ကိုယ့္ကိုယ္ကိုယုံၾကည္မွုရွိတဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေစမယ့္အခ်က္မ်ား

Sponsored

( Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်)

အမ်ိဳးသမီးေတြကအမ်ိဳးသားေတြနဲ႔ယွဥ္ရင္ အရာရာနိမ့္က်တယ္ဆိုတဲ့အေတြးအေခၚကိုအခုေခတ္မွာ အမ်ိဳး သားေတြကိုယ္တိုင္လက္မခံၾကေတာ့ပါဘူး။ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ့္ယုံၾကည္ခ်က္နဲ႔ဘဝ ကိုေအာင္ျမင္ေအာင္တည္ေဆာက္ေနၾကတဲ့ အမ်ိဳးသမီးစြန႔္ဦးတီထြင္သူေတြအမ်ားအျပားရွိလာၿပီး အဲဒီ အမ်ိဳးသမီးေတြရဲ့အရည္အခ်င္းကိုအသိ အမွတ္မျပဳလို႔မရေတာ့လို႔ပါပဲ။ဒါေၾကာင့္ေအာင္ျမင္တဲ့ ဘဝတည္ေဆာက္နိုင္ေအာင္ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မွုရွိေအာင္ဘယ္လိုတည္ေဆာက္ရမလဲဆိုတဲ့ အခ်က္ေတြနဲ႔ပတ္သက္ၿပီး Aunty May ရဲ့ ပရိသတ္ေတြကိုေဝမၽွေပးလိုက္ပါတယ္။

Sponsored

(၁)အျခားလူမ်ားကိုကူညီပါ

တခါတေလ ကိုယ္တိုင္မျပည့္စုံေပမယ့္ ကိုယ္ေပးလိုက္တဲ့ အရာတစ္ခုဟာ တျခားလူအတြက္အသုံး ၀င္ေနတတ္ပါတယ္။အဲဒီအခါ ကိုယ္က တျခားလူရဲ့အခက္အခဲေျပလည္ေအာင္ တစ္စိတ္တစ္ပိုင္း ကူညီခြင့္ရသူျဖစ္ရတဲ့ခံစားခ်က္က ကိုယ့္ကိုယ္ကိုယ္ဒီထက္ပိုေကာင္းတဲ့အကူအညီေတြေပးနိုင္ဖို႔၊ စြမ္းေဆာင္နိုင္ဖို႔ ယုံၾကည္မွုွုရွိေစမွာပါ။ကူညီနိုင္သမၽွအစြမ္းကုန္ကူညီပါ။

(၂)ေဝဖန္မွုမပါတဲ့ခ်ီးမြမ္းမွုေတြကို လိပ္ျပာသန႔္သန႔္နဲ႔လက္ခံပါ
တစ္စုံတစ္ေယာက္က ႐ုတ္တရက္ခ်ီးက်ဴးစကားဆိုတဲ့အခါ ေက်းဇူးတင္ပါတယ္ ဆိုတဲ့စကားနဲ႔ခ်က္ခ်င္း လိုက္ခံလိုက္ပါ။ကိုယ့္ကိုယ္ကိုယ္ခ်ီးက်ဴးခံထိုက္ရဲ့လားလို႔ေတြးမေနပါနဲ႔။အေရးႀကီးဆုံးအခ်က္က သင့္ကို ခ်ီးက်ဴးစကားဆိုသည္ကိုပဲ လက္ခံၿပီး ခ်ီးမြမ္းစကားဆိုတဲ့လူနဲ႔ပတ္သက္ၿပီးေနာက္ ဆက္တြဲသံသယ အေတြးတို႔မေတြးမိေစဖို႔ပဲျဖစ္ပါတယ္။

(၃)အေသးအဖြဲျပႆနာေတြအတြက္ေတာင္းပန္တာကိုရပ္လိုက္ပါ

“I’m sorry” ဆိုတဲ့စကားကို အေရးမႀကီးတဲ့မွားယြင္းမွုေလးေတြအတြက္ခဏခဏေျပာတာ ကိုရပ္ လိုက္ပါ။သင္နဲ႔သေဘာထားခ်င္းမတိုက္ဆိုင္တာေတြရွိခဲ့ရင္လည္း အေကာင္းဆုံးဘယ္လိုေျဖရွင္းမလဲဆို တာပဲစဥ္းစားပါ။သင့္ကိုတုန႔္ျပန္လာမယ့္ ရလဒ္ကိုစဥ္းစားမေနဘဲ အေကာင္းဆုံးလုပ္ သင့္တာကိုပဲစဥ္း စားပါ။

