ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိတဲ့အခ်ိန္ စိတ္ဓာတ္ျပန္တက္ေအာင္လုပ္နည္း

Sponsored

Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်

ဘ၀မွာရင္ဆိုင္ရအခက္အခဲဆံုးအရာကကိုယ့္ကိုယ္ကိုယ္စိတ္ပ်က္မိတာပါပဲ။ဒီလိုအခ်ိန္မွာအရာရာကိုအရံႈးေပးခ်င္တဲ့စိတ္ကအခ်ိန္တိုင္းလိုလိုျဖစ္ေနတယ္။ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိေတာ့ဘဲဘ၀ဟာေရစုန္ေမ်ာတဲ့အမိႈက္တစ္စလိုပါပဲ။ဟိုကမ္းကပ္ဒီကမ္းကပ္နဲ႔တကယ့္ကိုကေမာက္ကမျဖစ္ေတာ့တာပါပဲ။ဒီလိုအေျခအေနေတြကေနဘယ္လိုရုန္းထြက္မလဲ။ကိုယ့္စိတ္ကိုအေကာင္းဆံုးျပန္လည္ျမွင့္တင္ႏိုင္မယ့္နည္းလမ္းေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

Sponsored

(၁)ကိုယ့္ကိုယ္ကိုယ္ညွာတာပါ

relaxation-hammock-relax-nap-OJO-Images-56a906255f9b58b7d0f76769-e1476158893889

ကိုယ့္ကိုယ္ကိုယ္ညွာတာပါလို႔ေျပာတဲ့အတြက္အလုပ္ကို ေသခ်ာဂရုမစိုက္ဘဲသက္ေတာင့္သက္သာေနသာသလိုေနဖုိ႔ဆိုလိုတာမဟုတ္ပါဘူး။သင့္ခႏာကိုယ္ရဲ႕ကုန္ဆံုးသြားတဲ့အားအင္ေတြကိုျပန္လည္ျဖည့္တင္းဖို႔လိုပါတယ္။စက္ပစၥည္းေတာင္ပ်က္စီးယိုယြင္းတာ ျပန္လည္မြမ္းမံတာမ်ိဳးလုပ္ရပါတယ္။သင့္ခႏာကိုယ္က်န္းမာၾကံ႕ခိုင္ေရးကိုလည္းလ်စ္လ်ဴရႈထားလို႔မရပါဘူး။လက္ဆတ္တဲ့ေလကိုရွဴရိႈက္တာ၊အစားကိုအခ်ိန္မွန္စားေနေပမယ့္အာဟာရရွိတဲ့အစားအစာျဖစ္ဖို႔လည္းလိုပါတယ္။ကိုယ့္ကိုယ္ကိုယ္အရမ္းပင္ပန္းေနၿပီ၊ ေျခကုန္လက္ပန္းက်ေနတယ္လို႔ခံစားေနရရင္မရမကအားတင္းၿပီးအလုပ္လုပ္တာမ်ိဳးကိုေရွာင္ၾကဥ္ပါ။ျပည့္ျပည့္၀၀အနားယူပါ။

(၂)ကိုယ့္ကိုယ္္ကိုယ္ျပန္လည္သံုးသပ္ပါ

အလုပ္ေတြဖိစီးလာတဲ့အခါအိပ္ခ်ိန္၊စားခ်ိန္မမွန္တာေၾကာင့္လူကအားအင္ခ်ိနဲ႔ၿပီးကိုယ့္ကိုယ္ကိုယ္အရံႈးသမားတစ္ေယာက္လိုခံစားေနရတတ္ပါတယ္။ပင္ပန္းတာခ်င္းအတူတူအစားအေသာက္အပ်က္မခံဘူး။အိပ္ရင္လည္းအိပ္ေပ်ာ္လြယ္တယ္။ဒီလိုလူေတြက်ေတာ့ပင္ပန္းသေလာက္ပင္ပန္းတယ္လို႔မထင္ရဘူး။ဒါေၾကာင့္ကိုယ့္ရဲ႕စားေသာက္ေနထုိင္မႈပံုစံ၊အလုပ္လုပ္ခ်ိန္၊အနားယူခ်ိန္ေတြမွ်တမႈရွိရဲ႕လားျပန္လည္သံုးသပ္သင့္ပါတယ္။ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈမရွိျဖစ္ေနလား။ဥပမာလက္ခံထားတဲ့အလုပ္ကိုအခ်ိန္နီးကပ္မွမၿပီးျပတ္လို႔စိုးရိမ္ေသာကေရာက္ရတာမ်ိဳးခဏခဏျဖစ္ေနတာေတြကကိုယ့္ရဲ႕လုပ္ငန္းစြမ္းေဆာင္ရည္ေတြကိုတျဖည္းျဖည္းက်ဆင္းေစပါတယ္။

