အဆီပြန်စေးကပ်နေတဲ့ ဆံပင်ကို အလှဆုံးထုံးဖွဲ့ပြင်ဆင်နိုင်မယ့် နည်းလမ်းအမျိုးမျိုး

Sponsored

ပျိုမေတို့ ခေါင်းလျှော်ဖို့ အချိန်မရှိတာဖြစ်ဖြစ်၊ ခေါင်းလျှော်ဖို့အဆင်မပြေတဲ့ အခြေအနေမျိုးမှာပဲဖြစ်ဖြစ် စေးကပ်နေတဲ့ ဆံပင်တွေကို ဘယ်လိုပုံစံပြင်ဆင်ရမလဲ အကြပ်ရိုက်ခဲ့ဖူးလား။ ဆံပင်တွေ စေးကပ်ပြီး ပုံစံမကျဖြစ်နေတဲ့အခါမျိုးမှာတောင် တစ်မူထူးခြားတဲ့ အပြင်အဆင်ရအောင် လုပ်လို့ရမယ့် ဆံပင်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကျစ်ဆံမြီးအမျိုးမျိုး

pinterest

ကျစ်ဆံမြီးပုံစံလေးတွေကတော့ စေးကပ်နေတဲ့ ဆံပင်တွေနဲ့ ပုံဖော်ဖို့ အကောင်းဆုံးပုံစံလေးတွေပါ။ ကျစ်ဆံမြီးကို ပုံမှာ ပြထားသလိုမျိုး ဆံပင်တစ်ဝက် သိမ်းပြီးကျစ်လို့ရသလို၊ နှစ်ဖက်ခွဲ ကျစ်ဆံမြီးလေးတွေလည်း လုပ်လို့ရပါတယ်။ ကျစ်ဆံမြီးမဟုတ်ဘဲ အလယ်ပုံလို ဆံပင်ကို အလိမ်လေးတွေ လုပ်ကြည့်လို့လည်း ရပါသေးတယ်။

(၂) ထိပ်တည့်တည့်က ချစ်စရာဆံထုံးလေး

pinterest
Sponsored

ဆံပင်နည်းနည်းရှည်ရုံနဲ့ ဒီလိုချစ်စရာဆံထုံးလေးတွေ ထုံးလို့ရပါတယ်။ သူ့ရဲ့ အားသာချက်က ဆံထုံးထုံးလိုက်လို့ ရုပ်ရင့်သွားတာမျိုး မရှိဘဲ လူငယ်ဆန်ပြီး ပိုတောင် ချစ်ဖို့ကောင်းသွားပါသေးတယ်။ ဆံထုံး ထုံးနေကျမဟုတ်တဲ့ ပျိုမေတို့လည်း ဆံပင်တွေ စေးကပ်နေတဲ့အခါမျိုးမှာ ဒီလိုပုံလေး ထုံးကြည့်သင့်ပါတယ်နော်။

READ
ဝက်ခြံထွက်တတ်သူများ ရှောင်ရှားရမယ့် ဝက်ခြံထွက်စေတဲ့ အစားအစာ (၅) မျိုး

(၃) ပုဝါလေးတွေနဲ့အလှဆင်မယ်

pinterest

ပုဝါလေးတွေနဲ့ အလှဆင်လိုက်ရင် ဆံပင်တွေ ပြားကပ်နေတာ မသိသာတော့ပါဘူး။ မြင်နေကျပုံစံထက်လည်း တမူထူးသွားတာမို့ ပိုတောင် ဖက်ရှင်ကျသွားဦးမှာပါ။

(၄) သဘာဝလှိုင်းတွန့်ဆံပင်

pinterest

ဒီလို လှိုင်းတွန့်ဆံပင်လေးတွေ လုပ်ဖို့ဆိုရင်လည်း စေးကပ်နေတဲ့ ဆံပင်က အကောင်းဆုံးပါပဲ။ ဆံပင်တွေကို ကျစ်ဆံမြီးကျစ်ကျစ် ဒါမှမဟုတ် ကျစ်နေအောင် လိမ်ထားတဲ့ ပုံစံလေးလုပ်လိုက်ပါ။ ပြီးရင် အပေါ်ကနေ hair spray နဲ့ဖြန်းပြီး ခြောက်အောင် ခဏစောင့်လိုက်ပါ။ ခြောက်သွားပြီဆိုရင် ဖြည်ချပြီး လက်ချောင်းလေးတွေနဲ့ ထိုးဖွလိုက်ရုံနဲ့ ဒီလို ချစ်စရာလှိုင်းတွန့်ဆံပင်လေးတွေရပါပြီ။

(၅) သဘာဝဆန်တဲ့ ပိုနီတေး

pinterest

ရိုးရှင်းတာပဲ ကြိုက်တဲ့သူလေးတွေကတော့ ပိုနီတေးလေးတွေ စည်းလို့ရပါတယ်။ ပိုနီတေးစည်းတဲ့အခါ ဆံပင်တွေ စေးကပ်ပြီး ပြားပြားကပ်ကပ်ကြီး ဖြစ်နေလို့ ရိုးရိုးကြီးမစည်းချင်ဘူးဆိုရင် ဘေးဘက်ချထားတဲ့ ပိုနီတေးအနိမ့်လေးတွေ၊ အနောက်မှာ ဖွပြီးစည်းတဲ့ ပုံစံလေးတွေနဲ့ အဆင့်ဆင့်စည်းတဲ့ ပုံစံလေးတွေ လုပ်လို့ရပါတယ်။ အဆီပြန်စေးကပ်နေတဲ့ ဆံပင်ကို အခုဖော်ပြခဲ့တဲ့ နည်းလေးတွေနဲ့ လှလှပပ ထုံးဖွဲ့နိုင်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ အားလုံးပဲ အလှဆုံးလေးတွေ ဖြစ်ကြပါစေ <3 ။

READ
ဒီအတိုင်းလုပ်ပေးရင် ခွဲစိတ်စရာမလိုဘဲ V-shape မျက်နှာလေး ဖြစ်သွားမှာပါ

MAY THAZINHTOO

sponsored