ဝက်ခြံကင်းစင်ပြီး အရုပ်မလေးလို ချောမွေ့နေတဲ့ မျက်နှာလေး ပိုင်ဆိုင်ဖို့ ဆိုရင်…

kitthanes/Freepik
Sponsored

မျက်နှာပေါ်မှာ ဝက်ခြံတွေ ရှိနေတာက တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလို ဝက်ခြံတွေ ဖြစ်ဖို့ကို မရည်ရွယ်ခဲ့ပေမယ့်လည်း ဝက်ခြံတွေ ကင်းပြီး ကြည်လင်တဲ့ မျက်နှာ ရအောင်တော့ ပြန် ဂရုစိုက်လို့ ရပါတယ်။ မျက်နှာလေး ကြည်လင်ပြီး ဝက်ခြံတွေ ကင်းဖို့ဆိုရင်တော့ ဒီအချက်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။

(၁) တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပါ

Sponsored

အဆီတွေ မျက်နှာတွင်း အသားအရေတွေ အောင်းနေရာကနေ ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုး မျက်နှာတွင်းမှာ အညစ်အကြေးတွေ အဆီတွေ ခိုအောင်း မနေစေဖို့ မနက်နဲ့ ညတိုင်းမှာ မျက်နှာပုံမှန် သစ်ပေးတာကတော့ ဝက်ခြံ မထွက်စေမယ့် အခြေခံ နည်းလမ်း ဖြစ်ပါတယ်။ ဝက်ခြံတွေ ပျောက်ဖို့အတွက်ကတော့ ဝက်ခြံအတွက် အဓိက ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးကို သုံးစွဲတာ အကောင်းဆုံး ဖြစ်ပါတယ်။

READ
အမည်းစက်တွေတွေကို တကယ်ပျောက်ချင်ရင် ... ဒီနည်းလမ်းတွေအတိုင်းလုပ်ကြည့်ပါ။
jcomp/Freepik

(၂) ဝက်ခြံပျောက်ဆေးလည်း လိမ်းပါ

ဝက်ခြံတွေ ရှိထားတဲ့ မျက်နှာဆိုရင် ဝက်ခြံတွေကို ပျောက်ကင်းအောင် ဆေးတွေလည်း လိမ်းပေးဖို့ လိုအပ်ပါတယ်။ အိမ်တွင်းနည်းအရဆိုရင် သနပ်ခါးကို ဝက်ခြံထွက်တဲ့နေရာတွေမှာ သုတ်လိမ်းထားလို့ ရသလို ဆေးဆိုင်တွေနဲ့ အလှကုန်ရောင်းချတဲ့ ကောင်တာတွေမှာ ဝက်ခြံကို လိမ်းတဲ့ဆေးတွေကို မေးမြန်းဝယ်ယူပြီး လိမ်းနိုင်ပါတယ်။

(၃) အစိုထိန်း ခရင်မ်ကို လိမ်းပါ

ဝက်ခြံထွက်လို့ moisturizer ကို မလိမ်းတာမျိုး မလုပ်သင့်ပါဘူး။ ရေဓာတ်ပြည့်ဝနေတဲ့ မျက်နှာက ဝက်ခြံထွက်တာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

maksymiv_yura/Freepik

(၃) အိပ်ရေး ဝအောင် အိပ်စက်ပါ

အိပ်ချိန် မပြည့်တာကလည်း ဝက်ခြံတွေ ထွက်အောင် ပြုလုပ်နိုင်ပါတယ်။ အိပ်ချိန် မပြည့်လို့ ပင်ပန်းနေရသူတွေမှာ ဝက်ခြံတွေ ပိုပြီး ထွက်တယ်လို့ သုတေသန တချို့ကလည်း ဆိုထားပါသေးတယ်။

Photo by Andrea Piacquadio from Pexels

(၄) မိတ်ကပ် ဖျက်ပါ

READ
Hormonal Acne ပေါက်တတ်သူတွေ မဖြစ်မနေ ရှောင်ရှားသင့်တဲ့ အစားအစာများ

တစ်နေ့တာ မိတ်ကပ်လိမ်းထားတဲ့ မျက်နှာကို မိတ်ကပ်မဖျက်ဘဲ တန်းအိပ်တာမျိုး မလုပ်သင့်ပါဘူး။ မျက်နှာက အဆီတွေ အညစ်အကြေးတွေကို အပြင်မထွက်နိုင်အောင် မိတ်ကပ်နဲ့ ပိတ်ထားသလို ဖြစ်တတ်ပြီး ဝက်ခြံတွေ ထွက်လာစေတတ်ပါတယ်။ ဒါကြောင့် မိတ်ကပ်ဖျက်ဖို့ကလည်း အရေးကြီးပါသေးတယ်။

(၅) ခေါင်းအုံးစွပ်တွေ သန့်ရှင်းနေပါစေ

ခေါင်းအုံးစွပ်တွေက မျက်နှာနဲ့ အထိတွေ့ဆုံး နေရာ တစ်ခု ဖြစ်ပါတယ်။ အညစ်အကြေးတွေ ရှိနေရင်တော့ ဝက်ခြံထွက်ဖို့ ပိုပံ့ပိုးနေမှာပါ။ ဒါကြောင့် ခေါင်းအုံးစွပ်တွေကို ပုံမှန် လျှော်ဖွတ် လဲလှယ်တာမျိုး ပြုလုပ်သင့်ပါတယ်။

Photo by Andrea Piacquadio from Pexels

(၆) စိတ်ဖိစီးမှုတွေကို လျှော့ချထားပါ

စိတ်ဖိစီးမှုတွေ များလာတဲ့အခါမှာလည်း မျက်နှာရဲ့ မေးစေ့ နဖူးနဲ့ နှာခေါင်းတွေမှာ ဝက်ခြံတွေ ထွက်လာစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် လျှော့ချနိုင်ရင်တော့ သင့်ဝက်ခြံတွေ မဖြစ်အောင်လို့ တားဆီးပြီးသား ဖြစ်နေမှာပါ။

Kham

sponsored