(၃)ကိုယ့္ရဲ႕အရည္အေသြးအေပၚသံသယရွိေနတာကိုျပန္လည္သံုးသပ္ပါ

shutterstock_93488842-e1476158705582

ငါလုပ္ႏိုင္ပါ့မလား၊ငါလုပ္ေနက်အလုပ္မဟုတ္ဘူး၊အဆင္ေျပပါ့မလားဆိုၿပီးကိုယ့္အရည္အခ်င္းအေပၚသံသယ၀င္မိတာဟာ တျခားသူနဲ႔ကိုယ့္ကိုယ္ကိုယ္ႏိႈင္းယွဥ္မိလို႔ျဖစ္ပါတယ္။ဒီလိုသံသယ၀င္မိျခင္းေၾကာင့္တျဖည္းျဖည္းနဲ႔ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈကင္းမဲ့လာေစပါတယ္။ဒါေၾကာင့္ သင့္ကိုယ္သင္သံသယ၀င္မိေနတယ္၊ တျခားသူေတြနဲ႔ႏႈိင္းယွဥ္မိေနတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္နားလည္ခြင့္လႊတ္ေပးပါ။ကိစၥတစ္ခုမွာ အဆိုးနဲ႔အေကာင္းရလဒ္ႏွစ္မ်ိဳးေသခ်ာေပါက္ရွိေနတယ္ဆိုတာ သတိရပါ။အေကာင္းမရႏုိင္ဘူးလား၊အိုေက အဲ့ဒါဆိုအဆိုးကိုပဲ လက္ခံလုိက္ပါ။

(၄)အၿမဲတမ္းလမ္းတစ္၀က္ကေနပဲလွည့္ျပန္ေနရတာလား

ဘယ္သူမဆို ရည္မွန္းခ်က္ႀကီးႀကီးထားတတ္ၾကသလို အေကာင္းဆံုးရလဒ္ကိုေမွ်ာ္လင့္တတ္ၾကတာခ်ည္းပါပဲ။ဒါေပမယ့္ အေကာင္းဆံုးရလဒ္အတြက္စိတ္ရွည္သည္းခံျခင္းနဲ႔အေကာင္းဆံုးႀကိဳးစားအားထုတ္မႈအတြက္ရင္းႏွီးျမွဳပ္ႏွံဖို႔ကိုေတာ့လူတိုင္းမလုပ္ႏိုင္ၾကပါဘူး။ေအာင္ျမင္ေရးလမ္းေၾကာင္းကိုေလွ်ာက္လွမ္းတဲ့အခါခရီးအစမွာတက္ၾကြခဲ့သေလာက္လမ္းတစ္၀က္မွာလွည့္ျပန္ရတဲ့အခိုက္အတန္႔ေတြႀကံဳဖူးၾကမွာပါ။တကယ္ေတာ့အေကာင္းဆံုးရလဒ္ေတြဟာ ေန႔ခ်င္းညခ်င္းျဖစ္မလာႏိုင္ဘူးဆိုတဲ့အခ်က္ကို ေမ့ေနျခင္းေၾကာင့္ျဖစ္ပါတယ္။ဒါေၾကာင့္ အေကာင္းဆံုးႀကိဳးစားပါ၊ အဆိုးဆံုးကို ေ့မမထားဘဲ မပ်က္မကြက္လုပ္ေဆာင္ပါ။ခရီးဆံုးထိေတာ့ေရာက္သြားမွာပါ။

