တစ်ကိုယ်လုံးရဲ့ အသားအရေကို ဒီလိုနည်းတွေနဲ့ အကောင်းဆုံး ထိန်းသိမ်းကြမယ်….

drobotdean/Freepik
Sponsored

မိန်းကလေးတွေက အလှအပအတွက် အသားအရေကို လှပအောင် ထိန်းသိမ်းကြပေမယ့် အများစုကတော့ မျက်နှာအသားအရေကိုပဲ ဂရုစိုက်နေလေ့ ရှိပါတယ်။ အသားအရေ လှဖို့ဆိုရင် တစ်ကိုယ်လုံးကို ဂရုစိုက်ပေးနိုင်ရင် ပိုပြီးတော့ အလှဆုံး ဖြစ်နေမှာ ဖြစ်ပါတယ်။ အသားအရေ ထိန်းသိမ်းဖို့အတွက်ဆိုရင် ကိုယ်တိုင် အချိန်ပေးပြီး ဂရုစိုက်ပေးရင် ဖြစ်ပါတယ်။ ဒီအတွက် ဒီလိုအရာလေးတွေပဲ လုပ်ပေးဖို့ လိုအပ်တာပါ..။

ချွေးထွက်ပါစေ

Sponsored

ကျန်းမာတဲ့အသားအရေအတွက်ဆိုရင် ချွေးထွက်ပေးဖို့ လိုအပ်ပါတယ်။ ချွေးမထွက်တဲ့ဘဝက သက်တောင့် သက်သာ နေရတဲ့ဘဝလို့ ဆိုရပေမယ့် အသားအရေအတွက်တော့ မကောင်းပါဘူး။ ဒါကြောင့် အသားအရေအတွက် ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး ချွေးထွက်စေတာက သင့်ကို ပိုပြီး အညစ်အကြေးတွေ ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာစေမယ့် နည်းတစ်ခု ဖြစ်ပါတယ်။

READ
နေ့စဉ်ဘဝကို ပိုခက်ခဲစေတဲ့ ခံစားလွယ်တဲ့စိတ်ကို ဘယ်လို ပြုပြင်ကြမလဲ
jcomp/Freepik

ချေးချွတ်ပေးပါ

အသားအရေမှာ ကပ်ငြိနေတဲ့ ချွေးတွေ၊ ဖုန်မှုန့်တွေကြောင့် အသားအရေမှာ ချေးတွေ ရှိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီအတွက် ရေချိုးတဲ့အချိန်မှာ အချိန်ပေးပြီး ချေးတွန်းပေးတာမျိုးက အသားအရေ ထိန်းသိမ်းရာမှာ လုပ်ရမယ့် အဆင့်တစ်ခုလည်း ဖြစ်ပါတယ်။

jcomp/Freepik

ဆဲလ်သေတွေကို ဖယ်ရှားမယ်

အသားအရေကို ထိန်းသိမ်းမယ့် နောက်တစ်ဆင့်အနေနဲ့ ရေချိုးပြီးတဲ့အခါ ကော်ဖီ scrub နဲ့ ခန္ဓာကိုယ်ကို scrub လုပ်ပေးတာက အသားအရေက ဆဲလ်သေတွေပါ ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေကို ပြန်ဖြစ်စေပါတယ်။ ဒီအချက်ရဲ့ ရလဒ်အနေနဲ့ သင့်အသားအရေ လန်းဆန်းပြီး ကြည်လင်လာမှာ ဖြစ်ပါတယ်။

user18526052/Freepik

Lotion သုံးပေးပါ

နောက်ဆုံး အချက်အနေနဲ့ ရေချိုးပြီးတဲ့အခါတွေမှာ အစိုဓာတ်ဖြည့်ပေးတဲ့ lotion လိမ်းပေးတာ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပြင်သွားတိုင်း suncream လိမ်းပေးတာမျိုး၊ SPF ပါတဲ့ Lotion လိမ်းပေးတာမျိုး လုပ်ပေးတာက နေလောင်တဲ့ဒဏ်ကို ကာကွယ်ပြီးသား ဖြစ်လို့ အသားအရေ ထိန်းသိမ်းဖို့ လုပ်သင့်တဲ့ အချက် ဖြစ်ပါတယ်။

READ
အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ မတူညီတဲ့ အမူအကျင့်များ
jcomp/Freepik

ပေါင်းတင်ပေးမယ်

မျက်နှာကိုလည်း ဖယ်ထားတဲ့အဖြစ်တဲ့အတွက် မျက်နှာကတော့ အရင်လိုပဲ skincare အဆင့်တွေကို နေ့တိုင်း ပုံမှန် လုပ်ပေးပြီး မျက်နှာကိုလည်း တစ်ပတ်ကို အနည်းဆုံး နှစ်ခါလောက် ပေါင်းတင်ပေးမယ်ဆိုရင် သင့်မျက်နှာလေးကလည်း နူးညံ့ချောမွေ့နေမှာ ဖြစ်ပါတယ်။

Kham

sponsored