‘Inner Child’ သီချင်းထဲမှာ ပါဝင်ခဲ့တဲ့ မော်ဒယ်ကလေးဆီကို လက်ဆောင်ပို့ပေးခဲ့တဲ့ V

ig/@ssss3063
Sponsored

BTS အဖွဲ့ဝင် V က သူ့ရဲ့ solo သီချင်းလေးထဲမှာ ပါဝင်ပေးခဲ့တဲ့ ကလေးလေးဆီကို လက်ဆောင်လေး ပို့ပေးခဲ့တာပဲ ဖြစ်ပါတယ်။ မော်ဒယ်လေး Lee Dam ရဲ့ မေမေက သူ့သားပုံလေးကို အွန်လိုင်းပေါ် တင်ပေးခဲ့တာပါ။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

 

Sponsored

ဓာတ်ပုံလေးထဲမှာတော့ Lee Dam က ဝက်ဝံရုပ်အကြီးကြီးကို ဖက်ထားရင်း ပြုံးရယ်နေခဲ့တာပါ။ ဒီဓာတ်ပုံလေးနဲ့အတူ Lee Dam ရဲ့ မေမေက ခုလိုရေးသား ထားပါသေးတယ် “ Dam က ဒီလက်ဆောင်လေး ရလို့ အရမ်းကို ပျော်နေခဲ့တာ ဝက်ဝံလေးရဲ့ နာမည်က Tae Tae တဲ့ လက်ဆောင်ပို့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ အဲနောက်မှာတော့ V ကို hashtags လေးနဲ့ ဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

READ
မာနနဲ့ သိက္ခာတရားကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ

 

ဒီလအစောပိုင်းမှာတော့ Lee Dam လေးက V ရဲ့ solo song  ‘Inner Child’ သီချင်းမှာ ပါဝင်ပေးထားတာပဲ ဖြစ်ပါတယ်။ ‘ BTS MAP OF THE SOUL ON:E’ ပွဲလေးမှာ V က ဒီသီချင်းကို ဆိုသွားခဲ့တာပါ။

 

 

View this post on Instagram

 

날씨가넘많이추워졌담ㅠㅠ . . #미니마켓 #이담

A post shared by 키즈모델 이담, 엄마 (@ssss3063) on

BTS ရဲ့ များစွာသော fan တွေက “ ဘယ်လိုတောင် တွေးတတ်တာလဲ အရမ်းကို ချစ်ဖို့ကောင်းပါတယ်” “ ကလေးလေးက အရမ်းချစ်ဖို့ကောင်းပြီး အရမ်းပျော်နေတဲ့ ပုံလေး” “ သူက ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ARMY လေး” စသဖြင့် များစွာသော ကော်မန့်တွေ ရေးသားထားခဲ့ကြပါတယ်။

READ
ဒီအချက်လေးတွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြတာပါ

 

V က တစ်ဖက်သားအပေါ် အရမ်းကို ဂရုစိုက်ချစ်ခင်တတ်တဲ့ စရိုက်မျိုး ရှိတယ်ဆိုပြီးလည်း မကြာခဏ အပြောခံရသူ တစ်ယောက်ပါ။ သူက အဖွဲ့ဝင်တွေအပေါ်လည်း အမြဲတမ်း ဂရုစိုက်ပေးတတ်သလို အရမ်းလည်း ချစ်တတ်ပါတယ်တဲ့နော်။

Khin

sponsored