ကိုယ့္အေပၚ သစၥာရွိ၊ၾကင္နာတတ္တဲ့ ေယာက္်ားေကာင္းတစ္ေယာက္နဲ႔ ဆုံနိုင္မယ့္နည္းလမ္းမ်ား

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

သစၥာမရွိတဲ့ေယာက္်ားေတြနဲ႔ပဲ ေတြ႕ေနရတဲ့ မိန္းကေလးတစ္ခ်ိဳ႕ဆီကေန ေလာကႀကီးမွာေကာင္းတဲ့ေယာက္်ားမရွိဘူးလို႔ ညည္းတြားတဲ့စကားသံေတြ ထြက္ေပၚလာတတ္ပါတယ္။ဒါဟာ Mr Wrong ၊ Mr Cheater ေတြနဲ႔သာ ဆုံခဲ့ရလို႔ပါ။ယုံဖို႔ေတာ့ ခက္ေပမယ့္ ေလာကႀကီးမွာ ေကာင္းတဲ့ေယာက္်ားေတြရွိပါေသးတယ္။“ဘယ္မွာလဲ ?” လို႔ေမးၾကပါလိမ့္မယ္။ အဲ့ဒီ့အတြက္နည္းလမ္းေတြရွိပါတယ္။

Sponsored

(၁)အြန္လိုင္းမွာ ေတြ႕တဲ့သူေတြကို မယုံပါနဲ႔
အြန္လိုင္းကေန ေယာက္်ားေကာင္းကို ေတြ႕နိုင္ဖို႔ အခြင့္အလမ္းဆိုတာ အလြန္နည္းပါးတယ္။ တကယ္တည္တည္ၾကည္ၾကည္ေနတတ္တဲ့ေယာက္်ားတစ္ေယာက္ဆိုတာလည္း Facebook လိုေနရာမ်ိဳးမွာ ၾကဴမေနတတ္ပါဘူး။ ဒီလို အြန္လိုင္းကေန ကိုယ့္ကို လာၾကဴလို႔ စိတ္ပါသြားမိမယ္ဆိုရင္ေတာ့ ကိုယ္နဲ႔တြဲၿပီးရင္လည္း ဒီေယာက်္ားက အြန္လိုင္းမွာ ကိုယ့္လိုပဲ ဘယ္သူနဲ႔မ်ား သြားၾကဴေနဦးမလဲဆိုတာ တသက္လုံးပူပင္ေနရပါလိမ့္မယ္။ ဒီေတာ့ အနည္းဆုံး အျပင္မွာ သူ႔အေၾကာင္းဘာမွ ထူးထူးေထြေထြမသိရေသးဘဲ ေလလွိုင္းေပၚကလူေတြကို ေရွာင္ရွားပါ။

(၂)ေစတနာ့ဝန္ထမ္း လွုပ္ရွားမွုေတြမွာ ပါ၀င္ပါ
လိမ္ညာလွည့္စားတတ္တဲ့ ေယာက္််ားေတြဟာ ေစတနာ့ဝန္ထမ္း အလုပ္ေတြ လုပ္ေလ့ရွိတယ္လို႔ စာေရးသူေတာ့ မထင္ပါဘူး။ေစတနာ့ဝန္ထမ္းလုပ္တဲ့သူေတြဟာၾကင္နာတတ္သူေတြ၊စာနာ၊ေႏြးေထြးတက္သူေတြျဖစ္႐ုံသာမက သူတို႔ရဲ့သူငယ္ခ်င္းမိတ္ေဆြ၊မိသားစုနဲ႔ခ်စ္သူအိမ္ေထာင္ဖက္ေတြအေပၚမွာသစၥာရွိတဲ့သူေတြ ျဖစ္ပါတယ္။ဒါေၾကာင့္ေစတနာ့ဝန္ထမ္း လွုပ္ရွားမွုေတြမွာ ပါ၀င္ျခင္းအားျဖင့္ သစၥာရွိတဲ့ ေယာက္်ားကို ရွာလို႔ရပါတယ္။

