နို့ချိုတိုက်ကျွေးခြင်းက ရရှိမယ့် မိခင်အတွက်ကောင်းကျိုးများ

Sponsored

နို့ချိုတိုက်ကျွေးခြင်းဟာ ရင်သွေးငယ်အတွက် အာဟာရနဲ့ အခြားသော အကျိုးကျေးဇူးတွေ ရရှိစေနိုင်သလိုပဲ မိခင်မှာ လည်း အကျိုးကျေးဇူးများစွာ ဖြစ်ပေါ်စေပါတယ်။ မိခင်ဘ၀ရဲ့ သဘာဝတုံ့ပြန်မှု အပြုအမူတစ်ခုဖြစ်တဲ့ နို့ချိုတိုက်ကျွေးခြင်း ဟာ မိခင်နဲ့ကလေး နှစ်ဦးစလုံးအတွက် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာ ရရှိစေနိုင်ပါတယ်။ ဒါကြောင့် နို့ချိုတိုက် ကျွေးခြင်းက ရရှိနိုင်မယ့် မိခင်အတွက် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မီးဖွားပြီးနောက် သွေးသွန်နိုင်ချေ လျော့နည်းစေခြင်း။

Sponsored

ဒါကတော့ ရိုးရိုးမွေးတဲ့ မိခင်တွေအတွက် ကောင်းကျိုးဖြစ်ပါတယ်။ ၀မ်းကကျွတ်ကျွတ်ချင်း ကလေးငယ်ကို မိခင်ရင်ခွင်ပေါ် တင်လိုက်ပြီး အလိုလျောက် နို့စို့စေခြင်းဟာ ကလေးရော မိခင်အတွက် အကျိုးရှိစေပါတယ်။ သားအိမ် အတွင်းက တိုးထွက်ပြီး အပြင်လောကကို လာခဲ့ရတဲ့ ကလေးငယ်ဟာ ဆာလောင်မှုနဲ့ မွတ်သိပ်နေတဲ့အတွက် မိခင်ရဲ့ နို့ဦးရည်ကို ကိုယ်တိုင်ရှာစို့တတ်စေခြင်းအားဖြင့် ကလေးငယ်အတွက် ကနဦး အစာအာဟာရ ပြည့်ဝသွားစေသလို မိခင် အတွက်လည်း အချင်းထွက်ကျလာပြီးနောက် သားအိမ်အတွင်းမှ သွေးယိုစီးမှု ဖြစ်ပေါ်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။

သံဓာတ်ချို့တဲ့မှုကို ဖြေရှင်းနိုင်ခြင်း။

အမျိုးသမီးအများစုဟာ သွေးတွင်းသံဓာတ်အားနည်းတဲ့ ရောဂါဝေဒနာကို ခံစားကြရတတ်ပါတယ်။ မီးဖွားပြီးနောက်ပိုင်း မိမိရင်သွေးကို နို့ချိုဆက်လက်တိုက်ကျွေးခြင်းအားဖြင့် ဓမ္မတာလာချိန်ကို ကြန့်ကြာစေကာ ရာသီသွေးအတွင်း သံဓာတ် များ မျောပါဆုံးရှုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ပညာရှင်များရဲ့ အကြံပြုချက်များအရ မီးဖွားပြီးစ မိခင် များဟာ မီးဖွားပြီး အနည်းဆုံးသုံးလအထိ သံဓာတ်အားဖြည့်ဆေး သောက်သုံးရမယ်လို့ ဆိုထားပါတယ်။

