လုပ်ငန်းခွင်မှာ လူလေးစားခံရတဲ့ အမျိုးသမီးဖြစ်ဖို့ လိုက်နာသင့်တဲ့ အချက် (၅)ချက်

Image:shutterstock (By manfeiyang)
Sponsored

အမျိုးသမီးတွေကို လုပ်ငန်းခွင်မှာ အာဏာပြအနိုင်ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတဲ့ အဖြစ်မျိုးတွေကို ကြားဖူး ကြမှာပါ။ ဒီလိုပြဿနာတွေ ကတော့ လုပ်ငန်းခွင်တော်တော်များများမှာ အနည်းနဲ့ အများဆိုသလို ဖြစ်နေ၊ ကြုံနေကျ ကိစ္စတစ်ခုလို့တောင် ပြောလို့ရပါတယ်။ အမျိုးသမီးအများစုက ဒီလိုကိစ္စ တွေနဲ့ ကြုံလာရင် ထုတ်မပြောပဲ နှုတ်ဆိတ် နေကြတာ များပါတယ်။ တကယ်တော့ ဒါဟာမှားပါတယ်။ ဒီလို ကိစ္စမျိုးနဲ့ တကယ်ကြုံလာပြီဆိုရင် သတ္တိမွေးပြီး ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းတာ အကောင်းဆုံးပါ။ မီးဆိုတာ မလောင်ခင်က ကြိုတားရတယ်ဆိုသလိုပဲ  ဖိနှိပ်စက်ဆံမှုတွေ၊ လိင်ပိုင်းဆိုင်ရာ အသားယူအမြတ်ထုတ်တာမျိုးတွေ နဲ့ မကြုံရအောင် ကိုယ့်ဘက်ကနေ လုပ်ငန်းခွင်မှာ လူလေးစားခံရတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်အောင်ရပ်တည် နေထိုင်ကြည့်ပါ။ ကိုယ့်ဘက်က အတက်နိုင်ဆုံး အနေမှန်နေရဲ့သား နဲ့ ဒီလိုကိစ္စမျိုးတွေ ကြုံခဲ့ရင်တော့ အပေါ်မှာ ပြောထားတဲ့ အတိုင်းပဲ သတ္တိရှိရှိနဲ့ ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းပစ်လိုက်ပါ။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ

Image:shutterstock (By El Nariz)

ဒါကတော့ နံပါတ်တစ်အရေးကြီးဆုံးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ စိတ်က လုပ်ငန်းခွင်မှာ လူလေးစားခံရပြီး အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်ဖို့ အခြေခံ အကျဆုံး မဖြစ်မနေရှိထားရမယ့် စိတ်ပါ။ ကိုယ့်အလုပ်ကို ယုံကြည်စိတ်ထားပါ။ ကိုယ့်အရည်အချင်းကို ယုံကြည်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိနေတဲ့ မိန်းမတစ်ယောက်ရဲ့ ခြေလှမ်း တိုင်းဟာ ဘယ်အချိန်ပဲ ကြည့်ကြည့် တောက်ပ ၀ံ့ကြွားနေမှာပါ။ ဒီလို စိတ်ရှိတဲ့ သူကိုလည်း ဘယ်သူကမှ တော်ရုံ တန်ရုံ အာဏာပြအနိုင်ကျင့်တာမျိုး၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးစားတာမျိုး လာမလုပ်ရဲပါဘူး။

