အမျိုးသားတွေရဲ့ စိတ်ဝင်စားမှုကို ခံရတဲ့ မိန်းကလေးပုံစံများ

shutterstock By paulaphoto
Sponsored

အမျိုးသမီးတွေအနေနဲ့ အမျိုးသားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ခံယူရရှိဖို့ ကြိုးစားရာမှာ အိနြေ္ဒသိပ်မပျက်တဲ့ နည်းကို
သုံးချင်တယ်၊ ကိုယ်ကိုယ်တိုင်ကလည်း အရည်အချင်းပြည့်မီတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လိုတယ်ဆိုရင် အောက်ပါ
နည်းလမ်းတွေကို ကြိုးစားကြည့်ဖို့ auntymay က တိုက်တွန်းချင်ပါတယ်။

(၁) အ၀တ်အစားပုံစံ

အ၀တ်အစားပုံစံကို ချိန်းကြည့်ပါ။ နည်းနည်း ကိုယ်နဲ့လိုက်ဖက်မယ့် ဖက်ရှင်ကို စိတ်ကနေ တိတိကျကျ သိအောင် ကြိုး
စားပြီးတော့ပေါ့။ အ၀တ်အစားအသွင်အပြင်ကလည်း အချို့နေရာတွေမှာ စကားပြောပါတယ်။ ပုံတုံးကြီးကို ဖက်တွယ်မ
ထားပါနဲ့။ တစ်ခုတော့ ရှိပါတယ်။ အရွယ်နဲ့လိုက်ဖက်တဲ့ ပြင်ဆင်မှုမျိုးပဲ ဖြစ်သင့်ပါတယ်။

(၂) ကိုယ်သင်းရနံ့

freepik/alehidalgo
Sponsored

ကိုယ်သင်းရနံ့လည်း အရေးကြီးပါတယ်။ ချွေးထွက်ဆိုးသူတွေ တော်တော်များများ အနံ့က သူများထက် ပိုဆိုးတတ်ပါ
တယ်။ အနံ့အသက်ပျောက်ဆေးကို သုံးပါ။ ရေမွေးအကောင်းစား တစ်ခုခုကို စွဲစွဲမြဲမြဲ သုံးပါ။ ချွေးနံ့သိပ်မဆိုးဘူးဆိုရင်
တော့ သင်ဟာ အတော်ကံကောင်းတဲ့သူ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ကိုယ်သင်း
ရနံကသာ အမျိုးသားတွေကို အထိရောက်ဆုံး စွဲဆောင်နိုင်ရာ ဖြစ်ပါတယ်။

READ
သူဟာသင့်နှလုံးသားထဲမှာ နေရာယူနေပြီဆိုတာ ဖော်ပြနေတဲ့ သက်သေ(၆)ချက်

(၃) အသိဉာဏ်ရင့်ကျက်မှု

မိန်းကလေးပဲ ဆိုးစရာရှိတာ ဆိုးမှာပေါ့-ဆိုပြီး ခပ်ကြောင်ကြောင် မတွေးပါနဲ့။ ဘယ်ယောက်ျားကမှ ကိုယ်လက်တွဲမယ့်
အမျိုးသမီးကို ခပ်ဆိုးဆိုးပုံစံမျိုး လုံးဝမလိုချင်ပါဘူး။ ကိုယ့်ကိုယ်ကို ရင်ကျက်တည်ငြိမ်အောင် နေပြပါ။ အမျိုးသားတွေ
ရဲ့ ရိုသေခယမှုကို ရပါလိ့မ်မယ်။

(၄) အပြုံး

freepik/alehidalgo

အပြုံးကလည်း မိန်းကလေးတစ်ယောက်ရဲ့ အဆင်တန်ဆာပါဘဲ။ စကားလုံးတွေ အများကြီး ပြောစရာမလိုပဲ ထိရောက်ပါ
တယ်။ ကိုယ့်ကို အမျိုးသားတစ်ယောက်က အတင်း ချဉ်းကပ်လာတဲ့အခါ ခပ်စိမ်းစိမ်း ပြုံးပြလိုက်ပါ။ အမျိုးသားတစ်ဋ္ဌ
ယောက်ကို စွဲဆောင်လိုတဲ့အခါ ခပ်တင်းတင်းလေး ပြုံးပြလိုက်ပါ။

၅) အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်မှု

အမျိုးသမီးတော်တော်များများ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲပါတယ်။ ဒါကလည်း ပင်ကိုယ်ဗီဇအရ နဂိုကတည်း
ကမှ ထင်ပေါ်ကျော်ကြားလိုစိတ် မရှိခြင်းကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်နယ်ပယ်မှာ ထင်ပေါ်ကျော်ကြားနေ
တဲ့ အမျိုးသမီးတိုင်းကိုလည်း အမျိုးသားတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်လို့ မမြင်စေချင်ပါဘူး။ အမျိုးသားတွေနဲ့ ရင်
ဘောင်တန်းနိုင်ဖို့ဆိုတာ ဘောင်ကျယ်လွန်းပါတယ်။ အသိပညာ၊ အတတ်ပညာ၊ ကိုယ်စွမ်းကိုယ်စ-စတာတွေ အကုန်
ထက်မြတ်နေကာမှာ တော်ကာကျပါတယ်။

READ
ချစ်သူအပေါ် ထာဝရသစ္စာရှိသွားမယ့် မိန်းကလေးတွေရဲ့ အပြုအမူ (၅) မျိုး

(၆) အကြင်နာတရား

အကြင်နာတရားဟာ အမျိုးသမီးတွေရဲ့ ပြယုဂ်ပါ။ ဒါနဲ့ တစ်ပါတည်း မနာလိုဝန်တိုခြင်းနဲ့ သနားကရုဏာမဲ့စွာ လက်စားခြေ
တတ်တာကလည်း အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကနေ ကျော်လွှားနိုင်ဖို့ ပင်ကိုအသိဉာဏ် ရင့်သန်မှု
နဲ့ အမှီအခိုကင်းသော ရဲရင့်စိတ်၊ တစ်ဖက်သားကို ကျိုးကြောင်းဆီလျှော်စွာ စာနာနားလည်နိုင်မှုတွေလည်း လိုပါတယ်။ ဒီ
ကြင်နာခြင်းကိုသာ ကောင်းကောင်းအသုံးချတတ်ရင် အမျိုးသားလက်တွဲဖော် မရှားပါဘူး။

Myo Myo (Autntymay)

Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

sponsored