mother breast feeding her child

ကိုယ်ဝန်ဆက်တိုက် ရနိုင်ချေနည်းပါးစေခြင်း။

ပထမကလေးတစ်ယောက် မီးဖွားပြီး မကြာမီမှာပဲ နောက်ကိုယ်ဝန် ထပ်ရခြင်းဟာ မိခင်တွေအတွက်တော့ ထင်သလောက် ပျော်စရာမကောင်းပါဘူး။ ကိုယ်ဝန်တစ်ခုနဲ့တစ်ခု အလွန်နီးကပ်ခြင်းအားဖြင့် မိခင်ရော ကလေးမှာပါ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ သက်ရောက်စေနိုင်ပြီး နောက်ကိုယ်ဝန်က ရင်သွေးရဲ့ သားအိမ်တွင်း ကြီးထွားဖွံ့ဖြိုးမှုကို နှောင့်ယှက်ဟန့်တားစေနိုင်ပါတယ်။ ကလေးမီးဖွားပြီးနောက် ခြောက်လအရွယ်ထိ တောက်လျှောက်နို့ချိုတိုက်ကျွေးပြီး ရာသီလည်းပျောက်နေခဲ့မယ်ဆိုရင်တော့ သဘာဝသားဆက်ခြား အကာအကွယ်တစ်ခုအနေနဲ့ ယုံကြည်နိုင်သလို ပထမ ကိုယ်ဝန်ပြီးနောက် ကိုယ်ဝန်ထပ်ရနိုင်ချေကိုလည်း လျော့နည်းစေပါတယ်။ သို့ပေမယ့် သားဆက်ခြားကိစ္စနဲ့ ပတ်သက်ပြီး ဒီတစ်ချက်အပေါ်မှာပဲ ပုံအပ်ထားလို့တော့ မရနိုင်ပါဘူး။ မိမိခင်ပွန်း၊ မိသားစုတွေနဲ့ ဆွေးနွေးတိုင်ပင်ညှိနှိုင်းပြီးမှ ကိုယ်ဝန်တစ်ခုနဲ့ တစ်ခုကြားမှာ ဘယ်လောက်ခြားမယ်ဆိုတာ ဆုံးဖြတ်ပြီး စိတ်ချယုံကြည်ရတဲ့ သားဆက်ခြားနည်းကို အသုံးပြုသင့်ပါတယ်။

READ
မေမေလောင်းလျာတို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက် ကြိုဝယ်မထားသင့်တဲ့ ပစ္စည်း(၅)မျိုး

ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့နည်းစေခြင်း။

လေ့လာစမ်းသပ်မှုများစွာရဲ့ ထွက်ရှိလာတဲ့ ရလာဒ်များအရ မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ အချို့သော ကင်ဆာရောဂါတွေ ဖြစ်တဲ့ သားအိမ်ကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ချေတွေကို လျော့ကျနိုင်စေတယ်လို့ ဆိုကြပါတယ်။

ကလေးမွေးပြီးနောက် တက်လာတဲ့ ပေါင်ချိန်တွေကို ကျဆင်းစေခြင်း။

ကိုယ်ဝန်ရှိနေစဉ်မှာ ကိုယ်အလေးချိန်တိုးလာတာဟာ သဘာဝတရားမို့ လက်ခံနိုင်သော်လည်း မီးဖွားပြီးနောက်ပိုင်းအထိ ကိုယ်အလေးချိန်က လျော့ကျမသွားဘဲ ၀မြဲဝဆဲ ဖြစ်နေမယ်ဆိုရင်တော့ ကလေးတစ်ဘက်နဲ့ အလုပ်များရတဲ့ မိခင်တွေ အတွက် မလွယ်ကူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ် အဆီတက်လာခြင်းဟာ ကိုယ်ဝန်ကြောင့်ဖြစ်လာတဲ့ ၀န်နဲ့ စိတ်ဖိစီး မှုတွေကို လျှော့ချဖို့ ကူညီပေးနိုင်သလို သန္ဓေ္ဓသားရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ပါတယ်။ ထိုအဆီ တွေကို ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်းမှာ သဘာဝနည်းနဲ့ လျှော့ချနိုင်မယ့် နည်းလမ်းကတော့ မိခင်နို့တိုက်ကျွေးခြင်းပါပဲ။ မိခင်နို့ချို တိုက်ကျွေးခြင်းအားဖြင့် ခန္ဓ္ဓ္ဓ္ဓာကိုယ်အနှံ့မှာ စုနေတဲ့အဆီတွေကို နို့ထွက်ဖို့အတွက် အသုံးချနိုင်လို့ ကိုယ်အလေး ချိန် ကျစေနိုင်ပါတယ်။

