သင့်ချစ်သူက သင်မှသင် အရူးအမူးချစ်နေစေချင်ရင် ဒီ (၅)ချက်ကို လုပ်ပါ

pixabay/stocksnap
Sponsored

ဘယ်သူမဆို ကိုယ့်ချစ်သူရဲ့ အချစ်ရဆုံး၊ ဦးစားအပေးဆုံးသူဖြစ်ချင်တယ်၊ ကိုယ်ချစ်တဲ့သူက အချိန်တိုင်းသတိရနေတာကိုလိုချင်တယ်၊ ကိုယ်မှကိုယ် တစ်ယောက်တည်းချစ်နေတာကို လိုချင်ကြတဲ့သူတွေချည်းပါပဲ။ အဲ့ဒီလိုဖြစ်ဖို့ သိပ်တော့မခက်ပါဘူး။ ဒီအချက်လေးတွေကို အသုံးချလိုက်ရုံလေးပါပဲ။

(၁) ပျော်ပျော်နေပါ

shutterstock/ Masson

ပေါ့ပါးပျော်ရွှင်တဲ့သူတစ်ယောက်က စိတ်ကြည်လင်ပြီး မျက်နှာကလည်းရွှင်ပျနေကာ ဘေးလူကို အကြည်ဓာတ်ကူးစက်စေပါတယ်။ ဒီအချက်က ကိုယ့်ချစ်သူကို အဓိကဆွဲဆောင်နိုင်မယ့်အချက်လို့တောင် ပြောလို့ရပါတယ်။

(၂) အကြံဉာဏ်ကောင်းလေးတွေပေးပါ

Sponsored

ဆင်ခြင်ဉာဏ်ရှိခြင်း၊ အကျိုးသင့်၊ အကြောင်းသင့်စဉ်းစားနိုင်ခြင်းက သင့်ရဲ့ဆွဲဆောင်နိုင်စွမ်းကို အလိုလို တိုးတက်စေပါတယ်။ အထူးသဖြင့် နေရာတကာ ဆရာလုပ်နေတာမျိုးမဟုတ်ဘဲ သူ့ပြဿနာတွေနဲ့ ပတ်သက်လို့ ဝင်ရောက်ဆွေးနွေးတာမျိုး၊ အကြံပေးတာမျိုးလေးတွေ လုပ်ပေးမယ်ဆိုရင် သူ့စိတ်ထဲမှာ သင်က အမြဲတမ်းနေရာယူထားနိုင်မှာပါ။ Intelligent is sexy ဆိုတဲ့ စကားက အလကားပေါ်လာတာ မဟုတ်ဘူးဆိုတာလေး မှတ်ထားပါနော်။

(၃) ကိုယ့်ပုံစံနဲ့ကိုယ်နေပါ

shutterstock/By Ann Haritonenko

သူ သင့်ကိုချစ်ဖို့၊ သူ့စိတ်ထဲမှာ သင့်ကိုအမြဲသတိရနေဖို့အတွက်တော့ ဘယ်သူ့ပုံစံကိုမှ လိုက်အတုခိုးဖို့၊ ကူးချဖို့မလိုပါဘူး၊ ကိုယ်ပိုင်စတိုင်လ်ရှိခြင်းကလည်း သင့်ကို ဆွဲဆောင်မှုရှိစေတဲ့ အချက်တစ်ချက်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းနေတာမျိုးမဖြစ်နေဘဲ ကိုယ့်ရဲ့ နဂိုပုံစံလေးအတိုင်းပဲနေပါ။

READ
ယောက္ခမလောင်းက သင့်ကိုသမီးအရင်းလေးလို ချစ်ခင်လာစေမယ့်နည်းလမ်းကောင်းများ

(၄) ရိုးသားပွင့်လင်းပါ

လျှို့ဝှက်ချက်တွေ များခြင်းက သူ့စိတ်ထဲမှာ သံသယတွေဖြစ်စေပြီး သင့်ကို မယုံမကြည်ဖြစ်နေပါလိမ့်မယ်။ ဒီလိုမယုံမကြည်ဖြစ်ခြင်းက သင့်အပေါ် အချစ်လျော့စေပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ရိုးသားပွင့်လင်းစွာ အရှိအတိုင်းလေးပဲနေပါ။

(၅) နွေးထွေးပါ

pixabay/pexel photos

နွေးထွေးတဲ့ အပြုအမူလေးတွေက နှလုံးသားကို အရည်ပျော်စေပါတယ်။ ပြီးတော့ သူ့စိတ်ထဲမှာ သင့်ရဲ့နွေးထွေးတဲ့အပြုအမူလေးတွေကို စိတ်ထဲအမြဲရှိပြီး သင့်ကိုလည်း အချိန်တိုင်းတသိတရရှိနေမှာပါ။

MAY THAZINHTOO

sponsored