အသားအရေလေးတွေ စိုပြေနူးအိနေစေဖို့စားသင့်တဲ့ ရေဓာတ်ဖြည့်အစားအစာများ

Freepik-luis_molinero
Sponsored

အခုလိုပူပြင်းလှတဲ့နွေရာသီမှာ ချွေးတွေအရမ်းထွက်ပြီး ခေါင်းမူး ၊ ခေါင်းကိုက်တာတွေ အဖြစ်များကြတယ်နော်။ ရေသောက်ဖို့မေ့တာတို့ ၊ ချွေးအရမ်းထွက်တာတို့ကြောင့် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေဆုံးရူံးနေတက်ပါတယ်။ ရေဓာတ်ပြန်ဖြည့်ဖို့အတွက်  ရေသောက်တာအပြင် အခုပြောပြမယ့် အရာလေးတွေလဲ စားလို့ရတယ်နော်..

Freepik-freepik

သခွားသီး      

Sponsored

သခွားသီးတွေကို စားသုံးခြင်းဖြင့် 95% အထိ ရေဓာတ်ပြန်ပြည့်စေပါတယ်တဲ့။ သခွားသီးတွေက ရေဓာတ်ပြန်ဖြည့်ပေးတဲ့ အပြင် အသားအရေ အတွက်ပါ အထောက်အကူ အများကြီးပေးတယ်နော်။ အရေးအကြောင်းတွေကိုမဖြစ်အောင် ကာကွယ်ပြီး မျက်နှာမှာကပ်ပေးရင်လဲ ကြည်လင်တဲအသားအရေလေး ဖြစ်လာအောက် ဘက်စုံထောက်ပံ့ပေးပါတယ်တဲ့နော်။

ဖရဲသီး

အရည်ရွှမ်းရွှမ်းလေးနဲ့ ဖျော်ရည်လုပ်သောက်သောက် ၊ ဒီတိုင်းပဲစားစား အရသာ အရမ်းရှိတဲ့ ဖရဲသီးကတော့ 91% အထိရေဓာတ်ဖြည့်ပေးပါတယ်။ ဖရဲသီးမှာပါတဲ့ abundant lycopene ဆိုတဲ့ ဓာတ်က ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေကို နေရောင်ဒဏ် ကာကွယ်ပေးပြီး အသားအရေစိုပြေအောင်လဲ အကျိုးပြုတယ်တဲ့နော်။

Freepik-freepik

စတော်ဘယ်ရီသီး

READ
မျက်ကွင်းညိုနေတာကို အချိန်တိုအတွင်းပျောက်ကင်းစေမယ့် သဘာဝနည်းလမ်း (၅) ခု

အနီရောင်အသီးသေးသေးလေးတွေ ဖြစ်တဲ့ စတော်ဘယ်ရီသီးလေးတွေက ချစ်ဖို့လဲကောင်းသလို အရသာလဲအရမ်းရှိပါတယ်နော်။ 91% အထိရေဓာတ်ဖြည့်ပေးပြီး ကိုယ်ခံအားကောင်းစေတဲ့ Fiber ဓာတ်လဲကြွယ်ဝပါတယ်တဲ့။

လိမ္မော်သီး 

ကလေးလူကြီးမရွေးကြိုက်တဲ့ ချိုချဉ်အရသာရှိတဲ့ လိမ္မော်သီးလေးတွေက 80% အထိရေဓာတ်ဖြည့်ပေးပါတယ်။ ချွေးထွက်လို့ကုန်ဆုံးသွားတဲ့ potassium ဓာတ်တွေကို လိမ္မော်သီးစားခြင်းဖြင့် ပြန်လည်ဖြည့်ဆုံးပေးနိုင်ပြီး ကြွက်သားနာကျင်တာတွေကိုလဲ လျှော့ချပေးနိုင်ပါတယ်တဲ့နော်။

Freepik-freepik

ပန်းဂေါ်ဖီစိမ်း

ရေဓာတ် 92% အထိဖြည့်ပေးနိုင်တဲ့ ပန်းဂေါ်ဖီစိမ်းက ဗီတာမင် C ၊ ဗီတာမင် K တို့နဲလဲပြည့်ဝပါတယ်နော်။ ကင်ဆာဖြစ်နိုင်စွမ်းလဲ လျှော့ချပေးပါတယ်တဲ့။

TPS

 

sponsored