Vitamin C serum ကို အသုံးပြုခြင်းကြောင့် အသားအရေက ဒီလိုပြောင်းလဲလာမှာပါ

shutterstock/  Lyubov Levitskaya
Sponsored

Vitamin C ဆိုတာ ခန္ဓာကိုယ်အတွက် တကယ့်ကို လိုအပ်တဲ့ အရာဖြစ်တာမို့ vitamin C ပါဝင်တဲ့ အစားအစာတွေ စားသောက်တာ၊ ဆေးဝါးတွေ သောက်တာမျိုး ပြုလုပ်တတ်ကြပါတယ်။ ခန္ဓာကိုယ်မှာ vitamin C ဓာတ်က ဓာတ်မတည့်ခြင်းဖြစ်ပေါ်မှုကို လျော့နည်းစေပြီး ကိုယ်ခံအားကိုကောင်းစေပါတယ်။ ဒီလိုပဲ vitamin C ကို အ‌ခြေခံပြီး ထုတ်ထားတဲ့ serum ကို လိမ်းတဲ့အခါမှာတော့ အသားအရေက ဒီလိုပြောင်းလဲလာစေမှာပဲ ဖြစ်ပါတယ်နော်။

ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေတယ်

shutterstock/Yuttana Jaowattana

သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ vitamin C ဟာ antioxidant တွေကို ပိုအားကောင်းစေတဲ့အတွက် ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ကုသပေးနိုင်ပါတယ်။ ဒါကြောင့် vitamin C serum ကို လိမ်းပေးတဲ့အခါ အသားအရေကို အားဖြည့်ပေးပြီး ပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်လည်အသစ် ဖြစ်ပေါ်စေနိုင်ပါတယ်။

READ
သင်ဟာ အလုပ်စွဲလမ်းသူတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေပြီလား?

အမည်းစက်နဲ့ အမာရွက်တွေကို ဖယ်ရှားပေးတယ်

shutterstock/ Dean Drobot
Sponsored

အသားအရေကို အားဖြည့်ပေးတဲ့ vitamin C serum ကို လိမ်းပေးတဲ့အခါ နေလောင်ပြီး ဖြစ်တဲ့ အမည်းစက်တွေကို ကောင်းမွန်စေပြီး မျက်နှာလေးကို ချောမွေ့လှပလာစေမှာ ဖြစ်ပါတယ်။ နောက်ပြီး သူက နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်သလို၊ လေထုအညစ်အကြေးတွေကြောင့် အသားအရေ ပျက်စီးမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဝက်ခြံတွေကို သက်သာစေတယ်

shutterstock/ Lyashenko Egor

Vitamin C မှာ ထိခိုက်နီရဲခြင်းတွေကို သက်သာစေနိုင်တဲ့ အစွမ်းရှိတာမို့ ဝက်ခြံတွေကို ပျောက်ကင်းစေပြီး အသားအရေကို ချောမွေ့လာစေမှာပါ။ နောက်ပြီး vitamin C serum က collagen ကိုပိုထုတ်ပေးတဲ့အတွက် ဝက်ခြံကင်းပြီး အသားအရေကို တင်းရင်းကြည်လင်လာစေပါတယ်နော်။

အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်

shutterstock/Irina Bg

Vitamin C serum ကို ပုံမှန်လိမ်းပေးခြင်းက အသားအရေရဲ့ collagen ကို ပိုထုတ်ပေးနိုင်လို့ အရေးအကြောင်းတွေကို လျော့နည်းစေပြီး အသားအရေကို ပိုနုပျိုစေပါတယ်။ ဒါကြောင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ vitamin C serum က အသားအရေအတွက် တကယ့်ကို ကောင်းမွန်ပါတယ်နော်။

READ
အတွေးအခေါ် မြင့်မားတဲ့ မိန်းကလေးတွေမှာပဲ ရှိနိုင်မယ့် ချစ်သူအပေါ်ထားတဲ့ ခံယူချက်များ

Khin

sponsored