READ
သံုးျပီးသားလက္ဖက္အိတ္ေလးေတြကို ဆံပင္နဲ႕အသားအေရအတြက္ အသံုးျပဳနည္း(၇)မ်ိဳး

(၄)ကိုယ့္ကိုယ္ကိုယ္အသိအမွတ္ျပဳပါ
လူတိုင္းမွာအျမင္အမ်ိဳးမ်ိဳးရွိတဲ့အတြက္ သင့္မွာတျခားသူေတြထက္ကြာဟနိမ့္က်အားနည္းခ်က္မ်ိဳးမရွိဘူးဆို တာကိုယ့္ကိုယ္ကိုယ္အသိအမွတ္ျပဳပါ။သင္မလုပ္နိုင္တဲ့အရာကိုသူတို႔လုပ္နိုင္သလိုသူတို႔မ စြမ္းေဆာင္နိုင္တဲ့ကိစၥေတြမွာ သင္ဟာဆရာတစ္ဆူဆိုတာ မေမ့ပါနဲ႔။ကမၻာႀကီးမွာတူညီတဲ့အရာေတြ ခ်ည္းပဲရွိေနရင္ပ်င္းစရာေကာင္းေနမွာေပါ့။

(၅)အေကာင္းျမင္စိတ္ရွိပါ
ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မွုရွိဖို႔ဆိုရင္ အရင္ဆုံးကိုယ္တိုင္အေကာင္းျမင္စိတ္ရွိသင့္ပါတယ္။အဲဒီလို အေကာင္းျမင္စိတ္ေမြးဖို႔ဆိုရင္ မနက္အိပ္ယာထတိုင္းလုပ္သင့္တဲ့အခ်က္ေလးေတြရွိပါတယ္။

အဲဒါေတြကေတာ့….

“ငါ့ကိုယ္ငါခ်စ္ရမယ္၊ငါ့ရဲ့အျမင္ကသာအေရးႀကီးတယ္”
 “ငါကိုယ္တိုင္ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်နိုင္တယ္”
 “ငါ့႐ုပ္ရည္က ၾကည့္ေကာင္းတဲ့အမ်ိဳးအစားထဲမွာပါတယ္”
 “ဒီေန႔အတြက္္ တစ္ေယာက္ေယာက္ကိုမျဖစ္မေနကူညီေပးရမယ္”
 “လူေတြကို အတတ္နိုင္ဆုံးၾကင္နာေႏြးေထြးမွုေပးမယ္

ဆိုတဲ့အခ်က္ေတြပါပဲ။ဒီထက္လည္း အခ်က္ေတြပိုရွိနိုင္ပါေသးတယ္။ဘယ္လိုပဲျဖစ္ျဖစ္ မိမိကိုယ္ကိုယ္အေကာင္းျမင္စိတ္ရွိမွ တျခားသူေတြအေပၚလည္းအေကာင္းျမင္စိတ္ထားနိုင္မွာပါ။ဒီလိုအေကာင္းျမင္စိတ္နဲ႔မိမိကိုယ္ကိုယ္ယုံ ၾကည္မွုရွိျခင္းက ဘဝမွာေအာင္ျမင္ေပ်ာ္ရႊင္ေစမယ့္အေကာင္းဆုံးနည္းလမ္းပဲျဖစ္ပါတယ္။

 


[Unicode version]

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်စေမယ့်အချက်များ

 

အမျိုးသမီးတွေကအမျိုးသားတွေနဲ့ယှဉ်ရင် အရာရာနိမ့်ကျတယ်ဆိုတဲ့အတွေးအခေါ်ကိုအခုခေတ်မှာ အမျိုး သားတွေကိုယ်တိုင်လက်မခံကြတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ယုံကြည်ချက်နဲ့ဘဝ ကိုအောင်မြင်အောင်တည်ဆောက်နေကြတဲ့ အမျိုးသမီးစွန့်ဦးတီထွင်သူတွေအများအပြားရှိလာပြီး အဲဒီ အမျိုးသမီးတွေရဲ့အရည်အချင်းကိုအသိ အမှတ်မပြုလို့မရတော့လို့ပါပဲ။ဒါကြောင့်အောင်မြင်တဲ့ ဘဝတည်ဆောက်နိုင်အောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိအောင်ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အချက်တွေနဲ့ပတ်သက်ပြီး Aunty May ရဲ့ ပရိသတ်တွေကိုဝေမျှပေးလိုက်ပါတယ်။

(၁)အခြားလူများကိုကူညီပါ


တခါတလေ ကိုယ်တိုင်မပြည့်စုံပေမယ့် ကိုယ်ပေးလိုက်တဲ့ အရာတစ်ခုဟာ တခြားလူအတွက်အသုံး ၀င်နေတတ်ပါတယ်။အဲဒီအခါ ကိုယ်က တခြားလူရဲ့အခက်အခဲပြေလည်အောင် တစ်စိတ်တစ်ပိုင်း ကူညီခွင့်ရသူဖြစ်ရတဲ့ခံစားချက်က ကိုယ့်ကိုယ်ကိုယ်ဒီထက်ပိုကောင်းတဲ့အကူအညီတွေပေးနိုင်ဖို့၊ စွမ်းဆောင်နိုင်ဖို့ ယုံကြည်မှုှုရှိစေမှာပါ။ကူညီနိုင်သမျှအစွမ်းကုန်ကူညီပါ။

