေရွာင္ၾကဥ္ၾကပါတယ္။ Aunty May ရဲ႕ ပရိတ္သတ္ မိိန္းကေလးတို႕အေနနဲ႕လည္း သတိျပဳဆင္ျခင္ႏိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) လႊမ္းမုိးခ်ဳပ္ကုိင္လုိသူႏွင့္၊ သ၀န္တုိလြန္းအားႀကီးသူ

အခ်ိဳ႕မိခင္ေတြက သမီးေတြ အိမ္ေထာင္မက်ခင္ကတည္းက ေယာက္်ားကို ဘယ္လုိ ႏုိင္ကြက္ကိုင္ရမလဲဆုိတာ ႀကိဳသင္ ထားတတ္ပါတယ္။ တစ္ခ်ိဳ႕ကက်ေတာ့ ကိုယ့္ကုိယ္ကုိ သိပ္ထက္ျမတ္တယ္လုိ႔ ယူဆၿပီး၊ ရလာတဲ့ခ်စ္သူကို ၾသဇာေပး တယ္၊ ပညာျပတယ္၊ လုိသလုိပုံသြင္းဖုိ႔ ႀကိဳးစားၾကတယ္၊ အစစအရာရာ ခ်ဳပ္ခ်ယ္ၿပီး၊ ေနာက္ဆုံး သူငယ္ခ်င္းေတြနဲ႔ေတာင္ အဆက္အသြယ္ အလုပ္မခံေတာ့တဲ့အထိ ျဖစ္တတ္ပါတယ္။ ဒီလုိအမ်ိဳးသမီးဆုိရင္ ေယာက္်ားေတြက ထားသြားတတ္ပါတယ္။

(၂) ဘာလုပ္လုပ္ မိဘဆီကုိ အစီရင္ခံေလ့ရွိသူ

တစ္ခ်ိဳ႕အမ်ိဳးသမီးေတြကေတာ့ ငယ္ငယ္ကတည္းက အလြန္ခ်ဳပ္ျခယ္ခံရတဲ့ပတ္၀န္းက်င္မွာ ေနခဲ့ရလုိ႔ မိဘေတြဆုိရင္ တုန္ေနေအာင္ ေၾကာက္တတ္ပါတယ္။ ဒီေတာ့ သမီးရည္းစား ကိစၥမ်ိဳးမွာေတာင္ သူမဟာ ပါမစ္မရဘဲ၊ ဘာမွမလုပ္ရဲပါဘူး။ ေနာက္ဆုံး သူ႕ဘာသူ အမ်ိဳးသားတစ္ေယာက္ကို ဘယ္ေလာက္ပဲ ႏွစ္သက္ ႏွစ္သက္ အေဖအေမခြင့္မျပဳရင္ သြားေပေတာ့လုိ႔ ေျပာရမွာ ၀န္မေလးၾကပါဘူး။ ဒီလုိပုံစံဆုိရင္လည္း အမ်ိဳးသားေတြက သေဘာမက်ၾကပါဘူး။

(၃) စိတ္ထဲကေန ေတးမွတ္ေလ့ရွိတဲ့သူ

အခ်ိဳ႕ကေတာ့ အၿငိႇုဳးအေတး ႀကီးပါတယ္။ တစ္စုံတစ္ေယာက္ရဲ႕ အျပစ္ေတြကို စိတ္ထဲကေန ေတးမွတ္ထားၿပီး၊ အခြင့္သင့္တာနဲ႔ လက္စားေခ်ဖုိ႔ ၀န္မေလးၾကပါဘူး။ တစ္ခါတေလ ရက္စြဲေတြ၊ အခ်ိန္ေတြ နာရီေတြနဲ႔ေတာင္ တိတိက်က် မွတ္ထားတတ္ပါတယ္။ ဒါကို သူတုိ႔ဘာသာသူတုိ႔ ငါက စိတ္ႀကီးတယ္၊ မဟုတ္ရင္ မခံဘူးဆုိၿပီး တစ္လြဲဂုဏ္ယူေနတတ္ပါ တယ္။ ဒီလုိပုံစံနဲ႔ အမ်ိဳးသမီးကို အေၾကာင္းသိသူေတြကေတာ့ လက္ထပ္ဖုိ႔စိတ္ကူးမွာ မဟုတ္ပါဘူး။

