မျက်တောင်မွှေးလေးတွေ ထူထူရှည်ရှည်လေးနဲဆို ပိုဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံ အဖြစ် မြင်ရတတ်ပါတယ်နော်။ ဒါကြောင့် တစ်ချို့ မျက်တောင်မွှေးပါးတဲ့ သူတွေ၊ မျက်တောင်မွှေး တိုတိုစိပ်စိပ်လေးတွေ ရှိတဲ့သူတွေအနေနဲ့ စိတ်မညစ်ရအောင်လို့ နည်းလမ်းကောင်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက တစ်လအတွင်းမှာ သိသိသာသာနဲ့ မျက်တောင်မွှေးလေးတွေ ထူထည်းပြီး ရှည်လာစေမှာ ဖြစ်ပါတယ်။
မျက်တောင်မွှေးလေးတွေကို ဖြီးပေးပါ

မျက်တောင်မွှေးလေးတွေကို ဖြီးပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေလို့ မျက်တောင်မွှေးတွေ ရှည်လာစေမှာ ဖြစ်ပါတယ်။ နည်းလမ်းလေးက မျက်တောင်ကော့ဆေးဗူးမှာပါတဲ့ brush အဟောင်းလေးကို သန့်စင်သွားအောင် ဆေးလိုက်ပါ။ ပြီးရင်တော့ brush ပေါ်မှာ ဗီတာမင် E အစက်အနည်းချပြီး မျက်တောင်မွှေးလေးတွေကို ဖြီးပေးရမှာ ဖြစ်ပါတယ်။ ငါးမိနစ်လောက်ထားပြီးရင် ရေနဲ့ဆေးချပေးလို့ရပါပြီ။ တစ်နေ့ကို နှစ်ကြိမ်လုပ်ပေးရမှာ ဖြစ်ပြီးတော့ မျက်တောင်မွှေးလေးတွေ ထူထည်းရှည်လျားလာစေမှာပါနော်။
ညအိပ်ရာမဝင်ခင် ဆီတစ်မျိုးမျိုး လိမ်းပေးပါ

မျက်တောင်မွှေးလေးတွေ ရှည်လာဖို့ ကြက်ဆူဆီ၊ အုန်းဆီ၊ သံလွင်ဆီ စတဲ့ ဆီတစ်မျိုးမျိုးကို အိပ်ရာမဝင်ခင် လိမ်းပြီး အိပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အဲဒီ့ဆီတွေကို ရောပြီးလည်း အသုံးပြုလို့ရပြီးတော့ ပုံမှန်လုပ်ပေးခြင်းက မျက်တောင်မွှေးတွေ ထူထူရှည်ရှည်လေး ဖြစ်လာစေမှာပါ။
Green tea

Green tea မှာ antioxidants နဲ့ vitamins တွေပါဝင်တဲ့အတွက် အလှကုန်ပစ္စည်းအဖြစ် အသုံးပြုလို့ ရပါတယ်။ ပြုလုပ်ရမယ့် နည်းလမ်းလေးက ရေနွေးထဲကို green tea များများထဲပြီး အအေးခံထားလိုက်ပါ။ အေးသွားတဲ့အခါ ဂွမ်းလေးနဲ့ ယူပြီး မျက်တောင်မွှေးလေးတွေမှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်လုပ်ပေးရမှာ ဖြစ်ပြီး သိသာတဲ့ ရလဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။
Khin