လျှာ အပူလောင်၊ လျှာကျက်သွားတဲ့အခါ အမြန်ဆုံး သက်သာစေမယ့် နည်းလမ်း (၉) မျိုး

cookie_studio/Freepik
Sponsored

အရမ်းပူနေတဲ့ အစားအစာတွေကို စားမိတဲ့အခါ လျှာကျက်သွားတာမျိုးကို လူတိုင်း ခံစားဖူးကြပါတယ်။ ဒီလို ဖြစ်ပြီဆိုရင် လျှာရဲ့ အရသာခံအာရုံကလည်း ကောင်းကောင်း အလုပ်မလုပ်တော့ဘဲ အဆင်မပြေ ဖြစ်နေတတ်ပါတယ်။ အချိန်တန်ရင် ဒီအခြေအနေကနေ သက်သာသွားတတ်တဲ့ ကိစ္စဆိုပေမယ့်လည်း မြန်မြန်လေး သက်သာအောင်လည်း လုပ်လို့ ရပါတယ်။ ဒါကြောင့် လျှာကျက်တာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ဆားဖျော်ရည်

Sponsored

ဆားကို ရေအေးနဲ့ ဖျော်ပြီးတဲ့အခါ လျှာကို ရှေ့ထုတ်ပြီး လျှာပေါ်ကို လောင်းပေးပါ။ ဒါ့အပြင် ဆားရည်နဲ့ ပါးလုတ်ကျင်းလိုက်ပါ။

၂။ နွားနို့

နွားနို့မှာ နာကျင်မှုတွေကို သက်သာသွားစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ နွားနို့အေးအေးထဲကို လျှာဖျားထည့်ထားပြီး တော်တော်ကြာကြာထားလိုက်ရင် နာကျင်နေတာတွေ လျှော့ကျတာမို့ လျှာကျက်တာ မသက်သာမချင်း ထပ်တလဲလဲ လုပ်လို့ ရပါတယ်။

READ
အပျင်းတစ်ပြီး ဘာကိုမှ လုပ်ချင် ကိုင်ချင်စိတ်မရှိတဲ့ စိတ်ကို အရှင်းပျောက်သွားစေမယ့် နည်းလမ်း
azerbaijan_stockers/Freepik

၃။ ပျားရည်

ပျားရည်က အသားအရည်ကို ချောမွေ့စေရုံတင်မဟုတ်ဘဲ အရသာကလည်း ရှိနေပါသေးတယ်။ ဒါ့အပြင် အပူလောင်တာတွေကို သက်သာစေနိုင်လို့ အပူလောင်နေတဲ့ လျှာပေါ်ကို ပျားရည်နဲ့ သုတ်ပြီး ထားလို့လည်း ရပါသေးတယ်။ ပျားရည်နဲ့ ဓာတ်မတည့်ရင်တော့ ဒီနည်းကို အသုံးမပြုသင့်ပါဘူး။

၎။ ပီကေ

ပူရှိန်းပီကေကလည်း အပူလောင်တဲ့ လျှာကို အေးစေပြီး လျှာကျက်တဲ့ အခြေအနေကို သက်သာသွားစေနိုင်ပါတယ်။ ဒါပေမယ့် ပီကေကို မဝါးဘဲ လျှာပေါ် တင်ထားရမှာ ဖြစ်ပါတယ်။

filistimlyanin/Freepik

၅။ သျှားစောင်းလက်ပတ်အရည်

ဒဏ်ရာတွေကို သက်သာစေတဲ့ အပင်တွေထဲမှာ သျှားစောင်းလက်ပတ်ပင်လည်း ပါဝင်ပါတယ်။ သျှားစောင်းလက်ပတ်ကို ကျိတ်ခြေပြီး ထွက်လာတဲ့ အရည်ကို အပူလောင်နေတဲ့ လျှာပေါ်ကို တင်ထားမယ်ဆိုရင် မြန်မြန်ဆန်ဆန်ပဲ လျှာကျက်တာ သက်သာသွားမှာပဲ ဖြစ်ပါတယ်။

READ
ရာသီခွင်အလိုက် လက်ကျန် ၂၀၂၀ အတွက် ကံအကောင်းဆုံးအရောင်များအကြောင်း

၆။ သကြား

လျှာအပူလောင်ရင် သကြားကို လျက်ဆား လျက်သလို  လျက်ပေးရင်လည်း မြန်မြန်သက်သာပါတယ်။ သကြားက ယားလို့ ဖြစ်တဲ့ ဒဏ်ရာတွေကိုတောင် သက်သာစေတဲ့ အစွမ်း ရှိပါတယ်။

Racool_studio/Freepik

၇။ ရေခဲ

ရေခဲရေကို အပူလောင်ထားတဲ့ လျှာပေါ်ကို လောင်းချရင်လည်း တော်တော်လေး သက်သာသွားစေပါတယ်။ ဒါပေမယ့် ရေခဲတုံးကိုတော့ မလျက်လိုက်သင့်ပါဘူး။

wirestock/Freepik

၈။ ဒိန်ချဉ်

နွားနို့ကို အသုံးပြုတဲ့ နည်းလိုပဲ ဒိန်ချဉ်ခွက်ထဲကို လျှာနှစ်ထားမယ်ဆိုရင်လည်း သက်သာပါတယ်နော်။

၉။ လေရှူပါ

ခွေးလေးတွေ လျှာထုတ်ပြီး ပါးစပ်ကနေ အသက်ရှူသလိုမျိုး လုပ်တာကလည်း လျှာအပူလောင်တာကို သက်သာစေပါတယ်။

Kham

sponsored