(၄) အေပ်ာ္အပါးႀကီးလြန္းသူ

တစ္ခ်ိဳ႕အမ်ိဳးသမီးေတြကေတာ့ အေပ်ာ္အပါး အလြန္မက္ပါတယ္။ အခ်ိန္ျပည့္ ခရီးထြက္လုိေနၿပီး၊ ပါတီဆုိလဲ သြားကဲလုိက္တာပဲ၊ ႐ႈိးပြဲဆုိလဲ ထိပ္ဆုံးက၊ အားရင္ ေစ်း၀ယ္စင္တာသြားဖုိ႔ေလာက္ စိတ္ကူးရွိၾကပါတယ္။ တစ္ခ်ိဳ႕အမ်ိဳးသမီးကေတာ့ ဒီထက္ ပိုဆုိးပါတယ္။ ညဘက္ ညဥ့္နက္သန္းေခါင္မွာ ပါတီေတြတက္၊ မနက္ လင္းပိုင္းမွ မူးမူးကန္းကန္းနဲ႔ အိမ္ျပန္ေရာက္လာ၊ ပတ္၀န္းက်င္မွာေတာင္ မိဘေတြကို ရွက္စရာေတြ ဖန္တီးၾကပါတယ္။ ဒီလုိပုံစံကို မွန္သည္ မွားသည္ဆုိတာထက္ ဓာတ္သိတဲ့အမ်ိဳးသားေတြကေတာ့ လက္ထပ္လုိစိတ္ ရွိမွာ မဟုတ္ပါဘူး။

READ
သင့္ခ်စ္သူ သင့္ကို ရူးရူးမူးမူး ပိုခ်စ္လာေအာင္ ဆြဲေဆာင္နည္းမ်ား

(၅) ႏႈတ္ၾကမ္း/အာၾကမ္း/လွ်ာၾကမ္း

အခ်ိဳ႕မိန္းမေတြကေတာ့ ႐ုပ္ကေလးနဲ႔ မလိုက္ဖက္စြာ၊ ေျပာလုိက္ရင္ တစ္ဖက္သားကို သိကၡာက်ေစ၊ အရွက္ရေစ၊ ျပန္မလွန္ႏုိ္င္ေအာင္ ဖိေျပာတတ္ပါတယ္။ ဒါကို သူတုိ႔က “တုိ႕ကေတာ့ ဘြင္းဘြင္းပဲ စိတ္ထဲမေတြ႕ရင္ ဒဲ့ရွင္းတာ”ဆုိၿပီး ဂုဏ္ယူၾကပါေသးတယ္။ ဒီလိုအမ်ိဳးသမီးမ်ိဳးကို အိမ္ေထာင္ဘက္အျဖစ္နဲ႔ ေနာက္မွ စဥ္းစားပါ။ အရင္ဆုံး ခ်စ္သူဘ၀မွာတင္ အေတာ္ေလး သင္ခန္းစာေတြ ေပးႏုိင္တဲ့ အမ်ဳိးသမီးျဖစ္ပါတယ္။

 


[Unicode version]

အိမ်ထောင်တစ်ခုကို တည်ဆောက်တဲ့အခါမှာ အိမ်ထောင်ဘက်နှစ်ဦးစလုံးဟာ သမစိတ္တ၊ သမသီလ၊ သမစာဂ၊ သမပညာ စတဲ့အချက်တွေ တူညီလေ အိမ်ထောင်ရေးသာယာလေလို့ ရှေးပညာရှိတွေက မိန့်ဆိုခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အတ္တသိပ်ကြီးလွန်းတဲ့သူဆိုရင် လက်မတွဲလိုကြပါဘူး။ အမျိုးသားတွေကလည်း အောက်မှာဖော်ပြထားတဲ့ မကောင်းတဲ့ အရည်အချင်းနဲ့ ပြည့်စုံနေတဲ့ အမျိုးသမီးတွေဆိုရင် လက်ထပ်ဖို့ ရှောင်ကြဉ်ကြပါတယ်။Aunty May ရဲ့ ပရိတ်သတ် မိိန်းကလေးတို့အနေနဲ့လည်း သတိပြုဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(၁) လွှမ်းမိုးချုပ်ကိုင်လိုသူနှင့်၊ သဝန်တိုလွန်းအားကြီးသူ

အချို့မိခင်တွေက သမီးတွေ အိမ်ထောင်မကျခင်ကတည်းက ယောက်ျားကို ဘယ်လို နိုင်ကွက်ကိုင်ရမလဲဆိုတာ ကြိုသင် ထားတတ်ပါတယ်။ တစ်ချို့ကကျတော့ ကိုယ့်ကိုယ်ကို သိပ်ထက်မြတ်တယ်လို့ ယူဆပြီး၊ ရလာတဲ့ချစ်သူကို သြဇာပေး တယ်၊ ပညာပြတယ်၊ လိုသလိုပုံသွင်းဖို့ ကြိုးစားကြတယ်၊ အစစအရာရာ ချုပ်ချယ်ပြီး၊ နောက်ဆုံး သူငယ်ချင်းတွေနဲ့တောင် အဆက်အသွယ် အလုပ်မခံတော့တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒီလိုအမျိုးသမီးဆိုရင် ယောက်ျားတွေက ထားသွားတတ်ပါတယ်။