READ
ပ်ိဳေမတို႔ကိုအလွပိုတိုးေစမယ့္ လူသိနည္းေသးတဲ့ အလွအပဆိုင္ရာ နည္းလမ္းအသစ္ေလးမ်ား

(၂)ဝေဖန်မှုမပါတဲ့ချီးမွမ်းမှုတွေကို လိပ်ပြာသန့်သန့်နဲ့လက်ခံပါ
တစ်စုံတစ်ယောက်က ရုတ်တရက်ချီးကျူးစကားဆိုတဲ့အခါ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားနဲ့ချက်ချင်း လိုက်ခံလိုက်ပါ။ကိုယ့်ကိုယ်ကိုယ်ချီးကျူးခံထိုက်ရဲ့လားလို့တွေးမနေပါနဲ့။အရေးကြီးဆုံးအချက်က သင့်ကို ချီးကျူးစကားဆိုသည်ကိုပဲ လက်ခံပြီး ချီးမွမ်းစကားဆိုတဲ့လူနဲ့ပတ်သက်ပြီးနောက် ဆက်တွဲသံသယ အတွေးတို့မတွေးမိစေဖို့ပဲဖြစ်ပါတယ်။

(၃)အသေးအဖွဲပြဿနာတွေအတွက်တောင်းပန်တာကိုရပ်လိုက်ပါ


“I’m sorry” ဆိုတဲ့စကားကို အရေးမကြီးတဲ့မှားယွင်းမှုလေးတွေအတွက်ခဏခဏပြောတာ ကိုရပ် လိုက်ပါ။သင်နဲ့သဘောထားချင်းမတိုက်ဆိုင်တာတွေရှိခဲ့ရင်လည်း အကောင်းဆုံးဘယ်လိုဖြေရှင်းမလဲဆို တာပဲစဉ်းစားပါ။သင့်ကိုတုန့်ပြန်လာမယ့် ရလဒ်ကိုစဉ်းစားမနေဘဲ အကောင်းဆုံးလုပ် သင့်တာကိုပဲစဉ်း စားပါ။

(၄)ကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြုပါ
လူတိုင်းမှာအမြင်အမျိုးမျိုးရှိတဲ့အတွက် သင့်မှာတခြားသူတွေထက်ကွာဟနိမ့်ကျအားနည်းချက်မျိုးမရှိဘူးဆို တာကိုယ့်ကိုယ်ကိုယ်အသိအမှတ်ပြုပါ။သင်မလုပ်နိုင်တဲ့အရာကိုသူတို့လုပ်နိုင်သလိုသူတို့မ စွမ်းဆောင်နိုင်တဲ့ကိစ္စတွေမှာ သင်ဟာဆရာတစ်ဆူဆိုတာ မမေ့ပါနဲ့။ကမ္ဘာကြီးမှာတူညီတဲ့အရာတွေ ချည်းပဲရှိနေရင်ပျင်းစရာကောင်းနေမှာပေါ့။

(၅)အကောင်းမြင်စိတ်ရှိပါ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုရင် အရင်ဆုံးကိုယ်တိုင်အကောင်းမြင်စိတ်ရှိသင့်ပါတယ်။အဲဒီလို အကောင်းမြင်စိတ်မွေးဖို့ဆိုရင် မနက်အိပ်ယာထတိုင်းလုပ်သင့်တဲ့အချက်လေးတွေရှိပါတယ်။

အဲဒါတွေကတော့….

“ငါ့ကိုယ်ငါချစ်ရမယ်၊ငါ့ရဲ့အမြင်ကသာအရေးကြီးတယ်”
 “ငါကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တယ်”
 “ငါ့ရုပ်ရည်က ကြည့်ကောင်းတဲ့အမျိုးအစားထဲမှာပါတယ်”
 “ဒီနေ့အတွက်် တစ်ယောက်ယောက်ကိုမဖြစ်မနေကူညီပေးရမယ်”
 “လူတွေကို အတတ်နိုင်ဆုံးကြင်နာနွေးထွေးမှုပေးမယ်”

ဆိုတဲ့အချက်တွေပါပဲ။ဒီထက်လည်း အချက်တွေပိုရှိနိုင်ပါသေးတယ်။ဘယ်လိုပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ်အကောင်းမြင်စိတ်ရှိမှ တခြားသူတွေအပေါ်လည်းအကောင်းမြင်စိတ်ထားနိုင်မှာပါ။ဒီလိုအကောင်းမြင်စိတ်နဲ့မိမိကိုယ်ကိုယ်ယုံ ကြည်မှုရှိခြင်းက ဘဝမှာအောင်မြင်ပျော်ရွှင်စေမယ့်အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။

sponsored