(၂) Feminism (အမျိုးသမီးဝါဒ) ကို လက်ကိုင်ထားပါ

Image:pixabay (By :geralt )
Sponsored

လုပ်ငန်းခွင်ဆိုတာက ကစားကွင်းတစ်ခု မဟုတ်ပါဘူး။ လုပ်ငန်းကြီးလေ ၊ထိပ်ဆုံးရောက်လေလေ လုပ်ငန်းခွင်မှာ ရင်ဆိုင် ရတဲ့ Pressure တွေ က ပိုများလေ လေပါ။ ကိုယ်က လုပ်ငန်းခွင်မှာ လူလေးစားခံရတဲ့ အမျိုးသမီး တစ်ယောက်အဖြစ်ရပ်တည်ချင်တယ်ဆိုရင်တော့ ယောက်ျားတွေနဲ့ တန်းတူ အခွင့်အရေး ရချင်တဲ့ အမျိုးသမီးဝါဒကို အပြည့်အ၀ လက်ကိုင်ထားကျင့်သုံးမှ ရပါမယ်။ အရေး အကြောင်းကြုံလာရင် အားနွဲ့သူပါရှင် ဆိုပြီး ခေါင်းရှောင်တာမျိုး၊ အားနွဲ့သူ မိန်းမသားဆိုတဲ့ ပုံစံမျိုးကို လုံးဝ ထုတ်မပြပါနဲ့။ အချောင် ခို၊ သက်သာချင်စိတ်နဲ့ အားနွဲ့တယ် ဆိုပြီး လုပ်ပြလိုက်ရင် နောက်ဆက်တွဲ ရလဒ်အနေနဲ့ အနိုင်ကျင့်၊ စော်ကားဖို့ ချောင်းနေတဲ့ သူတွေကို လက်ယပ်ခေါ်နေသလို ဖြစ်နေပါလိမ့်မယ်။

READ
လေးစားအားကျစရာကောင်းတဲ့ စွန့်ဦးတီထွင်သူ စင်ကာပူအမျိုးသမီး (၅ )ယောက်

(၃)မလိုအပ်တဲ့ Over အပြောအဆို၊ အပြုအမူတွေကို လုံးဝ လုံးဝ မလုပ်မိပါစေနဲ့

ဒီနေရာမှာတော့ ကိုယ်က လုပ်ငန်းခွင်မှာ ဘယ်လို ပုံစံမျိုးနဲ့ ရပ်တည်ချင်သလဲဆိုတဲ့ အချက်အပေါ်မှာ မူတည်ပါတယ်။အားနွဲ့သူပါ ဆိုပြီး လုပ်ငန်းခွင်မှာ ရှိတဲ့ အမျိုးသားထုရဲ့ ၀ိုင်းပြီးကူညီပေးချင်စရာ ကောင်းတဲ့ မိန်းကလေး တစ်ယောက် အဖြစ်နဲ့ ရပ်တည်ချင်တာလား၊ဒါမှမဟုတ် ရင် အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်နိုင် ၊ ဆုံး ဖြတ်ချက် ချနိုင်တဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ ရပ်တည်ချင်တာလား..? ပထမပုံစံမျိုးနဲ့ ရပ်တည် ချင် တယ် ဆိုရင်တော့ မလိုအပ်တဲ့ အိုဗာ အပြောအဆိုတွေ၊ အပြုအမူတွေ လိုပေမယ့် Strong ဖြစ်တဲ့ ပုံစံမျိုးနဲ့ ရပ်တည်ချင်တယ်ဆိုရင်တော့ အဲ့ဒါတွေ မလိုပါဘူး ။လုပ်ငန်းခွင်က လူတွေ နဲ့ စကားပြောဆိုတဲ့ အခါမှာ မလိုအပ်တဲ့ အိုဗာ တွေ ပြောတာ၊ မလိုအပ်တဲ့ အိုဗာတင်းဖြစ်စေမယ့် အပြုအမူတွေကို လုံးဝမလုပ်ပါနဲ့။

(၄) အလုပ်နဲ့ လုပ်ငန်းခွင်အပေါ် လေးစားမှု အပြည့်အ၀ထားပါ

Image:Shutterstock(By imtmphoto)