(၂) ဘာလုပ်လုပ် မိဘဆီကို အစီရင်ခံလေ့ရှိသူ

တစ်ချို့အမျိုးသမီးတွေကတော့ ငယ်ငယ်ကတည်းက အလွန်ချုပ်ခြယ်ခံရတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရလို့ မိဘတွေဆိုရင် တုန်နေအောင် ကြောက်တတ်ပါတယ်။ ဒီတော့ သမီးရည်းစား ကိစ္စမျိုးမှာတောင် သူမဟာ ပါမစ်မရဘဲ၊ ဘာမှမလုပ်ရဲပါဘူး။ နောက်ဆုံး သူ့ဘာသူ အမျိုးသားတစ်ယောက်ကို ဘယ်လောက်ပဲ နှစ်သက် နှစ်သက် အဖေအမေခွင့်မပြုရင် သွားပေတော့လို့ ပြောရမှာ ၀န်မလေးကြပါဘူး။ ဒီလိုပုံစံဆိုရင်လည်း အမျိုးသားတွေက သဘောမကျကြပါဘူး။

READ
ကိုယ့္အေပၚမေကာင္းသူေတြကို ဥာဏ္ရည္ျမင့္တဲ့ အဖိုးတန္ မိန္းကေလးေတြရဲ႕ တုန္႔ျပန္မႈ (၅) ခု
(၃) စိတ်ထဲကနေ တေးမှတ်လေ့ရှိတဲ့သူ

အချို့ကတော့ အငြိှုုးအတေး ကြီးပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အပြစ်တွေကို စိတ်ထဲကနေ တေးမှတ်ထားပြီး၊ အခွင့်သင့်တာနဲ့ လက်စားချေဖို့ ၀န်မလေးကြပါဘူး။ တစ်ခါတလေ ရက်စွဲတွေ၊ အချိန်တွေ နာရီတွေနဲ့တောင် တိတိကျကျ မှတ်ထားတတ်ပါတယ်။ ဒါကို သူတို့ဘာသာသူတို့ ငါက စိတ်ကြီးတယ်၊ မဟုတ်ရင် မခံဘူးဆိုပြီး တစ်လွဲဂုဏ်ယူနေတတ်ပါ တယ်။ ဒီလိုပုံစံနဲ့ အမျိုးသမီးကို အကြောင်းသိသူတွေကတော့ လက်ထပ်ဖို့စိတ်ကူးမှာ မဟုတ်ပါဘူး။

(၄) အပျော်အပါးကြီးလွန်းသူ

တစ်ချို့အမျိုးသမီးတွေကတော့ အပျော်အပါး အလွန်မက်ပါတယ်။ အချိန်ပြည့် ခရီးထွက်လိုနေပြီး၊ ပါတီဆိုလဲ သွားကဲလိုက်တာပဲ၊ ရှိုးပွဲဆိုလဲ ထိပ်ဆုံးက၊ အားရင် စျေးဝယ်စင်တာသွားဖို့လောက် စိတ်ကူးရှိကြပါတယ်။ တစ်ချို့အမျိုးသမီးကတော့ ဒီထက် ပိုဆိုးပါတယ်။ ညဘက် ညဥ့်နက်သန်းခေါင်မှာ ပါတီတွေတက်၊ မနက် လင်းပိုင်းမှ မူးမူးကန်းကန်းနဲ့ အိမ်ပြန်ရောက်လာ၊ ပတ်ဝန်းကျင်မှာတောင် မိဘတွေကို ရှက်စရာတွေ ဖန်တီးကြပါတယ်။ ဒီလိုပုံစံကို မှန်သည် မှားသည်ဆိုတာထက် ဓာတ်သိတဲ့အမျိုးသားတွေကတော့ လက်ထပ်လိုစိတ် ရှိမှာ မဟုတ်ပါဘူး။

(၅) နှုတ်ကြမ်း/အာကြမ်း/လျှာကြမ်း

အချို့မိန်းမတွေကတော့ ရုပ်ကလေးနဲ့ မလိုက်ဖက်စွာ၊ ပြောလိုက်ရင် တစ်ဖက်သားကို သိက္ခာကျစေ၊ အရှက်ရစေ၊ ပြန်မလှန်နို်င်အောင် ဖိပြောတတ်ပါတယ်။ ဒါကို သူတို့က “တို့ကတော့ ဘွင်းဘွင်းပဲ စိတ်ထဲမတွေ့ရင် ဒဲ့ရှင်းတာ”ဆိုပြီး ဂုဏ်ယူကြပါသေးတယ်။ ဒီလိုအမျိုးသမီးမျိုးကို အိမ်ထောင်ဘက်အဖြစ်နဲ့ နောက်မှ စဉ်းစားပါ။ အရင်ဆုံး ချစ်သူဘဝမှာတင် အတော်လေး သင်ခန်းစာတွေ ပေးနိုင်တဲ့ အမျိုးသမီးဖြစ်ပါတယ်။

sponsored