ကိုယ့်မှာ ငွေရှိမှ အပေါင်းအသင်း ပေါတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ကို ချစ်တဲ့သူတွေ ပေါများနေတယ်ဆိုတာ ကိုယ့်ရဲ့ ပုံစံကြောင့်ပဲ ဖြစ်တတ်တာမျိုး ဖြစ်ပါတယ်။ လူချစ်လူခင်ပေါများတဲ့သူတွေကို ကြည့်လိုက်ရင် လူအများက သူတို့ဆီမှာ သဘောကျတဲ့ အချက်တွေ ရှိနေတာက ဒီလို ဖြစ်ရခြင်း အကြောင်းအရင်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လူချစ်လူခင် ပေါများစေတတ်တဲ့ အကြောင်းအရင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်နော်။
ဂရုစိုက်မှု ပေးခြင်း
ကိုယ့်ကို ဂရုစိုက်ပေးတာကို မကြိုက်တဲ့သူဆိုတာ မရှိသလောက် ရှားပါတယ်။ ကိုယ်က အထူးအထွေ မဟုတ်ဘဲ ဂရုစိုက်ပေးလိုက်တာကလည်း လူမှုရေးမှာ လိုအပ်တဲ့ အချက်ပါပဲ။ ဂရုစိုက်ပေးတတ်တဲ့ အကျင့်ကို လူတွေက နှစ်သက်တာကြောင့် ဒီအပြုအမူ ရှိတဲ့သူတွေကိုလည်း သဘောကျတတ်ကြပါတယ်။

အချိန် ပေးခြင်း
တစ်ယောက်နဲ့ တစ်ယောက် ဘာမှ မပတ်သတ်ရင် စိတ်ဝင်စားမှု ရှိလာဖို့ဆိုတာ မလွယ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အချိန်ပေးရင်း စကားပြောတာမျိုးက ရင်းနှီးမှုကို ပိုပြီး ရလာစေတတ်ပါတယ်။ ကိုယ့်ကို အချိန်ပေးတယ်ဆိုတာ အလေးထားမှုကို ပြသရာလည်း ရောက်တာမို့ လူချစ်လူခင်ပေါများတဲ့သူတွေမှာ ဒီလိုမျိုး လူအားလုံးနီးပါးနဲ့ ရင်းနှီးတယ်ဆိုတဲ့ ပုံစံမျိုး တွေ့ရတာ ဖြစ်ပါတယ်။

စိတ်ဝင်တစား ရှိခြင်း
ကိုယ့်ရဲ့ အကြောင်းလောက် ဘယ်ဟာကမှ ပိုပြီး အရေးမကြီးဘူးဆိုတဲ့ ပုံစံကို လူတိုင်းနီးပါးက သဘောကျလေ့ မရှိပါဘူး။ လူချစ်လူခင်ပေါတဲ့သူတွေကို ကြည့်လိုက်မယ်ဆိုရင် သူများအကြောင်းတွေမှာ ကူညီပေးတာ၊ စိတ်ဝင်တစား ရှိကြတာမျိုးတွေ ပိုများပါတယ်။ စိတ်ဝင်တစားဆိုတဲ့အချက် ကိုယ့်ကို လာပြောမယ့် အရာတွေကို နားထောင်ပေးဖို့က အဓိက ပိုပြီး ကျတတ်ပါတယ်။ စိတ်ဝင်တစား ရှိတာနဲ့ စပ်စုတာမျိုး ကွာပြားအောင်တော့ လုပ်ရမှာ ဖြစ်ပါတယ်။

လိုက်လျောညီထွေမှု ရှိခြင်း
ကိုယ်က ကိုယ့်အမူအရာတွေနဲ့ တသားနဲ့ ဖြစ်နေမှသာ ကိုယ်က တမင် ဟန်ဆောင်ပြီး လူတွေနဲ့ ဆက်ဆံတယ်ဆိုတာမျိုး မဖြစ်မှာ ဖြစ်ပါတယ်။ လူတွေက ကိုယ်နဲ့ ကွဲထွက်ပြီး ပြောဆိုရတဲ့သူထက် ကိုယ့်ကို ဝန်ပိတာမျိုး၊ အားနာစေတာမျိုး မဖြစ်စေတဲ့ လိုက်လျောညီထွေစွာ ပြုမူတတ်တဲ့ သူတွေကို ပိုပြီး နှစ်သက်ကြလေ့ ရှိပါတယ်။

ဝတ်စားတတ်ခြင်း
အဝတ်အစားကလည်း လူတွေရဲ့ အတွေးအမြင်ကို ပြောင်းလဲစေတတ်ပါတယ်။ နေရာဒေသ အချိန်အခါကို လိုက်ပြီး ဝတ်စားတာက သင့်ကို လူတွေရဲ့ ယုံကြည်မှု ပိုပြီး ရစေပါတယ်။ အခမ်းအနားတွေကို အခမ်းအနားနဲ့ တူအောင် ဝတ်ဆင်ရမှာ ဖြစ်သလို ခမ်းနားစရာ မလိုအပ်တဲ့ နေရာမျိုးမှာလည်း ပေါ့ပါးပြီး ဘေးလူအမြင်မှာ အရမ်း ထင်းနေတာမျိုး မဟုတ်တဲ့ အဝတ်မျိုး ဝတ်တာက လူတွေနဲ့ ပိုပြီး ရင်းနှီးမှု ရဖို့ လွယ်စေပါတယ်။
Kham