ခင်ပွန်းသည်တွေ ဇနီးသည်အပေါ်ပြုလုပ်တတ်ကြတဲ့ စိတ်ပျက်ဖွယ်လုပ်ရပ်များ

Sponsored

အိမ်ထောင်ရေးတစ်ခုသာယာဖို့၊ တည်မြဲဖို့ အရမ်းကြီးအားစိုက်ထုတ်စရာမလိုပါဘူး။ နှစ်ဦးနှစ်ဖက်လုံး ဘက်မျှမျှလေးနဲ့ နေထိုင်ပြုမူရင်ကို တော်တော်လေးကို ပြည့်စုံနေပါပြီ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုလေးတွေ၊ သည်းခံမှုလေးတွေ၊ ငဲ့ညှာမှုလေးတွေကတော့ အလိုအပ်ဆုံးအရာတွေပါ။ ဒီအရာတွေမရှိဘဲ တစ်ဖက်ကချည်းပဲ ခြယ်လှယ်၊ အုပ်စိုးချင်လို့မရပါဘူး။ ခုဖော်ပြပေးမှာကတော့ ခင်ပွန်းသည်ဖြစ်သူက ဇနီးအပေါ်လုပ်တတ်ကြတဲ့ အကျည်းတန်ဆုံးလုပ်ရပ်တွေပဲ ဖြစ်ပါတယ်။

(၁) အုပ်စိုးတယ်

ခင်ပွန်းဖြစ်သူတွေသိထားရမှာက သင်တို့ဟာ ဘယ်တော့မှအမြဲမမှန်နိုင်ပါဘူး။ ဇနီးဖြစ်သူကို ချုပ်ချယ်တာတွေ၊ အနိုင်ယူတာတွေ၊ အာဏာပြတာတွေ လုပ်မနေပါနဲ့။ သင့်ဇနီးဟာ သင့်ထက်အရည်အချင်းရှိတဲ့သူ၊ ဝေဖန်ဆုံးဖြတ်နိုင်တဲ့သူ၊ အသိပညာရှိတဲ့သူတစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်သူ့ကို ချုပ်ခြယ်ချင်တိုင်းချုပ်ခြယ်၊ နိုင်ချင်တိုင်းနိုင်ပြီး အမြဲတမ်းအုပ်စိုးချင်နေတယ်ဆိုရင်တော့ သင့်လုပ်ရပ်ကို ချက်ချင်းပြင်လိုက်သင့်ပါတယ်။ မဟုတ်ရင်တော့ သင်ဟာ လူယုတ်မာတစ်ယောက်ဖြစ်နေပါပြီ။

(၂) အရာဝတ္ထုတစ်ခုလိုသဘောထားတယ်

Sponsored

ယုတ်မာတဲ့ ယောက်ျားတွေဟာ ဇနီးဖြစ်သူကို အရာဝတ္ထုပစ္စည်းတစ်ခုလို သဘောထားကြပါတယ်။ လိုအပ်တဲ့အချိန်ကျရင် အသုံးပြုပြီး မလိုတော့တဲ့အချိန်တွေကျရင် ချောင်ထိုးထားချင်တတ်ကြပါတယ်။ ခင်ပွန်းဖြစ်သူတွေ သိထားရမှာက သင့်ဇနီးဟာ အရုပ်တစ်ရုပ်မဟုတ်သလို၊ အရာဝတ္ထုပစ္စည်းတစ်ခုလည်း မဟုတ်ပါဘူး။ ခံစားတတ်တဲ့၊ ဝမ်းနည်းတတ်တဲ့၊ အားငယ်တတ်တဲ့ လူသားတစ်ယောက်ဖြစ်တယ်ဆိုတာ မေ့ထားဖို့မသင့်ပါဘူး။

READ
ညားခါစဇနီးမောင်နှံများ အိမ်ခွဲနေတော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်သည့် အချက် (၅) ချက်

