အရောင်းဆိုးထားတဲ့ ဆံပင်ကို မပျက်စီးအောင်နဲ့ အရောင်မွဲမသွားအောင် ထိန်းသိမ်းနည်း

shutterstock/YAKOBCHUK VIACHESLAV
Sponsored

ဆံပင်အရောင်ဆိုးတဲ့အခါမှာ ခဏလေးနဲ့ ကိုယ်ဆိုးထားတဲ့အရောင်လေး အရောင်မွဲမသွားစေဖို့နဲ့ မပျက်စီးစေဖို့ကို လူတိုင်းလိုချင်ကြပါတယ်။ ဆံပင်ဆိုးတဲ့အခါ အဓိကက ဆံပင်တွေ ပျက်စီးသွားမှာ ကြောက်ကြတာ ပါပဲ။ ဒီတော့ ဆံပင်အရောင်တွေ မွဲမသွားစေဖို့နဲ့ ပျက်စီးမှုမရှိဖို့ နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်နော်။

ခေါင်းမြန်မြန်လျှော်ပါ

shutterstock/Parilov

ဆံပင်အရောင်ဆိုးပြီးတဲ့ အချိန်ကနေ နောက်တစ်ခေါက် ခေါင်းလျှော်မယ့် ရက်ကို တတ်နိုင်သလောက် မြန်မြန်လျှော်ပေးပါ။ ဖြစ်နိုင်ရင် ဆံပင်အရောင်းဆိုးပြီးလို့ နောက်နှစ်ရက်လောက်နေရင် ခေါင်းလျှော်ပေးသင့်ပါတယ်။ ဒါက ဆံပင်ပျက်စီးခြင်းကို ကာကွယ်စေပြီး ဆံပင်ကာလာအရောင်တွေက ကျွတ်နေအုံးမှာပါပဲ။ ဒါပေမယ့် ဒါဟာ ဆံပင်ကာလာအရောင်ကို မွဲမွဲကြီး ဖြစ်သွားစေတာမျိုး မဟုတ်လို့ စိတ်ပူစရာ မလိုပါဘူးနော်။

မှန်ကန်တဲ့ hair mask ကိုသုံးပါ

Sponsored

ဆံပင်အရောင်ဆိုးလိုက်လို့ ပျက်စီးသွားတဲ့ ဆံပင်သားအတွက် ပြန်လည်ကောင်းမွန်လာစေဖို့ ကိုယ်နဲ့အဆင်ပြေတဲ့ hair mask လေးကို သုံးပေးဖို့ လိုအပ်ပါတယ်။ ခေါင်းလျှော်တဲ့အချိန်မှာ hair mask လေးကိုတော့ မဖြစ်မနေသုံးပေးသင့်ပြီး ဒါက ဆံပင်သားတွေ ဖွာထွက်ပြီး ကြမ်းရှရှဖြစ်တာ၊ ဆံပင်နှစ်ခွဖြစ်တာနဲ့ ဆံပင်တွေ ပြတ်တောက်တာတွေကို မဖြစ်ပေါ်အောင် ကာကွယ်ပေးပါတယ်။

READ
ကိုယ့်အိမ်မှာပဲ ဆံပင်ဆိုးတတ်တဲ့ပျိုမေတွေအတွက် ဆောင်ရန်၊ ရှောင်ရန်လေးများ

နေရောင်ခြည်ဒဏ်ကို ကာကွယ်ပါ

shutterstock/Izabela Magier

နေရောင်ခြည်မှာပါဝင်တဲ့ UV rays က အသားအရေတွေကိုပဲ ပျက်စီးစေတာမဟုတ်ပဲ ဆံပင်တွေကိုလည်း ပျက်စီးစေပါတယ်။ ဒါကြောင့် ဆံပင်သားတွေ မပျက်စီးစေဖို့၊ ဆံပင်ဆိုးထားတဲ့ အရောင်တွေ မွဲတည်းတည်းဖြစ်မသွားစေဖို့ အပြင်သွားတဲ့အချိန်တွေမှာ ဦးထုပ်တို့၊ ထီးတို့ စတဲ့ အကာအကွယ်တွေ ယူသွားသင့်ပါတယ်နော်။

ရေအေးနဲ့ ခေါင်းလျှော်ပါ

ရေနွေးနဲ့ ခေါင်းလျှော်တဲ့အခါမှာ ဆံပင်သားတွေ ခြောက်သွေ့ပျက်စီးစေပြီး ဆံပင်အရောင်တွေကို မွဲသွားစေပါတယ်။ ရေအေးနဲ့ ခေါင်းလျှော်ခြင်းက ဆံပင်ကို ကျန်းမာသန်စွမ်းစေပြီးတော့ အရောင်တောက်ပလာစေပါတယ်နော်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါမှာ ရေအေးနဲ့ပဲ ခေါင်းလျှော်သင့်ပါတယ်။

Khin

sponsored