ကိုယ့် Crush လေးက ကိုယ့်ကို ကြွေသွားအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းကောင်းများ

prostooleh/Freepik
Sponsored

ချစ်တတ်တယ်ဆိုတာ ကောင်လေးတွေပဲ ချစ်တတ်တာမျိုးတော့ မဟုတ်ပါဘူး။ မိန်းကလေးတွေကလည်း ကောင်လေးတစ်ယောက်ကို ကိုယ်က အရင် စပြီး ကြိုက်မိတာ၊ ချစ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ချစ်မိတဲ့သူက ကိုယ့်ကို ချစ်လာဖို့ မျှော်လင့်မိတာကတော့ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမို့ စပြီး ဖွင့်ပြောဖို့ ခက်ခဲနိုင်ပေမယ့် သူ့ရဲ့ စိတ်ကိုတော့ ကိုယ့်ဆီရောက်လာအောင် ဒီအချက်လေးတွေကို အသုံးပြုပြီး ကြွေသွားအောင် လုပ်လို့ ရပါတယ်နော်။

စိတ်ဝင်စားစရာ ကောင်းနေပါစေ

Sponsored

လူဆိုတာ စိတ်ဝင်စားစရာ ရှိတဲ့သူကိုမှ ပိုပြီး စိတ်ဝင်စား သိချင်လာတာမျိုးပါ။ ဒါ့ကြောင့် ကိုယ့်အကြောင်းကို ကိုယ့်ဘက်က အကုန်ပြောပြတာမျိုးကို မလုပ်သင့်ပါဘူး။ နည်းနည်းလေးပဲ ကိုယ့်အကြောင်းပြောပြပြီး သူ့ကို ပိုပြီး သိချင်အောင် လုပ်မယ်ဆိုရင်တော့ သူ့စိတ်ထဲ သင့်အကြောင်းပဲ တွေးဖြစ်နေမှာပါ။ ဒါကြောင့် ကိုယ့်အကြောင်းတွေကို အကုန် လုံးဝ မပြောမိပါစေနဲ့နော်။

bilahata/Freepik

သန်မာပါစေ

ဘယ်သူ့ကိုမှ အားမကိုးဘဲ နေရဲတဲ့ မိန်းကလေးမျိုးကို ကောင်လေးတွေက သဘောကျတတ်ပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး ရဲတင်းတဲ့ ကောင်မလေးက သူတို့အတွက် စိတ်ဝင်စားစရာ ကောင်းနေတတ်ပါတယ်။ ကောင်လေးတွေရဲ့ သဘာဝက ကိုယ့်အားကိုယ်ကိုး နိုင်ရင်တောင်မှ သူတို့ကို လိုအပ်စေချင်တာမျိုး ဖြစ်တတ်တာမို့ သင့်ဆီက သူတို့ကို လိုအပ်ပါတယ်ဆိုတာမျိုးရဖို့အတွက် သင့်ကို စိတ်ဝင်စားလာမှာပါ။

READ
အစာအိမ်နာတတ်တဲ့ သူတွေအတွက် လုံးဝ မသင့်လျော်တဲ့ နာမည်ကြီး အစားအစာများ
mego-studio/Freepik

ဉာဏ်ကောင်းတာကို ပြပါ

ဉာဏ်ကောင်းပြီး တွေးခေါ်တတ်တဲ့ မိန်းကလေးတွေက ကောင်လေးတွေဆီကနေ အထင်ကြီးမှုနဲ့အတူ စိတ်ဝင်စားမှုတွေ ရလာတတ်ပါတယ်။ ကိုယ့်ကို လာအရူးလုပ်လို့ မရဘူးဆိုတဲ့ပုံစံကြောင့် လှည့်စားသူတွေ ကိုယ့်ကို ချဉ်းကပ်လို့ ရတဲ့ လွယ်လွယ်လူမျိုး မဟုတ်ဘူးဆိုတာကို ကိုယ့် crush ကို သိသွားစေမှာပါ။ ဒါ့ကြောင့်ပဲ သင်နဲ့ စကားစမြည် ပြောချင်လာတာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

