အိပ်စက်တဲ့အချိန် ဟောက်တတ်တဲ့ အကျင့်ဆိုးကို သက်သာစေမယ့် နည်းလမ်းကောင်းလေးများ

shutterstock/Maridav
Sponsored

တစ်ချို့လူတွေက အိပ်မောကျပြီဆိုတာနဲ့ တခေါခေါနဲ့ ဟောက်သံထွက်လာတတ်ကြပါတယ်။ ဒါက ကိုယ်တိုင်ထိန်းချုပ်ဖို့ ခက်တဲ့ အနေအထားတစ်ခုဖြစ်ပြီး ဘေးနားကလူအတွက်တော့ စိတ်မသက်သာဖြစ်စေပါတယ်။ အမေရိကန်နိုင်ငံနဲ့ ဗြိတိန်မှာတော့ ကွာရှင်းပြတ်စဲခြင်း တတိယမြောက်အများဆုံး ကိစ္စဟာ အိပ်စက်တဲ့အချိန်မှာ ဟောက်တတ်ခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒီတော့ အိပ်တဲ့အချိန် ဟောက်တတ်တဲ့ ပြသနာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

ဘေးဘက်ကို စောင်းပြီး အိပ်စက်ပါ

shutterstock/G-Stock Studio

ပက်လက်အနေအထား အိပ်စက်တဲ့အခါ လျှာအောက်ခြေပိုင်းနဲ့ အာခေါင်ပျော့ဟာ လည်ချောင်းရဲ့ နောက်ဘက်မှာ သွားတာမို့ အသက်ရှုတဲ့အချိန်မှာ ဟောက်သံပြင်းထန်စွာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ တကယ့်ကို ဘေးဘက်ကိုသာ စောင်းအိပ်လိုက်မယ်ဆိုရင် လည်ချောင်းကို ဖွင့်ထားသလို ဖြစ်စေလို့ အိပ်စက်တဲ့အချိန် ဟောက်သံထွက်ခြင်းကို မဖြစ်ပေါ်နိုင်ပါဘူး။

ဝိတ်လျော့ပါ

shutterstock/Jacob Lund
Sponsored

ပထမအချက်နဲ့ အလားတူတဲ့ ဝိတ်တက်လာခြင်းက အဆုတ်နဲ့ လည်ပင်းရဲ့ လေရရှိမှုကို နည်းစေလို့ အိပ်တဲ့အချိန်မှာ ဟောက်သံထွက်ပေါ်လာစေပါတယ်။ နောက်ပြီး အိုဗာဝိတ်ဖြစ်လာခြင်းက တစ်ခြားသော ပြသနာဖြစ်တဲ့ sleep apnea ရောဂါကိုပါ ခံစားရနိုင်ခြေရှိပါတယ်။ ဒါကြောင့် ရှိသင့်တဲ့ ဝိတ်အနေထားထက် ပိုလွန်လာတာက လုံးဝမကောင်းပါဘူး။

READ
BTS’s V နဲ့ ရင်းနှီးမှုကို ထုတ်ဖော်ပြောကြားခဲ့တဲ့ မင်းသားချော Park Seo Jun

အသက်ရှု လေ့ကျင့်ခန်း ပြုလုပ်ပါ

shutterstock/ eldar nurkovic

တစ်ခါတစ်လေ ပါးစပ်ကို ဖြတ်ပြီး အသက်ရှုမိတာမျိုးက ဟောက်သံကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒီတော့ နှာခေါင်းနဲ့ အသက်ရှုတာက အကောင်းဆုံးဖြစ်တာမို့ မအိပ်ခင်မှာ နှာခေါင်းနဲ့ အသက်ရှုတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ကြည့်ပါ။ ဒါက သင့်ကို အိပ်စက်တဲ့အချိန်မှာ ဟောက်သံမထွက်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

သဘာဝ ဆေးဝါး

shutterstock/ LianeM

အိပ်စက်တဲ့ အချိန်မှာ ဟောက်သံမထွက်ပေါ်အောင်လို့ သဘာဝ ဆေးဝါးတွေကိုလည်း အသုံးပြုလို့ ရပါသေးတယ်နော်။ Nettles လို့ခေါ်တဲ့ အပင်က အိပ်စက်တဲ့အချိန် ဟောက်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ အခြောက်ခံထားတဲ့ nettles အရွက်အနည်းငယ်ကို ရေနွေးနှစ်ခွက်လောက်နဲ့ ရောနှောပြီး ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့်လောက်ထားပေးလိုက်ပါ။ အိပ်ရာမဝင်ခင်မှာ အဲဒီ့ လက်ဖက်ရည်ကို သောက်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အိပ်ရာမဝင်ခင် peppermint tea နဲ့ ပလုတ်ကျင်းပေးခြင်းက အိပ်စက်တဲ့အချိန် ဟောက်သံထွက်တာမျိုးကို တားဆီးပေးမှာပါ။

READ
ကိုယ့်ကိုယ်ကို ချစ်တတ်လာဖို့ အကောင်းဆုံး ပြုပြင်ပြောင်းလဲသင့်တဲ့ အချက်လေးတွေ

Khin

sponsored