(၃)သင့္သူငယ္ခ်င္းေတြ
သူေတာ္အခ်င္းခ်င္း သတင္းေလြ႕ေလြ႕ပါင္းဖက္ေတြ႕တယ္ ဆိုတဲ့စကားပုံအတိုင္းပါပဲ။လူေတြဟာ တူရာ တူရာ စုၿပီးေပါင္းမိတတ္ၾကပါတယ္။သင့္ေဘးမွာရွိေနတဲ့လူေတြကို တစ္ခ်က္ၾကည့္လိုက္ပါ။ၿပီးရင္ေတာ့ ဒီထဲမွာ ကိုယ္နဲ႔ ရင္းႏွီးတာၾကာၿပီး ကိုယ့္အတြက္ လက္တြဲေဖာ္ေကာင္းျဖစ္လာနိုင္တဲ့သူ ရွိမရွိ ကိုယ့္ကိုကိုယ္ေမးခြန္း ထုတ္အေျဖရွာလိုက္ပါ။

(၄)တစ္ခါတစ္ေလ တစ္ေယာက္တည္း ေနတာမ်ိဳးလုပ္ပါ

အမ်ိဳးသမီးအမ်ားစုဟာ တစ္ေယာက္တည္းသြားတာမ်ိဳး သိပ္မရွိပဲ မ်ားေသာအားျဖင့္ အုပ္စုလိုက္သြားလာေလ့ ရွိပါတယ္။အခုလိုအမ်ိဳးသမီးေတြ အုပ္စုလိုက္သြားလာေနတာဟာ ေယာက္််ားေကာင္းေတြ သူမဆီကို ခ်ဥ္းကပ္ရာမွာ အေႏွာင့္အယွက္အတားအဆီး ျဖစ္ေစတတ္တယ္လို႔အေမရိကန္စာေရးဆရာမ Karrine Steffans ရဲ့စာအုပ္တစ္အုပ္ မွာေရးသားပါတယ္။ဒါေၾကာင့္ တခါတေလ ေကာ္ဖီဆိုင္၊စာၾကည့္တိုက္ အစရွိတဲ့ေနရာေတြကို တစ္ေယာက္တည္းသြား တာမ်ိဳး လုပ္ေပးရပါမယ္။

READ
သူ သင့္ကို အရူးအမူး ခ်စ္မိေနေၾကာင္း ျပေနတဲ့ လကၡဏာရပ္မ်ား

(၅)မတူတဲ့အရာေလးေတြ လုပ္ပါ။ မတူတဲ့ေနရာေတြကို သြားပါ
တူညီတဲ့အရာေတြ တူညီတဲ့ေနရာေတြကိုပဲ လုပ္ေနသြားေနတတ္သူဆိုရင္ေတာ့ မတူတာေတြ၊ မတူတဲ့အရာေတြ ကို ေျပာင္းလုပ္ၾကည့္ဖို႔ အႀကံျပဳပါရေစ။စေန၊တနဂၤေႏြတိုင္းမွာ ကလပ္ေတြကိုပဲသြားေနမယ့္အစားသူငယ္ခ်င္း တစ္ေယာက္ေယာက္ကမ်ား ျပတိုက္ေတြ၊ဓါတ္ပုံျပေတြကိုလိုက္ဖို႔ ဖိတ္ေခၚခဲ့မယ္ဆိုရင္ လိုက္သြားၾကည့္လိုက္ပါ။ အဲ့ဒီေနရာေတြမွာသင္ေမၽွာ္လင့္ေနတဲ့ သစၥာရွိတဲ့ ေယာက်ာ္းဆိုတာ ရွိခ်င္ ရွိေနပါလိမ့္မယ္။
(၆)ဘုရားေက်ာင္းကန္ သြားပါ
ဘုရားေက်ာင္းကန္သြားၿပီး ေယာက္်ားေကာင္းကိုရွာၾကည့္တာဟာ ေကာင္းတဲ့စိတ္ကူးတစ္ခုပါ။ယုံၾကည္ရတဲ့ေယာက္်ား၊ကိုယ္ က်င့္တရားေကာင္းတဲ့သူ၊ၾကင္နာတတ္တဲ့သူ၊စိတ္ထားျပည့္ဝသူေတြဟာ ဘုရားကို သြားေလ့ရွိပါတယ္။ ဘာသာေရးဆိုင္ရာ ပြဲအခမ္းအနားေတြမွာလည္း မၾကာခဏပါ၀င္ေပးပါ။

(၇)စိတ္ရွည္ပါ
ဒါဟာအေရးႀကီးပါတယ္။သင့္ႏွလုံးသားကိုေနာက္ထပ္ဆုံးရွုံးနာက်င္ရတာမ်ိဳး ထပ္မျဖစ္ရေအာင္ သတိထားပါ။ အခ်ိန္ယူပါ။အလ်င္မလိုပါနဲ႔။မေသခ်ာမေရရာတဲ့ ေယာက္်ားေတြနဲ႔တြဲၿပီး အခ်ိန္ကုန္မခံပါနဲ႔။ကိုယ့္ဆီေရာက္လာမယ့္ Mr Right ကို ေစာင့္ေနဖို႔ တိုက္တြန္းပါရေစ။

