မျက်မှန်မှာ ဖြစ်နေတဲ့ အစင်းတွေကို ဒီနည်းတွေနဲ့ ဖျောက်ကြမယ်

shutterstock/Wachiwit
Sponsored

မျက်ကြောင်လေးတွေရဲ့ ဒုက္ခကတော့ အမျိုးစုံနေတာပါပဲ။ မှန်ကို အခိုးရိုက်လို့ မမြင်ရတော့တာတွေ မျက်မှန် လျှောကျလို့ ပြန်ပြန် ပင့်တင်ရတာတွေ တိုက်မိပြီး ကိုင်းကျိုးသွားတာတွေ စုံနေတာပါပဲ။ ဒီလိုပဲ နောက်ထပ် စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အရာကတော့ မျက်မှန်ပေါ်က အစင်းကြောင်းတွေပဲ ဖြစ်ပါတယ်။ မျက်မှန်တစ်လက်ကို ရိုရိုသေသေနဲ့ အကြာကြီးသုံးတတ်တဲ့ သူတွေကတော့ ဒီလို ခံစားချက်ကို နားလည်ကြတာမို့ ဖြေရှင်းနိုင်တဲ့ နည်းလေး အချို့ကို ပြောပြလိုက်ရပါတယ်။

shutterstock/mildldd

(၁) ပရိဘောက အရောင်တင် မှုတ်ဆေး

Sponsored

ပရိဘောဂ အရောင်တင်ဆေးက အိမ်တွေမှာ လွယ်လင့်တကူတော့ မရှိတတ်ပါဘူး။ ဒါပေမယ့်လည်း ဒီဆေးနဲ့ မှန် အစင်းတွေကို ဖျောက်လို့ ရကြောင်း ပြောပြချင်ပါတယ်။ ဒီမှာတော့ အရောင်တင် ဖြန်းဆေးကို မှန်ပေါ်ကို တိုက်ရိုက်ဖြန်းပြီးတဲ့နောက်မှာ လက်နဲ့ အသာအယာ ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အဝတ်စ တစ်ခုနဲ့ သေချာ ပြန်သုတ်ပေးရမှာ ဖြစ်ပါတယ်။

READ
အမြင်အာရုံကြည်လင်စေဖို့ နေ့တိုင်းလုပ်ပေးသင့်တဲ့ မျက်လုံးအနားပေးလေ့ကျင့်ခန်း (၁၁)မျိုး

(၂) ရေနဲ့ မုန့်ဖုတ်ဆိုဒါ

ဒီနည်းကလည်း လွယ်ကူပါတယ်။ သင့်အိမ်မှာ ရှိတတ်တဲ့ အရာတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ ရေနဲ့ မုန့်ဖုတ်ဆိုဒါကို အချိုးကျ ရောစပ်ပြီး မျက်မှန်ပေါ်ကို လက်နဲ့ယူပြီး သုတ်လိမ်းပါ။ ပြီးရင်တော့ ရေနဲ့ ပြန်ဆေးပြီးတော့ မျက်မှန်ကို အခြောက်ခံပါ။ ဗီဒီယိုထဲမှာလည်း ကြည့်နိုင်ပါတယ်နော်။

(၃) သွားတိုက်ဆေး

သွားတိုက်ဆေးက မှန်ကို ကြည်လင်စေတယ်။ အခွေတွေမှာ ရှိတဲ့ အစင်းတွေကို ဖျောက်နိုင်တယ်ဆိုတာကို ကလေးဘဝတည်းက သိခဲ့ကြမှာပါ။ ဒီလို အသုံးဝင်တဲ့သွားတိုက်ဆေးကို မျက်မှန် အစင်းကြောင်း ဖျောက်ရာမှာလည်း သုံးနိုင်ပါတယ်။ သွားတိုက်ဆေးက ပုံစံအမျိုးမျိုး ရှိကြပေမယ့် အခုလို အသုံးဝင်တာကတော့ အဖြူရောင် သွားတိုက်ဆေး အမျိုးအစား ဖြစ်ပါတယ်။ နည်းကတော့ ငယ်ငယ်ကလိုပါပဲ မှန်ပေါ်ကို သွားတိုက်ဆေးနဲ့ ပွတ်ပြီးတဲ့နောက်မှာ အဝတ်သန့်သန့်လေးနဲ့ သွားတိုက်ဆေး ကုန်သွားတဲ့အထိ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။

READ
အမျိုးသမီးကြီးငယ်မရွေး လုံးဝမပေါ့ဆသင့်သည့် သားအိမ်ကင်ဆာရဲ့ လက္ခဏာများ

ကဲ မျက်မှန်သမားလေးတွေ ဒီနည်းလေးတွေနဲ့ အဆင်ပြေသွားပါစေနော်။

Ref: Fabiosa

Kham

 

sponsored