wayhomestudio/Freepik

အသားထိတွေ့မိတာမျိုး လုပ်ပါ

တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှု ဖြစ်စေတဲ့ အချက်တွေထဲမှာ ရင်းနှီးတဲ့ ထိတွေ့မှု ပုံစံတွေ ပါဝင်ပါတယ်။ လက်ကို လှမ်းဆွဲမိတာမျိုး၊ ပုခုံးချင်း ထိမိနေတာမျိုး၊ ဘေးချင်းယှဉ်ရပ်မိတာမျိုး စတာမျိုးတွေက ကောင်လေးတွေရဲ့ စိတ်ကို ဖမ်းစားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က မရည်ရွယ်ဘဲ ထိမိတယ်၊ နီးကပ်သွားတယ်ဆိုတာမျိုး ဖန်တီးမယ်ဆိုရင် သူ့စိတ်ထဲကို သင်က ရောက်သွားမှာ အသေအချာပါပဲနော်။

လျစ်လျူရှုပါ

လျစ်လျူရှုခံရတဲ့သူက ပိုပြီး ခံရခက်တယ်၊ ဆက်သွယ်ချင်လာတယ်ဆိုတာကို သိမှာပါ။ ဒါကြောင့် ကိုယ့်ဘက်က စဆက်သွယ်မိတယ်ဆိုတာမျိုး၊ လမ်းမှာ ဆုံရင် အတင်းသွားနှုတ်ဆက်မိတာမျိုး မလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့် crush ကို ကိုယ့်ဘက်ကနေ ရင်းနှီးတယ်ဆိုရင်တောင်မှ မသိချင်ယောင်ဆောင်ဖို့ အချိန်တွေ လိုအပ်ပါတယ်။ ဒီလိုမျိုး သူမေးတာတွေကို လျစ်လျူရှုတာ၊ သူ့ကို တွေ့ရင်တောင် မသိချင်ယောင်ဆောင်လိုက်တာမျိုးက သူ့စိတ်ထဲ ခုလုခုလု ဖြစ်သွားစေပြီး သင့်အကြောင်းကို ပိုပြီး တွေးမိလာစေမှာပါ။

READ
အဖော်တွေမလိုဘဲ တစ်ယောက်တည်းနဲ့လည်း အပျော်ရွှင်ဆုံးဖြစ်အောင် နေထိုင်နည်း (၈) မျိုး
wavebreakmedia/Freepik

ကိုယ့်ကိုယ်ကို အာရုံအပြည့်ပေးပါ

ကိုယ့်ကိုယ်ကိုကလွဲရင် သူများအပေါ် သိပ်ပြီး အာရုံမထားဘဲ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့ မိန်းကလေးမျိုးကို ကောင်လေးတွေက သဘောကျပါတယ်။ ကောင်လေးကလွဲရင် အာရုံမရှိတဲ့ ကောင်မလေးမျိုးထက် ကိုယ့်ကိုယ်ကို အချိန်ပေးတတ်တဲ့ ကောင်မလေးမျိုးက သူတို့အမြင်မှာ ပိုပြီး ဆွဲဆောင်မှု ရှိတာကြောင့် ဖြစ်ပါတယ်။ သူနဲ့ စကားပြောနေရင်း အိပ်တော့မယ်ဆိုပြီး စကားစ ဖြတ်လိုက်တာမျိုးကလည်း သူ့အပေါ် ပိုပြီး စိတ်ခံစားချက် ရှိလာစေတတ်ပါသေးတယ်။

ရင်းနှီးသမှု ပြုပါ

အမြဲတမ်းကြီး အပေါ်က အချက်တွေကို လုပ်ဖို့တော့ မလိုအပ်ပါဘူးနော်။ သူက ကိုယ့်ကို အပြည့်အဝ စိတ်ဝင်စားနေပြီဆိုတဲ့ အချိန်ကို ရောက်ရင်တော့ သူနဲ့ ရင်းနှီးဖို့ ရယူဖို့ လုပ်ပြီး ဘာလိုလို ညာလိုလို အခြေအနေမျိုး ဖြစ်အောင် ဖန်တီးကြည့်သင့်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့် crush လေးကနေ ကိုယ့်ရဲ့ ချစ်သူ ဖြစ်လာမှာပါနော်။

Kham

 

 

sponsored