ဖွာပြီး ကြည့်မကောင်းတဲ့ ဆံသားတွေကို ကြည့်ကောင်းသွားစေမယ့် နည်းလမ်းများ

Photo by Maksim Goncharenok from Pexels
Sponsored

ဘယ်လောက်ပဲ စတိုင်ကျနေပါစေ ဆံပင်တွေက ဖွာလန်ကျဲနေရင်တော့ ကြည့်ကောင်းမှာ မဟုတ်ပါဘူးနော်။ ဆံပင်တွေ ဖွာနေတာက သင့်ကို ရုပ်ဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် မသပ်မရပ် နေတဲ့ သူတစ်ယောက်အဖြစ် အမြင်ခံရနိုင်ပါသေးတယ်။ ဆံပင်တွေ ဖွာနေတာတွေကို သက်သာစေပြီး ကျန်းမာတဲ့ ဆံသားကို ပြန်လည် ရရှိဖို့ဆိုရင် ဒီအချက်တွေကို လက်တွေ့ အသုံးချနိုင်ပါတယ်။

(၁) မကြာခဏ ခေါင်းမလျှော်ပါနဲ့

Sponsored

ခဏခဏ ခေါင်းလျှော်နေတာကလည်း သင့်ဆံသားတွေကို ပျက်စီးစေနိုင်ပါတယ်။ နေ့တိုင်း သို့ တစ်ရက်ခြားလောက် ခေါင်းလျှော်နေတာမျိုးက သင့်ဆံသားအတွက် သဘာဝအဆီတွေကို ထုတ်လုပ်မှု လျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် သင့်ဆံသားတွေကို ပိုပြီး ခြောက်သွေ့သွားစေပြီး ဖွာသွားစေတာ ဖြစ်ပါတယ်။ တစ်ပတ်ကို အများဆုံး နှစ်ကြိမ်လောက်ပဲ လျှော်သင့်ပါတယ်။

READ
အိမ်မှာ အလွယ်တကူ ဆံပင်ပေါင်းတင်နိုင်မယ့် အဆင့် (၄)ဆင့်
Freepik.com

(၂) ဘီး သေချာ ရွေးသုံးပါ

ဆံသား ကျန်းမာရေးမှာ ဘီးကလည်း အရေးပါပါတယ်။ ဘီးပုံစံ အမျိုးမျိုး ရှိနေတယ်ဆိုတာ အလှသက်သက် ထုတ်ထားတာမျိုး မဟုတ်ပါဘူး။ ဆံသားပုံစံအမျိုးမျိုးကို လိုက်ပြီး လိုက်ဖက်အောင် အသုံးပြုဖို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ထူတဲ့ ဆံပင်တွေကို ပုံစံတစ်မျိုး၊ ဖြောင့်ပြီး ရှည်တဲ့ ဆံပင်ကိုက ပုံစံတစ်မျိုး သုံးရမှာ ဖြစ်ပါတယ်။

Freepik.com

(၃) ခေါင်းလိမ်းဆီ သေချာသုံးပါ

ဆံပင်ကို ဘာဆီမှ မလိမ်းဘဲနေတာ မကောင်းပါဘူး။ ဆံသား ကျန်းမာဖို့ဆို ဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလိမ်းဆီလေးတွေ လိမ်းပေးဖို့ လိုပါတယ်။ ခေါင်းမလျှော်ခင် အုန်းဆီ လိမ်းပေးလို့ ရသလို ဗီတာမင်E ကို ပုံမှန် လိမ်းပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

READ
ဆိုင်ကလုပ်ပေးလိုက်သလိုမျိုး ကိုယ်တိုင်ဆံပင်ပုံသွင်းလို့မရဘူးဆိုတာ ဒီအချက်တွေကြောင့်ပါ
spukkato/Freepik

(၄) လေမှုတ်စက်တွေ မသုံးပါနဲ့တော့

လေမှုတ်စက်တွေက အပူပေးပြီး ဆံသားကို ခြောက်အောင် ပြုလုပ်တာ ဖြစ်လို့ ဆံသားတွေကို ထိခိုက်စေပါတယ်။ လေမှုတ်စက်ကို မဖြစ်မနေ သုံးရင်တောင်မှ လေးလက်မကနေ ခြောက်လက်မအကွာကနေ အသုံးပြုသင့်ပါတယ်။ အရမ်း အနီးကပ်သုံးရင် ဆံသား ပျက်စီးတာတွေတောင် ဖြစ်စေပါတယ်။

Gratisography/pexels

(၅) ဆံသားကို ကျန်းမာစေတဲ့ အစားအသောက်တွေကို စားပါ

ဆံသားတွေကို အပေါ်ယံကိုပဲ ဂရုစိုက်သင့်တာ မဟုတ်ပါဘူး။ အစားအသောက်စားခြင်းဖြင့်လည်း ဆံသားကို အားဖြည့်နိုင်ပါသေးတယ်။ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသုံးပေးတာကလည်း ဆံသားကို အထောက်အကူ ဖြစ်စေပါတယ်။

Kham

 

sponsored