(၅)ခ်က္ခ်င္းစတင္ပါ

FirstJob-e1476159018458

လက္ဖက္ေကာင္းစားခ်င္ရင္ပေလာင္ေတာင္တက္ေႏွးရတယ္ဆိုတဲ့စကားပံုကိုအဓိပၸာယ္ေကာက္လြဲေနတတ္ၾကပါတယ္။ေတာင္တက္ေႏွးရမယ္လို႔ဆိုလိုျခင္းျဖစ္ပါတယ္။မစတင္ေသးဘဲအခ်ိန္ကိုေစာင့္ဆိုင္းရမယ္လို႔ဆိုလိုတာမဟုတ္ပါဘူး။ရလဒ္ထက္စြမ္းေဆာင္ခ်က္ကိုဦးစားေပးပါ။လုပ္ခ်င္တဲ့ကိစၥကိုဒီေန႔ပဲခ်က္ခ်င္းအေကာင္အထည္ေဖာ္လိုက္ပါ။ရလဒ္ေကာင္းပိုင္ဆိုင္ရဖို႔ ျဖည္းျဖည္းမွန္မွန္ လုပ္ေဆာင္ပါ။

Myo Myo (auntymay)

ref:lifehack.org


Unicode version

ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတဲ့အချိန် စိတ်ဓာတ်ပြန်တက်အောင်လုပ်နည်း

ဘဝမှာရင်ဆိုင်ရအခက်အခဲဆုံးအရာကကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မိတာပါပဲ။ဒီလိုအချိန်မှာအရာရာကိုအရှုံးပေးချင်တဲ့စိတ်ကအချိန်တိုင်းလိုလိုဖြစ်နေတယ်။ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘဲဘဝဟာရေစုန်မျောတဲ့အမှိုက်တစ်စလိုပါပဲ။ဟိုကမ်းကပ်ဒီကမ်းကပ်နဲ့တကယ့်ကိုကမောက်ကမဖြစ်တော့တာပါပဲ။ဒီလိုအခြေအနေတွေကနေဘယ်လိုရုန်းထွက်မလဲ။ကိုယ့်စိတ်ကိုအကောင်းဆုံးပြန်လည်မြှင့်တင်နိုင်မယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁)ကိုယ့်ကိုယ်ကိုယ်ညှာတာပါ

relaxation-hammock-relax-nap-OJO-Images-56a906255f9b58b7d0f76769-e1476158893889

ကိုယ့်ကိုယ်ကိုယ်ညှာတာပါလို့ပြောတဲ့အတွက်အလုပ်ကို သေချာဂရုမစိုက်ဘဲသက်တောင့်သက်သာနေသာသလိုနေဖို့ဆိုလိုတာမဟုတ်ပါဘူး။သင့်ခနာကိုယ်ရဲ့ကုန်ဆုံးသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်တင်းဖို့လိုပါတယ်။စက်ပစ္စည်းတောင်ပျက်စီးယိုယွင်းတာ ပြန်လည်မွမ်းမံတာမျိုးလုပ်ရပါတယ်။သင့်ခနာကိုယ်ကျန်းမာကြံ့ခိုင်ရေးကိုလည်းလျစ်လျူရှုထားလို့မရပါဘူး။လက်ဆတ်တဲ့လေကိုရှူရှိုက်တာ၊အစားကိုအချိန်မှန်စားနေပေမယ့်အာဟာရရှိတဲ့အစားအစာဖြစ်ဖို့လည်းလိုပါတယ်။ကိုယ့်ကိုယ်ကိုယ်အရမ်းပင်ပန်းနေပြီ၊ ခြေကုန်လက်ပန်းကျနေတယ်လို့ခံစားနေရရင်မရမကအားတင်းပြီးအလုပ်လုပ်တာမျိုးကိုရှောင်ကြဉ်ပါ။ပြည့်ပြည့်ဝဝအနားယူပါ။

(၂)ကိုယ့်ကိုယ််ကိုယ်ပြန်လည်သုံးသပ်ပါ

အလုပ်တွေဖိစီးလာတဲ့အခါအိပ်ချိန်၊စားချိန်မမှန်တာကြောင့်လူကအားအင်ချိနဲ့ပြီးကိုယ့်ကိုယ်ကိုယ်အရှုံးသမားတစ်ယောက်လိုခံစားနေရတတ်ပါတယ်။ပင်ပန်းတာချင်းအတူတူအစားအသောက်အပျက်မခံဘူး။အိပ်ရင်လည်းအိပ်ပျော်လွယ်တယ်။ဒီလိုလူတွေကျတော့ပင်ပန်းသလောက်ပင်ပန်းတယ်လို့မထင်ရဘူး။ဒါကြောင့်ကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံစံ၊အလုပ်လုပ်ချိန်၊အနားယူချိန်တွေမျှတမှုရှိရဲ့လားပြန်လည်သုံးသပ်သင့်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဖြစ်နေလား။ဥပမာလက်ခံထားတဲ့အလုပ်ကိုအချိန်နီးကပ်မှမပြီးပြတ်လို့စိုးရိမ်သောကရောက်ရတာမျိုးခဏခဏဖြစ်နေတာတွေကကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေကိုတဖြည်းဖြည်းကျဆင်းစေပါတယ်။

