သံပရိုသီးကို တစ်ပတ် (၂)ကြိမ် အသုံးပြုရုံနဲ့ ဆံသားတွေ ပိုကောင်းလာစေနိုင်တဲ့ နည်းလမ်း(၄)မျိုး

Sponsored

သံပရိုသီးကို အသားအရေနဲ့ ဆံသားပြသနာတွေအတွက် နည်းလမ်းမျိုးစုံအသုံးပြုပေးနိုင်ပါတယ်။ သံပရိုသီးမှာ vitamin C, vitamin B6, vitamin A, vitamin E, folate, copper, calcium, iron, magnesium, potassium, zinc, phosphorus နဲ့ protein တို့ ကြွယ်ဝစွာပါဝင် ပါတယ်။ ဒီအချဉ်ဓာတ်ပါတဲ့ အသီးတွေက အသားအရေ နဲ့ ဆံသားပြဿနာတွေကိုလည်း ဂရုစိုက်ပြီး ဖြေရှင်းပေးနိုင်ပါတယ်။

(၁) သံပရိုရည် နဲ့ အုန်းဆီ
fabhow

ပါဝင်ပစ္စည်းများ – သံပရိုရည် (လက်ဖက်ရည် ဇွန်း ၂ ဇွန်း) ၊ အုန်းဆီ (စားပွဲတင်ဇွန်း ၄ ဇွန်း) ။
– ပါဝင်ပစ္စည်းတွေကိုရောပေးပါ။
– လက်နဲ့ မွှေရတဲ့ blender နဲ့ ရောမွှေပေးပါ။
– မွှေပြီးသွားရင် (၁၀-၁၅)မိနစ်လောက် ဦးရေပြားပေါ် လိမ်းပေးပြီး နှိပ်နယ်ပေးပါ။
– ညလုံးပေါက် ထားပေးပါ။
– မနက်ရောက်ရင် ခေါင်းလျှော်ရည် နဲ့ ခေါင်းလျှော်ပေးပါ။

READ
သင် အမှုမဲ့အမှတ်မဲ့ ပြုလုပ်မိနေတဲ့ ဒီအပြုအမူတွေက သင့် ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်
(၂) သံပရိုရည် နဲ့ ရေ (ဆံပင်အရောင်တောက်ဖို့)
fabhow
Sponsored

ပါဝင်ပစ္စည်းများ – ရေ (ခွက် တစ်ခွက်) ၊ သံပရိုရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) ။
– spray ဗူးထဲကို ပါဝင်ပစ္စည်းတွေ ကိုရောထည့်ပေးပါ။
– ပြီးရင် ဗူးကို လူပ်ပေးပါ။
– ဆံသားမျှင်တွေကို ဖြန်းပေးပါ။
– ပိုကောင်းတဲ့ ရလဒ်ရချင်ရင်တော့ နေရောင်ပြဖို့ (၂-၃)နာရီလုပ်ပေးဖို့လိုပါတယ်။ နေရောင်ထဲမှာ (၃၀-၄၀)မိနစ်လောက်ထိုင်ပေးပါ။
– လိုအပ်သလောက် နေရောင်ကို ချိန်ညှိပေးပါ။ နေရောင်အောာက် အချိန်များများထိုင်မိလေ ဆံပင်အရောင် ပိုတောက်လာလေဖြစ်ပါတယ်။
– ရေနဲ့ ဆေးပေးပြီး ခေါင်းလျှော်ရည် နဲ့ ခေါင်းလျှော်ပေးပါ။

(၃) သံပရိုရည် နဲ့ ကြက်သွန်ဖြူ
fabhow

ပါဝင်ပစ္စည်းများ – သံပရိုရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ကြက်သွန်ဖြူ ကြိတ်ပြီးသား (စားပွဲတင်ဇွန်း ၃ ဇွန်း) ။
– ခွက်ထဲ ကြက်သွန်ဖြူ နဲ့ သံပရိုရည် တွေကို ရောမွှေထည့်ပေးပါ။
– ရလာတဲ့ အနှစ်ကို ဆံပင်ဆေးဆိုးတဲ့ brush နဲ့ဦးရေပြား နဲ့ ဆံပင်အဖျားထိ လိမ်းပေးပါ။
– မိနစ် (၁၅-၂၀) လောက် ထားပေးပြီး ခေါင်းလျှော်ရည် နဲ့ ခေါင်းလျှော်ပေးပါ။
– တစ်ပတ်ကို (၂)ကြိမ် မပျက်ကွက်ဘဲ တစ်လ လုပ်ပေးရင် သိသာတဲ့ ရလဒ်ကို ခံစားရမှာပါ။

READ
ဖိလစ်ပိုင် နံပါတ်တစ်မင်းသမီး Liza Soberano ရဲ့ အလှဆုံးဆံပင် ပုံစံ(၁၀) မျိုး

Hannwe Soe

sponsored