သားအိမ်ကို မူလကဲ့သို့ ပြန်လည်ကျုံ့စေနိုင်ခြင်း။

မိမိရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးခြင်းဟာ ကိုယ်ဝန်ဆောင်ခြင်းကြောင့် ဖောင်းပွသွားတဲ့ သားအိမ်ကို မူလအနေအထား ရောက်ရှိအောင် ပြန်လည်ကျုံ့ဝင်စေနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။ ရင်သွေးလေးရဲ့ ပုံမှန်နို့စို့တဲ့ အပြုအမူဟာ အချို့သော ဟော်မုန်းတွေ ထွက်ရှိစေပြီး ၄င်းကြောင့် ဖောင်းပွသွားတဲ့ သားအိမ်ကို မူလအနေအထား ရောက်တဲ့အထိ ပြန်လည် ကျုံ့သွားစေနိုင်ပါတယ်။ ဒီအချက်ဟာ လူတစ်ယောက်ချင်းစီကို လိုက်ပြီး မတူညီတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ သို့သော် လည်း အနည်းဆုံးကတော့ မီးဖွားပြီးစကာလို ပူဖောင်းနေတဲ့ ဗိုက်ကြီး မဖြစ်နိုင်တော့ခြင်းပါပဲ။

READ
အမြွှာကိုယ်ဝန်လိုချင်သူတွေ လိုက်နာ၊သိထားသင့်တဲ့ အချက်များ

mother-breastfeeding-infant

နို့ဗူးတိုက်ခြင်းထက် ပိုမိုအဆင်ပြေလွယ်ကူခြင်း။

ကလေးမီးဖွားတဲ့အခါ မိခင်နို့တိုက်မလား၊ နို့ဗူးတိုက်မလားဆိုတာ ကိုယ်တိုင်ရဲ့ အခြေအနေပေါ် မူတည်ပြီး ရွေးချယ်ရမယ့် ဆုံးဖြတ်ချက်ပါ။ သို့ပေမယ့် မိခင်နို့တိုက်ကျွေးခြင်းဟာ ပိုမိုလွယ်ကူအဆင်ပြေပြီး ငွေကုန်ကြေးကျ သက်သာစေရုံသာမက ကလေးအတွက် အာဟာရလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် နို့ဗူးတိုက်ခြင်းကဲ့သို့ ပိုးသတ်ရခြင်း၊ အအေးခံရခြင်း၊ ဆာတဲ့အချိန် အချိန်မီတိုက်နိုင်အောင် စီမံရခြင်း၊ ကလေးကောင်းကောင်းစို့နိုင်အောင် ပုံစံအမျိုးမျိုးနဲ့ ကိုင်တိုက်ရခြင်း စတဲ့ ဝေယျာဝစ္စတွေနဲ့ ကင်းဝေးပါတယ်။ ကလေးနို့ဆာတဲ့အချိန်မှာ လွယ်လွယ်ကူကူ အဆင်သင့် တိုက်ကျွေးနိုင်တဲ့ အားသာ ချက်ရှိပါတယ်။

မိခင်နဲ့ကလေးကြား ပိုမိုခင်တွယ်မှုဖြစ်စေခြင်း။

မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ ရင်သွေးကြားက ဆက်သွယ်မှုကို ပိုမိုတိုးတက်စေပြီး မေတ္တာအငွေ့အသက်ကို ကလေးရော မိခင်ပါ အပီအပြင် ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် မီးဖွားပြီးစကာလမှာ ခံစားရလေ့ရှိတဲ့ စိတ်ကျရောဂါနဲ့ ၀မ်းဗိုက်ကြွက်သားများ တစ်ချက်တစ်ချက် နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာစေနိုင်သလို ဟော်မုန်းပြောင်းလဲမှုများကို လည်း အေးဆေးတည်ငြိမ်စွာ ဖြတ်ကျော်နိုင်ပါသေးတယ်။

မိခင်နို့ရည်တိုက်ကျွေးခြင်းဟာ ကလေးအတွက် ကောင်းမွန်တဲ့အာဟာရနဲ့ ဖွံ့ဖြိုးမှုကို ဖြစ်စေတဲ့အပြင် မေမေတွေ အတွက်လည်း ရင်မှဖြစ်တဲ့ သားသမီးရတနာလေးတွေနဲ့ ငယ်ဘ၀ဖြစ်စဉ် အမှတ်တရလေးတွေအဖြစ် ကျန်ရှိနေနိုင်ပါ တယ်။ မိခင်ရော ကလေးပါ ရရှိနိုင်မယ့် အကျိုးကျေးဇူးများစွာကြောင့် မိခင်လောင်းများနဲ့ လက်ရှိနို့တိုက်မိခင်များအားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးလေးများနဲ့ သာယာတဲ့ ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်ပေး လိုက်ပါတယ်။

အလင်းဦး (Shwemom)

Ref: thehealthsite

 

sponsored