(၃)ကိုယ့်ရဲ့အရည်အသွေးအပေါ်သံသယရှိနေတာကိုပြန်လည်သုံးသပ်ပါ

shutterstock_93488842-e1476158705582

ငါလုပ်နိုင်ပါ့မလား၊ငါလုပ်နေကျအလုပ်မဟုတ်ဘူး၊အဆင်ပြေပါ့မလားဆိုပြီးကိုယ့်အရည်အချင်းအပေါ်သံသယဝင်မိတာဟာ တခြားသူနဲ့ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်မိလို့ဖြစ်ပါတယ်။ဒီလိုသံသယဝင်မိခြင်းကြောင့်တဖြည်းဖြည်းနဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကင်းမဲ့လာစေပါတယ်။ဒါကြောင့် သင့်ကိုယ်သင်သံသယဝင်မိနေတယ်၊ တခြားသူတွေနဲ့နှိုင်းယှဉ်မိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်နားလည်ခွင့်လွှတ်ပေးပါ။ကိစ္စတစ်ခုမှာ အဆိုးနဲ့အကောင်းရလဒ်နှစ်မျိုးသေချာပေါက်ရှိနေတယ်ဆိုတာ သတိရပါ။အကောင်းမရနိုင်ဘူးလား၊အိုကေ အဲ့ဒါဆိုအဆိုးကိုပဲ လက်ခံလိုက်ပါ။

(၄)အမြဲတမ်းလမ်းတစ်ဝက်ကနေပဲလှည့်ပြန်နေရတာလား

ဘယ်သူမဆို ရည်မှန်းချက်ကြီးကြီးထားတတ်ကြသလို အကောင်းဆုံးရလဒ်ကိုမျှော်လင့်တတ်ကြတာချည်းပါပဲ။ဒါပေမယ့် အကောင်းဆုံးရလဒ်အတွက်စိတ်ရှည်သည်းခံခြင်းနဲ့အကောင်းဆုံးကြိုးစားအားထုတ်မှုအတွက်ရင်းနှီးမြှုပ်နှံဖို့ကိုတော့လူတိုင်းမလုပ်နိုင်ကြပါဘူး။အောင်မြင်ရေးလမ်းကြောင်းကိုလျှောက်လှမ်းတဲ့အခါခရီးအစမှာတက်ကြွခဲ့သလောက်လမ်းတစ်ဝက်မှာလှည့်ပြန်ရတဲ့အခိုက်အတန့်တွေကြုံဖူးကြမှာပါ။တကယ်တော့အကောင်းဆုံးရလဒ်တွေဟာ နေ့ချင်းညချင်းဖြစ်မလာနိုင်ဘူးဆိုတဲ့အချက်ကို မေ့နေခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အကောင်းဆုံးကြိုးစားပါ၊ အဆိုးဆုံးကို ေ့မမထားဘဲ မပျက်မကွက်လုပ်ဆောင်ပါ။ခရီးဆုံးထိတော့ရောက်သွားမှာပါ။

(၅)ချက်ချင်းစတင်ပါ

FirstJob-e1476159018458

လက်ဖက်ကောင်းစားချင်ရင်ပလောင်တောင်တက်နှေးရတယ်ဆိုတဲ့စကားပုံကိုအဓိပ္ပာယ်ကောက်လွဲနေတတ်ကြပါတယ်။တောင်တက်နှေးရမယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။မစတင်သေးဘဲအချိန်ကိုစောင့်ဆိုင်းရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ရလဒ်ထက်စွမ်းဆောင်ချက်ကိုဦးစားပေးပါ။လုပ်ချင်တဲ့ကိစ္စကိုဒီနေ့ပဲချက်ချင်းအကောင်အထည်ဖော်လိုက်ပါ။ရလဒ်ကောင်းပိုင်ဆိုင်ရဖို့ ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်ပါ။

Myo Myo (auntymay)

ref:lifehack.org

 

sponsored