မိခင်နဲ့မိခင်လောင်းတွေ စားပေးသင့်တဲ့ အစားအစာများနဲ့ သူတို့ရဲ့ကောင်းကျိုးများ

Image: shutterstock(by By xmee)
Sponsored

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အတွက်ကတော့ အာဟာရပြည့်အောင် စားဖို့အရမ်းကိုအရေးကြီးပါတယ်။ မိခင်ဖြစ်သူက အာဟာရပြည့်အောင်စားမှ ကျန်းမာပြီးဥာဏ်ရည်ထက်မြက်တဲ့ သားသမီးကို ပိုင်ဆိုင်နိုင်မှာပါ။ အစာအာဟာရ ဆိုင်ရာ ပညာရှင်တစ်ယောက်ပြောတဲ့ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးမိခင်တွေ စားပေးသင့်တဲ့ အစားအစာတွေ ကတော့..

Calcium (ကယ်လ်စီယမ်)

Image:Pixabay(by Bgmfotografia )

ကယ်လ်စီယမ်ကတော့ အရိုးတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ ကယ်လ်စီယမ်ဓာတ်ပါတဲ့ အစားအစာတွေကို များများ စားပေးပါ။ ကယ်လ်စီယမ်ဓါတ်ပါတဲ့ အစားအစာတွေကတော့ နို့၊ ချိစ်၊ ဒိန်ချဉ်၊ ပဲနို့တို့ပါ။ မိခင်နဲ့မိခင်လောင်းတွေက ဒါတွေကိုစားပေးမှ ကိုယ့်ကလေးရဲ့ သွားနဲ့အရိုးကျန်းမာသန်စွမ်းမှာပါ။ ဒါ့အပြင် ကလေးရဲ့ နှလုံး၊အာရုံကြောနဲ့ ကြွက်သား ကျန်းမာရေးအတွက်ပါ အများကြီး အထောက်အကူဖြစ်စေမှာပါ။

Folic Acid (ဖောလစ်အက်ဆစ်)

Image”Pixabay(by RitaE )
Sponsored

ဖောလစ်အက်ဆစ်ပါတဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။ အစိမ်းရင့်ရောင်ပါတဲ့ ဟင်းသီးဟင်းရွက်၊ သစ် သီးတွေနဲ့ ဖျော်ရည်တွေကို စားသုံးပေးရမှာပါ။ ကလေးမှာမွေးရာပါ ဦးနှောက်နဲ့ ကျောရိုးချို့ယွင်းမှုဖြစ်ပွားနိုင်ချေကို လျော့ ချပေးနိုင်ပါတယ်။

READ
သမီးမိန်းကလေး မွေးထားရတဲ့ အမေတစ်ယောက်ရဲ့ ဒီလိုမျိုး ပူပန်မှုတွေ ရှိနေပါတယ် ..

Iron (သံဓါတ်)

Image:Pixabay(by felix_w )

Iron ဓါတ်ပါတဲ့ အစားအစာတွေကိုလည်း စားပေးသင့်ပါတယ်။ ဥပမာ- အနီရောင်ရှိတဲ့အသား၊ အသည်းနဲ့ နှံစားပင်တွေ ကို စားပေးရမှာပါ။ သံဓါတ်ကတော့ အနီရောင်သွေးဆဲလ်တွေကို ဖြစ်ပွားလာဖို့ အထောက်အကူဖြစ်စေပါတယ်။ သွေးအားနည်းရောဂါ၊ ကိုယ်ဝန်လာမပြည့်ပဲ မွေးတာ၊ ကလေးပေါင်မပြည့်တာတွေကို မဖြစ်အောင် သံဓါတ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။

Protein(ပရိုတင်း)

Image:Pixabay ( by congerdesign )

ပရိုတင်းဓါတ်ပါတဲ့ အစားအစာတွေကိုလည်းများများ စားပေးဖို့လိုပါတယ်။ ပရိုတင်းဓါတ်ပါတဲ့ အစားအစာတွေကတော့ ကြက်သားအပါအ၀င် အမျိုးမျို၊ငါး၊မြေပဲ၊ ဥအမျိုးမျိုး၊ အဆီလျော့ထားတဲ့ နို့ ထွက် ပစ္စည်းတွေ၊ ပဲနီကလေးတို့ကို စားပေးသင့်ပါတယ်။ ပရိုတင်းကတော့ သားအိမ်၊ အချင်း၊ ရင်သားတစ်ရှူးတွေကိုကြီးထွားလာဖို့အတွက် လိုအပ်တဲ့ အာဟာရဓါတ်ပါ။

ဗီတာမင်စီ

Image:Pixabay (by pasja1000 )

Vitamin C ပါတဲ့ အစားအစာတွေကိုလည်း စားသုံးသင့်ပါတယ်။ ဥပမာ- ကီဝီသီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ စတော် ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီစတာတို့ကို စားပေးသင့်ပါတယ်။ ဗီတာမင်စီကတော့ အရိုးထဲမှာရှိတဲ့ Collagen၊ ကြက် သား၊ အရေပြားနဲ့ သွေးကြောတွေအတွက် အရေးကြီးပါတယ်။

READ
သင့်မေမေ ဆီကနေ သင်ယူနိုင်မယ့် အတုယူဖွယ် အချက်(၄)ချက်

Source: Asia One

sponsored