မျက်နှာပေါ်က အမွှေးအမျှင်တွေကို ဖယ်ရှားဖို့ အကောင်းအဆုံး အိမ်တွင်းနည်းလမ်းများ

shutterstock/Vladimir Gjorgiev
Sponsored

တစ်ချို့မိန်းကလေးတွေရဲ့ မျက်နှာပေါ်မှာ အမွှေးအမျှင်လေးတွေက ထင်သာမြင်သာ ရှိတတ်ကြပါတယ်။ ဒီလို မျက်နှာပေါ်က အမွှေးအမျှင်တွေကို ရိတ်လိုက်ရင် ပိုများလာမှာလည်း စိုးတယ်၊ ဘယ်လိုလုပ်ရမှန်း မသိလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် အိမ်မှာပဲ ကိုယ်တိုင် အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

အုတ်ဂျုံ၊ ပျားရည်နဲ့ သံပုရိုရည်

shutterstock/Anna Ok

အုတ်ဂျုံကို ရေအနည်းငယ်နဲ့ အနှစ်ရအောင် ပြုလုပ်ပြီး လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ သံပုရိုရည် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းတို့ကို ရောနှောပေးလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်က အမွှေးအမျှင်တွေရှိတဲ့နေရာမှာ လိမ်းပေးရမှာဖြစ်ပြီး ဆယ့်ငါးမိနစ်လောက် ထားပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင် ရေနဲ့ဆေးချလိုက်လို့ ရပါပြီ။ တစ်လလောက်ပုံမှန်လုပ်ပေးသွားခြင်းက သိသာတဲ့ ရလဒ်ကို ရရှိစေမှာ ဖြစ်သလို ပါဝင်ပစ္စည်းတွေက အသားအရေကို ကောင်းမွန်စေတဲ့အတွက် ဆိုးကျိုးတွေလည်း မရှိစေပါဘူး။

READ
အိမ်မှာ ရှိတဲ့ အိမ်သုံးပစ္စည်းတွေနဲ့ အလွယ်တကူ အလှပြင်ကြည့်ရအောင် ...

သကြား၊ ရေနဲ့ သံပုရိုရည်

shutterstock/Serghei Starus
Sponsored

ဒီနည်းလမ်းလေးက လူကြိုက်များတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ပြုလုပ်ရမယ့် နည်းလမ်းက သကြား တစ်ခွက်၊ သံပုရိုရည်နဲ့ ရေ  ခွက်လေးပုံတစ်ပုံနဲ့စီ ထည့်ပြီး မီးနည်းနည်းလေးနဲ့ ဆူပွက်အောင် တည်ပေးရမှာ ဖြစ်ပါတယ်။ တည်ထားတဲ့ အချိန်မှာ အဆက်မပြတ် ခဲမသွားအောင် မွှေထားပေးရမှာပဲ ဖြစ်ပါတယ်။ ရွှေအောင်ဖြစ်လာပြီဆိုရင်တော့ မီးဖိုပေါ်က ချပြီး အအေးခံထားပေးပါ။ ပြီးသွားရင်တော့ အမွှေးအမျှင်ဖယ်ရှားမယ့်နေရာမှာ လိမ်းပေးပြီး ဖြည်းဖြည်းချင်း ဆွဲခွါပေးရမှာပါ။ ဒါက မျက်နှာတစ်ခုတည်းမဟုတ်ပဲ ခန္ဓာကိုယ်အနှံမှာ အသုံးပြုလို့ ရပြီးတော့ လေးပတ်သို့ ခြောက်ပတ်ခြား ပြုလုပ်လို့ရပါတယ်။

သဘောင်္သီးနဲ့ နွားနို့

shutterstock/ Kalcutta

ပြုလုပ်ရမယ့် နည်းလေးက သဘောင်္သီး ခွက်တစ်ဝက်ခန့်နဲ့ နွားနို့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောနှောကြိတ်ခြေလိုက်ပါ။ ရလာတဲ့ အရောအနှောကို မျက်နှာပေါ်မှာ လိမ်းပေးပြီး ဆယ့်ငါးမိနစ်ခန့်ထားပြီးရင် ရေဆေးချလို့ရပါပြီ။ တစ်ပတ်မှာ တစ်ကြိမ်စီပြုလုပ်ပေးလို့ရပြီး ကောင်းမွန်တဲ့ ရလဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

READ
လပိုင်းအတွင်းမှာပဲ သိသာထင်ရှားတဲ့ ရလဒ်ကိုရစေမယ့် အိမ်တွင်းအသားအရေထိန်းသိမ်းနည်း

ကြက်ဥ၊ သကြားနဲ့ ပြောင်းဖူးမှုန့်

shutterstock/ Pixel-Shot

ကြက်ဥတစ်လုံး၊ သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ပြောင်းဖူးမှုန့်် လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို ခွက်တစ်ခွက်ထဲမှာ ရောနှောပေးလိုက်ပါ။ ပြီးရင်တော့ မျက်နှာပေါ်မှာ peel-off mask အဖြစ် အသုံးပြုလို့ ရပါပြီ။ ဒါက မျက်နှာပေါ်က အမွှေးအမျှင်တွေကို ဖယ်ရှားပေးရုံမက အသားအရေကို အဟာရဖြည့်ပြီးသား ဖြစ်စေပါတယ်။

Khin

sponsored