Crush က သင့်ကို သူငယ်ချင်းအဆင့်ထက် မပိုဘူးဆိုတာ ဖော်ပြနေတဲ့ လက္ခဏာရပ်များ

jcomp/Freepik
Sponsored

ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်းက ကိုယ် ချစ်ရတဲ့ ချစ်သူလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့်လည်း ပြောင်းလဲလို့ မရနိုင်တဲ့ ဆက်ဆံရေးတွေလည်း ရှိနေပါသေးတယ်။ ကိုယ်ကတော့ ချစ်နေရပေမယ့် ကိုယ့်ကို ဘယ်တော့မှ သူငယ်ချင်းထက် ပိုမတွေးတတ်တဲ့ Crush တွေလည်း ရှိလို့ နေပါသေးတယ်။ တကယ်လို့ သင့် Crush က သင့်ကို သူငယ်ချင်း တစ်ယောက်ထက် ပိုပြီး မတွေးဘူးဆိုရင် ဒီအချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

(၁) သင့်ကို သူငယ်ချင်းလို့ပဲ အမြဲ မိတ်ဆက်တယ်

Sponsored

လူသစ်တွေနဲ့ ဆုံတာမျိုး၊ တစ်ယောက်ယောက်ကို သင့်အကြောင်း မိတ်ဆက်တဲ့အခါမျိုးမှာ သူ့ရဲ့ သူငယ်ချင်းအဖြစ် မိတ်ဆက်ပေးတာက တကယ်ပဲ သင့်ကို သူငယ်ချင်းလို သဘောထားလို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး သူငယ်ချင်း တစ်ယောက်လို အဆက်ဆံခံနေတာဆိုရင် ချစ်သူအဖြစ် မျှော်လင့်လို့ မဖြစ်နိုင်တော့ပါဘူး။

READ
"မျက်နှာဖုံးများ"ဇာတ်ကားရိုက်ကွင်းမှာတွေ့ရတဲ့ ပရိသတ်အချစ်တော် မင်းသမီးလေးဦး
pressfoto/Freepik

(၂) သင်နဲ့ ဘယ်တော့မှ ဒိတ် မလုပ်ဘူး

အပြင်သွားကြရအောင်၊ ဘယ်ကို အလည်သွားရအောင် စသဖြင့် ပြောဆိုတာမျိုးက သင်နဲ့ နှစ်ယောက်တည်း ဒိတ်လုပ်ကြမယ်လို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ သူငယ်ချင်း အချင်းချင်း အဖော်ညှိတဲ့ သဘောမျိုး ဖြစ်ပါတယ်။ သူ့ဘက်က ဒိတ်လုပ်ဖို့ကို စိတ်တောင် မဝင်စားဘူးဆိုရင် သူ့ခံစားချက်တွေကလည်း သူငယ်ချင်းလိုပဲဆိုတာ သေချာပါတယ်။

Freepik.com

(၃) တခြားမိန်းကလေးတွေအကြောင်း ပြောတယ်

ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တခြားမိန်းကလေးတွေကို စိတ်ဝင်စားကြောင်း ပြောနေတာမျိုးက သူငယ်ချင်းလို သဘောထားတာကြောင့် ဖြစ်ပါတယ်။ မိန်းကလေး သူငယ်ချင်း ဖြစ်သူကို မိန်းကလေးတွေအကြောင်း ပြောရင်း သူ စိတ်ဝင်စားတဲ့ မိန်းကလေးအကြောင်းနဲ့ မိန်းကလေး သဘာဝကို သိချင်တာမျိုး ဖြစ်ပါတယ်။

READ
မျက်နာပြောင်းလဲလာပုံ ဗီဒီယိုလေးကို ဖေ့စ်ဘုတ်ပေါ် တင်လိုက်တဲ့ ကျော်ကျော်ဗိုလ်
cookie_studio/Freepik

(၄) ဟာသအဖြစ် ပြောင်းပစ်တယ်

တကယ်လို့ တခြားသူငယ်ချင်းတွေက သင်တို့ နှစ်ယောက်ကို တွဲတော့မလား၊ တွဲလိုက်ကြပါလား၊ လိုက်တယ် စသဖြင့် စနောက်ကြတာမျိုး ရှိလာရင် ငါက သူနဲ့ တွဲရမှာလား ဆိုပြီး ရယ်မောကာ ဟာသတစ်ခု အဖြစ်သို့ ပြောင်းပစ်တတ်ပါတယ်။ သူ့စိတ်ထဲမှာ သူငယ်ချင်းကို ချစ်သူလို တွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို လက်ခံထားတာ ဖြစ်ပါတယ်။

tirachardz/Freepik

(၅) အကြံဉာဏ်တောင်းမယ်

သင့်ကို မိန်းကလေးတွေအကြောင်း လာမေးလာပြီ ပိုးပန်းဖို့အတွက် အကူအညီ လာတောင်းပြီဆိုရင် သင့်ကို သူငယ်ချင်းလိုပဲ မြင်တာ လုံးဝ သေချာနေပါပြီနော်။ ကိုယ့်ရဲ့ သူငယ်ချင်းမို့ ဒီလိုမျိုး အကြံဉာဏ်မျိုးကို သေချာ တောင်းရဲတာ ဖြစ်ပါတယ်။

Kham

sponsored