(၃) တစ်နေ့လုံးအချိန်မပေးဘူး

သင့်မှာဇနီးရှိတယ်၊ သင်ဟာ ကံကောင်းတဲ့လူတစ်ယောက်ပါ။ ဒါကြောင့်သူ့ကိုမေ့မထားပါနဲ့။ သူ့ကို ဖုန်းမခေါ်နိုင်လောက်အောင်၊ စာတစ်ကြောင်းလေးမရိုက်နိုင်လောက်အောင်တော့ အလုပ်တွေရှုပ်မနေသင့်ပါဘူး။ သင်ပြန်လာမယ့်အချိန်အထိ မအိပ်ပဲစောင်နေ့ပေးတဲ့သူ့ကိုတွေ့ရင် နွေးနွေးထွေးထွေးလေးဖက်ထားပေးပြီး သူ့ကို မြတ်နိုးကြောင်း ပြောနေပေးပါ။ သင့်ရဲ့အလုပ်တွေ၊ အပေါင်းအသင်းတွေနဲ့ ဂိမ်းတွေလောက်ကိုပဲ ရှေ့တန်းမတင်ထားပါနဲ့။ သင့်ဇနီးနဲ့ အတူတူထိုင်ပြီး စကားတွေပြောနေပေးပါ။ တစ်နေ့လုံးမှာ သင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ ရယ်စရာလေးတွေနဲ့ သင့်ရဲ့ စိတ်ဖိစီးမှုတွေကိုဝေမျှပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်တို့အိမ်ထောင်ရေးဟာ သာယာပျော်ရွှင်ဖွယ်ကောင်းနေမှာပါ။

(၄) ရိုက်နှက်ဆဲဆိုခြင်း

မိန်းမသားတစ်ယောက်အပေါ်ကို လက်ပါတတ်တဲ့ယောက်ျားဟာ အယုတ်မာဆုံးယောက်ျားဖြစ်ပါတယ်။ ခင်ပွန်းသည်များသိထားရမှာက သင့်ဇနီးကို သင်လက်ထပ်ထားတာ ရိုက်နှက်ဖို့မဟုတ်ပါဘူး ချစ်ဖို့ပါ။ ဘယ်လိုအကြောင်းအရာပဲရှိရှိ၊ ဘယ်လောက်ပဲဒေါသထွက်ထွက် မရိုက်သင့်ပါဘူး။ ဒါကြောင့် ဇနီးဖြစ်သူကို ဆဲဆိုတာ၊ ရိုက်နှက်တာတွေ လုံးဝမလုပ်ပါနဲ့။ အဲလိုလုပ်တတ်တဲ့ ယောက်ျားတစ်ယောက်ဆိုရင်တော့ သင်ဟာ ယုတ်မာတဲ့ ယောက်ျားတစ်ယောက်ဆိုတာ ဝန်ခံလိုက်ပါ။

READ
အိမ်ထောင်ရေးသာယာဖို့အတွက် ဇနီးသည်ဖြစ်တဲ့ သင့်မှာလည်း တာဝန်ရှိပါတယ်။

(၅) အိမ်အလုပ်မကူခြင်း

အာရှမှာ ယောက်ျားတော်တော်များများထင်ထားတာက သူတို့ဟာ မိန်းမတွေထက်ပိုမြတ်တယ်ဆိုတာပါပဲ။ ဒါဟာ တော်တော့်ကိုမှားပါတယ်။ လူဟာလူပဲဖြစ်ပါတယ်။ ဘယ်သူကမှပိုပြီးလည်း မမြင့်မြတ်ပါဘူး။ ဇနီးဖြစ်သူက အိမ်အလုပ်တွေကို ခါးကုန်းမတတ်လုပ်နေရင်တောင် ဝင်မကူပဲ အခန့်သားကြီးထိုင်ပြီး သခင်လိုလိုနေတတ်တဲ့ ယောက်ျားဟာ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ ယောက်ျားတွေပါ။ သင်သိထားရမှာက သင့်ဇနီးဟာ ကျွန်တစ်ယောက်မဟုတ်သလို၊ စက်ရုပ်လည်းမဟုတ်ပါဘူး။ ဒါကြောင့်သင်က အားကြီးတဲ့ ယောက်ျားပီပီ အားနေရင် ဝင်ကူညီရမှာ သင့်အလုပ်ပါ။

 Em Em(Auntymay)
Auntymay Team မှ စီစဉ်တင်ဆက်သော www.auntymay. com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်း ပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည် ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
sponsored