လုပ်ငန်းခွင်မှာ လူလေးစားခံရဖို့ က မလိုအပ်ပဲ မျက်နှာကြီးတင်းပြီး လူတကာကို ဟောက်လား ဟဲလား လုပ်စရာ မလိုပါဘူး။ ကိုယ့်ရဲ့ အလုပ်အပေါ်မှာ အပြည့်အ၀ လေးစားမှု ထားပါ။ ဘယ်သူတရားဖျက်ဖျက်မပျက်ပဲနဲ့ ကိုယ့်ရဲ့ အလုပ်ကို လေးလေးစားစားနဲ့ တာဝန်ကျေအောင် လုပ်ပါ။ သူလုပ်တာဆိုရင်တော့ စိတ်ချရပါတယ် လို့ အားလုံးရဲ့ ယုံကြည်မှုကို ရတဲ့ အထိ အလုပ်ကို စေ့စပ်သေချာပြီး အတိအကျ လုပ်ပါ။ အလုပ်ကို လေးလေးစားစား လုပ်ရုံနဲ့ မပြီးပါဘူး။ လုပ်ငန်းခွင် အပေါ် လေးစားမှုရှိဖို့ လည်း လိုပါတယ်။ ဥပမာ- အလုပ်ချိန်ကို အချိန်မှန်လာတာမျိုး၊ လုပ်ငန်းခွင်နဲ့ လိုက် ဖက်တဲ့ အ၀တ်အစားမျိုးကို ၀တ်ဆင်တာမျိုး၊ အလုပ်ချိန်မှာ ဖုန်းကို  အော်ကြီးဟစ်ကျယ်နဲ့ အကြာကြီးပြောတာမျိုး…. အစရှိတဲ့ လုပ်ငန်းခွင်ရဲ့ စည်းမျဉ်းစည်းကမ်း၊ လူ့ကျင့်ဝတ်နဲ့ အညီ လိုက်နာနေထိုင်ပေးပါ။

READ
သင်ဟာဘွဲ့ရပြီးခါစလူငယ်တစ်ဦးဆိုရင် ဒီအချက်တွေနဲ့ချက်ချင်းပြန်သုံးသပ်ကြည့်ပါ

(၅) အများအမြင်မသင့်တော်တဲ့ ရင်းနှီးပြောဆို ဆက်ဆံမှုမျိုး မလုပ်ပါနဲ့

Image:Shutterstock(By tuaindeed)

ဒါကတော့ အရေးကြီးဆုံး အချက်တွေထဲက တစ်ခုပါ။ လုပ်ငန်းခွင်ထဲက လူတွေနဲ့ မရင်းနှီးရတော့ဘူးလား လို့ မေးလာရင် တော့  ရင်းနှီးလို့ရပါတယ်။ ဒါပေမယ့် အများအမြင်မှာ မသင့်တော်တဲ့ ရင်းနှီးမှု ပုံစံမျိုးတွေကိုတော့ တက်နိုင်သမျှ  ရှောင်ပေးပါ။ အထူးသဖြင့် လုပ်ငန်းခွင် ထဲက အမျိုးသားတွေနဲ့ပါ။ အပေါ်မှာ ပါတဲ့ အချက် အလက် တွေ နဲ့ အားလုံးပြည့်စုံပေမယ့် လုပ်ငန်းခွင်ထဲက အမျိုးသားတွေနဲ့ အရင်းနှီးတွေ လွန်ပြီး အများအမြင် မသင့်တော်တဲ့ ဖင်ပုတ် ခေါင်းပုတ်တွေ လုပ်ပြနေရင်တော့ လူလေးစားခံရတဲ့ အမျိုးသမီးဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ့်ဘက်က ရိုးသားစွာ ရင်းရင်းနှီးနှီးပြောဆိုတာမျိုးကိုတောင်မှ တမျိုးထင်ပြီး အသားယူချင်တဲ့ လူတွေ၊ မလေးမစားဆက်ဆံချင်တဲ့ သူတွေ အများကြီးပါ။ အဲ့ဒါကိုမှ ကိုယ့်ဘက်က ရင်းနှီးမှုတွေ သိပ်ပြနေမယ်ဆိုရင်တော့ ပြဿနာတစ်ခုခု ကြုံလာခဲ့ရင်တောင်မှ ကိုယ့်ဘက်က ရပ်တည်မယ့်လူထက် ဘေးကနေ ကဲ့ရဲ့မယ့်လူက ပိုများလာနိုင်တယ်ဆိုတဲ့ အချက်ကို မမေ့ပါနဲ့။ လုပ်ငန်းခွင် ထဲက လူနဲ့ တွဲမယ်ဆိုရင်လည်း နှစ်ယောက်လုံးက လုပ်ငန်းခွင်ရောက်ရင်တော့ ဘေးက လူတွေ အမြင်မသင့်တော်အောင် နေတာမျိုးတွေ မလုပ်ပါနဲ့။

#AUNTYMAY

sponsored