 


[Unicode version]

ကိုယ့်အပေါ် သစ္စာရှိ၊ကြင်နာတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်နဲ့ ဆုံနိုင်မယ့်နည်းလမ်းများ

သစ္စာမရှိတဲ့ယောက်ျားတွေနဲ့ပဲ တွေ့နေရတဲ့ မိန်းကလေးတစ်ချို့ဆီကနေ လောကကြီးမှာကောင်းတဲ့ယောက်ျားမရှိဘူးလို့ ညည်းတွားတဲ့စကားသံတွေ ထွက်ပေါ်လာတတ်ပါတယ်။ဒါဟာ Mr Wrong ၊ Mr Cheater တွေနဲ့သာ ဆုံခဲ့ရလို့ပါ။ယုံဖို့တော့ ခက်ပေမယ့် လောကကြီးမှာ ကောင်းတဲ့ယောက်ျားတွေရှိပါသေးတယ်။“ဘယ်မှာလဲ ?” လို့မေးကြပါလိမ့်မယ်။ အဲ့ဒီ့အတွက်နည်းလမ်းတွေရှိပါတယ်။

(၁)အွန်လိုင်းမှာ တွေ့တဲ့သူတွေကို မယုံပါနဲ့
အွန်လိုင်းကနေ ယောက်ျားကောင်းကို တွေ့နိုင်ဖို့ အခွင့်အလမ်းဆိုတာ အလွန်နည်းပါးတယ်။ တကယ်တည်တည်ကြည်ကြည်နေတတ်တဲ့ယောက်ျားတစ်ယောက်ဆိုတာလည်း Facebook လိုနေရာမျိုးမှာ ကြူမနေတတ်ပါဘူး။ ဒီလို အွန်လိုင်းကနေ ကိုယ့်ကို လာကြူလို့ စိတ်ပါသွားမိမယ်ဆိုရင်တော့ ကိုယ်နဲ့တွဲပြီးရင်လည်း ဒီယောကျ်ားက အွန်လိုင်းမှာ ကိုယ့်လိုပဲ ဘယ်သူနဲ့များ သွားကြူနေဦးမလဲဆိုတာ တသက်လုံးပူပင်နေရပါလိမ့်မယ်။ ဒီတော့ အနည်းဆုံး အပြင်မှာ သူ့အကြောင်းဘာမှ ထူးထူးထွေထွေမသိရသေးဘဲ လေလှိုင်းပေါ်ကလူတွေကို ရှောင်ရှားပါ။

READ
ခ်စ္သူရဲ႕မိဘေတြနဲ႕သြားေတြ႕တဲ့အခါ လိုက္နာသင့္တဲ့ ေဆာင္ရန္ေရွာင္ရန္အခ်က္(၆)ခ်က္

(၂)စေတနာ့ဝန်ထမ်း လှုပ်ရှားမှုတွေမှာ ပါ၀င်ပါ
လိမ်ညာလှည့်စားတတ်တဲ့ ယောက်ျျားတွေဟာ စေတနာ့ဝန်ထမ်း အလုပ်တွေ လုပ်လေ့ရှိတယ်လို့ စာရေးသူတော့ မထင်ပါဘူး။စေတနာ့ဝန်ထမ်းလုပ်တဲ့သူတွေဟာကြင်နာတတ်သူတွေ၊စာနာ၊နွေးထွေးတက်သူတွေဖြစ်ရုံသာမက သူတို့ရဲ့သူငယ်ချင်းမိတ်ဆွေ၊မိသားစုနဲ့ချစ်သူအိမ်ထောင်ဖက်တွေအပေါ်မှာသစ္စာရှိတဲ့သူတွေ ဖြစ်ပါတယ်။ဒါကြောင့်စေတနာ့ဝန်ထမ်း လှုပ်ရှားမှုတွေမှာ ပါ၀င်ခြင်းအားဖြင့် သစ္စာရှိတဲ့ ယောက်ျားကို ရှာလို့ရပါတယ်။

