ချွတ်ဆေးထိထားလို့ ပျက်စီးနေတဲ့ဆံကေသာတွေအတွက် အထိရောက်ဆုံးနည်းလမ်းများ

pinterest by bertha plotkin
Sponsored

ဆံပင်ဖြောင့်၊ကောက်နဲ့ ချွတ်ဆေးသုံးပြီး ဆေးဆိုးတာတွေ လုပ်ပြီးကာစမှာ အရမ်းကိုလှပေမယ့် အချိန်တွေကြာလာတဲ့အခါ လှတဲ့အရောင်လေးတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်လာပြီး ဆံပင်ပျက်စီးတာ၊ ကြမ်းတမ်းမွဲ ခြောက်တာတွေ ဖြစ်လာပါရော။ ဆံပင်မပျက်စီးခင်မှာ မျိုးစုံလျှောက်လုပ်လို့ ကောင်းနေပေမယ့် ပျက်စီးနေပြီ ဆိုရင်တော့ ပြန်ကောင်းလာအောင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘဲ စိတ်ညစ်ရပါရော။ ဒီတော့ ချွတ်ဆေးထိထားလို့ အရောင်လွင့်ပျက်စီးနေတဲ့ဆံကေသာတွေကို ပြန်ကောင်းစေနိုင်မယ့် အိမ်တွင်းနည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ထောပတ်သီး

shutterstock By Maks Narodenko

ထောပတ်သီး အမှည့်တစ်လုံးနဲ့ ကြက်ဥအနှစ်တစ်လုံးကို ရောမွှေပြီး အဲ့ဒီအနှစ်ကို ဦးရေပြားနဲ့ ဆံပင်အနှံ့ လိမ်းပေးပါ။ နှစ်မိနစ်လောက် နှိပ်နယ်ပေးပြီး မိနစ်နှစ်ဆယ်လောက်ကြာရင် ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ တစ်ပတ်တစ်ခါလောက် လုပ်ပေးရုံနဲ့ မွဲခြောက်ကြမ်းတမ်းနေတဲ့ ဆံပင်တွေကိုပြန်ပြီး ချောမွတ်စေမှာပါ။

(၂) အုန်းဆီ

Sponsored

အုန်းဆီမှာ lauric acid ပါဝင်တာကြောင့် ပျက်စီးနေတဲ့ဆံကေသာတွေကိုပြန်လည်ကောင်းမွန်လာအောင် ပြုပြင်ပေးနိုင်ပါတယ်။ ချွတ်ဆေးကြောင့် ဆံပင်တွေပျက်စီးနေတယ်ဆိုရင် ခေါင်းမလျှော်ခင်တစ်ညမှာ အုန်းဆီကိုရွှဲနေအောင်လိမ်းပေးပြီးနောက်နေ့မှလျှော်ပေးလိုက်ပါ။ ဒါဆို ဆံပင်ပျက်စီးနေတာတွေ သက်သာလာပါလိမ့်မယ်။

READ
ပျက်စီးပြီးသားဆံပင်တွေကို ပိုးသားလေးလို နူးညံ့ပျော့ပျောင်းစေမယ့် နည်းလမ်း(၂)မျိုး

(၃) ထောပတ်

ထောပတ်အနည်းငယ်ကို ယူပြီး ဦးရေပြားအနှံ့လိမ်းပေးပါ။ ခဏလောက် နှိပ်နယ်ပေးပြီး shower cap လေးနဲ့စွပ်ထားပေးလိုက်ပါ။ နာရီဝက်လောက်ကြာတဲ့အခါ ခေါင်းလျှော်ပေးလိုက်ရုံနဲ့ ချောမွတ်တောက်ပတဲ့ဆံကေသာကိုပြန်ရရှိမှာပါ။

(၄) ခေါင်းလျှော်ရည်နဲ့ကြက်ဥ

shutterstock By mirzamlk

သုံးနေကျခေါင်းလျှော်ရည်ကို ကြက်ဥအနှစ်တစ်လုံးနဲ့ရောပြီး ခေါင်းလျှော်ပေးရမှာပါ။ ဒီနည်းလမ်းကိုတစ်ပတ်နှစ်ခါလောက်လုပ်ပေးရုံနဲ့ ဆံပင်အစိုဓာတ်ပြန်ပြည့်လာပြီး မွဲခြောက်ကြမ်းတမ်းမှုတွေလျော့နည်းလာပါလိမ့်မယ်။

(၅) ငှက်ပျောသီး

shutterstock By Iurii Kachkovskyi

ငှက်ပျောသီးကိုချေပြီးရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ဆံကေသာအနှံ့လိမ်းပေးပြီး နာရီဝက်အကြာမှာ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ ငှက်ပျောသီးက ဆံပင်အမြစ်ကနေ အဖျားအထိပြန်လည်သန်စွမ်းစေနိုင်စွမ်းရှိတာကြောင့် ချွတ်ဆေးကြောင့်ပျက်စီးနေတဲ့ဆံကေသာတွေကိုလည်း အချိန်တိုအတွင်း ပြန်လည်ကောင်းမွန် သန်စွမ်းစေနိုင်ပါတယ်။

MAY THAZINHTOO

 

sponsored