ဆောင်းတွင်းမှာ အသားမပတ်စေဖို့ ဒီလို ဂရုစိုက်ပေးကြရအောင်…..

lookstudio/Freepik
Sponsored

ဆောင်းတွင်း ရောက်လာရင် အသားပတ်တာကလည်း သိပ်ကို စိတ်ညစ်ရတဲ့ အရာတစ်ခုပါပဲ။ အသားတွေ ပတ်နေလို့ အနာတွေပါ ဖြစ်လာတာမျိုး၊ အသားပတ်ပြီး စပ်နေလို့ ခံရခက်နေတာမျိုးအပြင် အသားအရ မျက်နှာပြင်က ခပ်တင်းတင်း ဖြစ်နေတဲ့ နေရာက အရာတွေ အလွယ်တကူ ထင်နေတာမျိုးက ရုပ်ဆိုးနေပါတယ်။ ဒီအတွက် ဆောင်းတွင်းရောက်ပြီဆိုပေမယ့် အသားမပတ်အောင် ဒီနည်းလေးတွေနဲ့ ဂရုစိုက်ပေးလို့ ရပါတယ်နော်။

အလှဆီ လိမ်းပါ

Sponsored

အသားပတ်တဲ့အခါမှာ အမြန်ဆုံး သက်သာ ပျောက်ကင်းစေတဲ့ နည်းကတော့ အသားအလှဆီတွေကို လိမ်းပေးတာပါပဲ။ သံလွင်ဆီနဲ့ ကလေးသုံး အဆီတွေကိုလည်း အသားကို လိမ်းပေးလို့ ရပါတယ်။ ဒီနည်းက အသားပတ်တာကို လျှင်လျှင်မြန်မြန် ပျောက်ကင်းစေနိုင်ပါတယ်နော်။

doucefleur/Freepik

အစိုဓာတ်ထိန်းပါ

ဆောင်းတွင်းမှာ အသားပတ်တာက အရမ်းကို မြန်လို့ ဒီလို မဖြစ်ဖို့အတွက် အသားကို အမြဲ အစိုဓာတ်ဖြည့်ထားရင် အကောင်းဆုံး ဖြစ်ပါတယ်။ ရေချိုးပြီးတဲ့အခါတိုင်း Moisturizer လိမ်းပေးတာမျိုး လုပ်ပေးခြင်းဖြင့် အသားမပတ်အောင် ကာကွယ်နိုင်ပါတယ်။

READ
စက်တင်ဘာလ အတွက် နာမည်အကြီးဆုံး သရုပ်ဆောင် စာရင်း

ရေသောက်ပါ

Moisturizer လိမ်းတာက အသားအရေကို အစိုဓာတ်ဖြည့်ပေးတယ်ဆိုပေမယ့်လည်း ဒီထက်ပိုပြီး ထိရောက်ဖို့ဆိုရင်တော့ ရေသောက်ပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ရေ နှစ်လီတာ အနည်းဆုံး မဖြစ်မနေ သောက်ပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ဝစေသလို အသားအရေ ခြောက်သွေ့တာကနေလည်း ကာကွယ်ပေးပါတယ်။

svetlanasokolova/Freepik

အကာအကွယ် သုံးပါ

ဆောင်းတွင်းလေက ပိုပြီး အသားပတ်စေပါတယ်။ ဒါကြောင့် အေးတဲ့နေရာမှာ လေတိုက်တဲ့နေတဲ့နေရာမျိုးကို သွားမယ်ဆိုရင် သက်တောင့်သက်သာရှိတဲ့ အဝတ်မျိုးနဲ့ အသားကို ဖုံးထားသင့်ပါတယ်။ တင်းကြပ်တဲ့ အဝတ်တွေက အသားပတ်နေတယ်ဆိုရင် ပိုပြီး ယားယံမှုတွေ ဖြစ်စေလို့ ပေါ့ပါးပြီး နွေးထွေးတဲ့ အဝတ်အစားမျိုးကို ပိုပြီး ရွေးဝတ်သင့်ပါတယ်။

lookstudio/Freepik

ရေနွေးနဲ့ မချိုးပါနဲ့

ဆောင်းတွင်းက အေးလို့ တော်တော်များများက ရေနွေးနဲ့ ရေချိုးတတ်ကြပါတယ်။ ဒါပေမယ့် ရေနွေးနဲ့ ရေချိုးတာက အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါ အသားပတ်ခြင်းကို ပိုပြီး ဆိုးရွားသွားစေတတ်ပါတယ်။ ဒီအတွက် ရေအေးကသာ သင့်အသားအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

READ
Selfie ရိုက်တဲ့ ပုံစံတွေက ပြောနေတဲ့ သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအကြောင်း
torwaiphoto/Freepik

Skincare ပုံမှန် လုပ်ပေးပါ

ဆောင်းတွင်းမှာ အသားပတ်တတ်တာ သိတယ်ဆိုရင် အသားအရေကို ထိန်းသိမ်းဖို့ မမေ့သင့်ပါဘူး။ ကျန်တဲ့ ရာသီဥတုမှာ skincare တစ်ရက် မလုပ်ဘူးဆိုရင် သိပ်မသိသာပေမယ့် skincare အဆင့်လိုက်ကို ဆောင်းတွင်းမှာ သေချာ လုပ်ပေးရင်တော့ အသားပတ်ခြင်း လုံးဝ ဖြစ်မလာအောင်ကို အကျိုးရှိစေပါသေးတယ်နော်။

Kham

sponsored