(၃)သင့်သူငယ်ချင်းတွေ
သူတော်အချင်းချင်း သတင်းလွေ့လွေ့ပါင်းဖက်တွေ့တယ် ဆိုတဲ့စကားပုံအတိုင်းပါပဲ။လူတွေဟာ တူရာ တူရာ စုပြီးပေါင်းမိတတ်ကြပါတယ်။သင့်ဘေးမှာရှိနေတဲ့လူတွေကို တစ်ချက်ကြည့်လိုက်ပါ။ပြီးရင်တော့ ဒီထဲမှာ ကိုယ်နဲ့ ရင်းနှီးတာကြာပြီး ကိုယ့်အတွက် လက်တွဲဖော်ကောင်းဖြစ်လာနိုင်တဲ့သူ ရှိမရှိ ကိုယ့်ကိုကိုယ်မေးခွန်း ထုတ်အဖြေရှာလိုက်ပါ။

(၄)တစ်ခါတစ်လေ တစ်ယောက်တည်း နေတာမျိုးလုပ်ပါ


အမျိုးသမီးအများစုဟာ တစ်ယောက်တည်းသွားတာမျိုး သိပ်မရှိပဲ များသောအားဖြင့် အုပ်စုလိုက်သွားလာလေ့ ရှိပါတယ်။အခုလိုအမျိုးသမီးတွေ အုပ်စုလိုက်သွားလာနေတာဟာ ယောက်ျျားကောင်းတွေ သူမဆီကို ချဉ်းကပ်ရာမှာ အနှောင့်အယှက်အတားအဆီး ဖြစ်စေတတ်တယ်လို့အမေရိကန်စာရေးဆရာမ Karrine Steffans ရဲ့စာအုပ်တစ်အုပ် မှာရေးသားပါတယ်။ဒါကြောင့် တခါတလေ ကော်ဖီဆိုင်၊စာကြည့်တိုက် အစရှိတဲ့နေရာတွေကို တစ်ယောက်တည်းသွား တာမျိုး လုပ်ပေးရပါမယ်။

(၅)မတူတဲ့အရာလေးတွေ လုပ်ပါ။ မတူတဲ့နေရာတွေကို သွားပါ
တူညီတဲ့အရာတွေ တူညီတဲ့နေရာတွေကိုပဲ လုပ်နေသွားနေတတ်သူဆိုရင်တော့ မတူတာတွေ၊ မတူတဲ့အရာတွေ ကို ပြောင်းလုပ်ကြည့်ဖို့ အကြံပြုပါရစေ။စနေ၊တနင်္ဂနွေတိုင်းမှာ ကလပ်တွေကိုပဲသွားနေမယ့်အစားသူငယ်ချင်း တစ်ယောက်ယောက်ကများ ပြတိုက်တွေ၊ဓါတ်ပုံပြတွေကိုလိုက်ဖို့ ဖိတ်ခေါ်ခဲ့မယ်ဆိုရင် လိုက်သွားကြည့်လိုက်ပါ။ အဲ့ဒီနေရာတွေမှာသင်မျှော်လင့်နေတဲ့ သစ္စာရှိတဲ့ ယောကျာ်းဆိုတာ ရှိချင် ရှိနေပါလိမ့်မယ်။
(၆)ဘုရားကျောင်းကန် သွားပါ
ဘုရားကျောင်းကန်သွားပြီး ယောက်ျားကောင်းကိုရှာကြည့်တာဟာ ကောင်းတဲ့စိတ်ကူးတစ်ခုပါ။ယုံကြည်ရတဲ့ယောက်ျား၊ကိုယ် ကျင့်တရားကောင်းတဲ့သူ၊ကြင်နာတတ်တဲ့သူ၊စိတ်ထားပြည့်ဝသူတွေဟာ ဘုရားကို သွားလေ့ရှိပါတယ်။ ဘာသာရေးဆိုင်ရာ ပွဲအခမ်းအနားတွေမှာလည်း မကြာခဏပါ၀င်ပေးပါ။

(၇)စိတ်ရှည်ပါ
ဒါဟာအရေးကြီးပါတယ်။သင့်နှလုံးသားကိုနောက်ထပ်ဆုံးရှုံးနာကျင်ရတာမျိုး ထပ်မဖြစ်ရအောင် သတိထားပါ။ အချိန်ယူပါ။အလျင်မလိုပါနဲ့။မသေချာမရေရာတဲ့ ယောက်ျားတွေနဲ့တွဲပြီး အချိန်ကုန်မခံပါနဲ့။ကိုယ့်ဆီရောက်လာမယ့် Mr Right ကို စောင့်နေဖို့ တိုက်တွန်းပါရစေ။

sponsored