လစာကို အဖတ္တင္ေအာင္ ဘယ္လိုစုမလဲ..?

Sponsored

Unicode version ဖြင့် အောက်တွင် ဖတ်ရှုနိုင်ပါသည်

ရတဲ့လစာနဲ႔ မေလာက္ဘူးဆိုတဲ့ ညည္းျငဴသံေတြနဲ႔ လကုန္ခါနီးရင္ လက္ထဲမွာ ပိုက္ဆံ ျပတ္သြားတဲ့ အျဖစ္ကို သေရာ္ထားတဲ့” ျပတ္တုန္းလပ္တုန္း ၂၃ ” ဆို တဲ့ အျဖစ္မ်ိဳးကေန ကင္းေ၀းေစႏိုင္မယ့္ နည္းလမ္းေတြကို ေ၀မွ်ေပးခ်င္ပါတယ္။ တစ္ခ််ိဳ႕က ပိုက္ဆံေတာ့ စုခ်င္ပါရဲ႕ ဘာေတြ သံုးမိလို႔၊သံုးမိမွန္း မသိပဲ ပိုက္ဆံ ကကုန္သြားတယ္ဆိုတဲ့ သူေတြလည္း ရွိပါတယ္။ေငြစုဖုိ႔ ဆံုးျဖတ္ၿပီးရင္ေတာ့  ပထမဆံုး လုပ္ရမွာက ေငြယို ေပါက္ကို အရင္ရွာပါ။

Sponsored

(၁)စုႏိုင္သမွ်စုပါ

16-money-manage

ရတဲ့ လစာရဲ႕ ဘယ္ႏွစ္ရာခိုင္ႏႈန္းကိုေတာ့ စုမယ္ဆိုတဲ့ Plan တစ္ခု ထားပါ။ ကိုယ္္က ရတဲ့ လစာ နည္းတယ္ဆုိရင္ေတာင္မွ တစ္ရာခိုင္ႏႈန္းပဲ ျဖစ္ေနပါေစ ။ရသေလာက္ စုဖို႔ အႀကံေပးခ်င္ပါတယ္။လစာ ထုတ္လာၿပီးရင္ အရင္ ဆံုး ဒီလ အသံုးစရိတ္ကို ခြဲေ၀လိုက္ပါ။ဒီေနရာမွာ လိုအပ္တာနဲ႔ လိုခ်င္တာကို သပ္ သပ္စီ ခြဲျခားၿပီး၊လိုအပ္တာကို နံပါတ္တစ္ ဦးစားေပးေနရာမွာထားပါ။လူတစ္ေယာက္ က သူ႔လက္ထဲမွာ ပိုက္ဆံလံုး၀ မရွိေနတာထက္စာရင္ ရွိေနရင္ နည္းနည္း စိတ္ လံုၿခံဳမႈရပါတယ္။အနည္းဆံုးေတာ့ ရုတ္တရက္ ေနမေကာင္းျဖစ္ခဲ့ရင္ေတာင္ ကိုယ့္လက္ထဲမွာ ပိုက္ဆံကေတာ့ ရွိေနသင့္ပါတယ္။ဒါေၾကာင့္ဘယ္ေလာက္ပဲ ျဖစ္ျဖစ္ရေအာင္စုမယ္ဆိုတဲ့ စိတ္ကို အၿမဲေမြးပါ။

(၂)မသံုးခင္တည္းက အရင္စု(သိမ္း)

how_to_manage_monthly_salary

လစာထုတ္ၿပီးတာနဲ႔ အသံုးစရိတ္ကို ပွ်မ္းမွ် ခြဲတမ္းခ်ၿပီးတာနဲ႔ ကိုယ္ကဒီ လ ဘ ယ္ေ လာက္စုမွာလဲ..တစ္ေသာင္းဆိုတစ္ေသာင္း၊ႏွစ္ေသာင္းဆို ႏွစ္ေသာင္း တစ္ခါ တည္း သပ္သပ္ဖယ္ထားပါ။ဒီေငြဟာ ဒီလကိုယ္သံုးမယ့္ စရိတ္နဲ႔လံုး၀ မဆိုင္ဘူးဆိုတဲ့ စိတ္ကို ေမြးထားပါ။ဘယ္အသံုးစရိတ္ကို ေလွ်ာ႔လို႔ရမယ္၊ေငြကို ဘယ္ေနရာမွာေခၽြလို႔ ရမလဲဆိုတာကို စဥ္းစားပါ။ဥပမာ- ဖုန္းေဘလ္ကို ေခၽြလို႔ ရပါ တယ္။ကိုယ္က အင္တာနက္န႔ဲဖုန္းေျပာတာကို မျဖစ္မေန အလုပ္သေ ဘာ အရ လု ပ္ဖုိ႔ လိုတာမိိ်ဳး မဟုတ္ရင္ ေလွ်ာ႔သံုး၊ေလွ်ာ႔ေျပာပါ။တစ္လမွာ ပံုမွန္ တစ္ေသာင္းကုန္ရင္္ ငါးေထာင္နဲ႔ေလာက္ေအာင္ ႀကိဳးစားသံုးၾကည့္္ပါ။အင္တာ နက္ အသံုးျပဳခ်ိန္ေတြကိုေလွ်ာ႔ပါ။

(၃)အသံုးစရိတ္ကို စာရင္းမွတ္ပါ

how-to-pay-yourself-as-a-small-business-owner-featured

ရလာတဲ့ လစာကို ခြဲတမ္းခ်၊အသံုးစရိတ္ ဘယ္ေလာက္ သံုးမယ္ဆိုတာကို ေသခ်ာ စီစစ္ပါ။ေနာက္တစ္ခုကေတာ့ တစ္ေန႔မွာ ကိုယ္ဘယ္ေလာက္ ေငြ သံုး လဲ၊ကိုယ္သံုးခဲ့တဲ့ အသံုးစရိတ္ကို စာရင္းမွတ္ပါ။စုမယ့္ ေငြကို ဖယ္အၿပီး တစ္ လစာ ကိုယ္သံုးရမယ့္ ပို္က္ဆံကို ရက္နဲ႔ တြက္လိုက္ရင္ တစ္ေန႔ကို ဘယ္ေလာ က္ သံုးလို႔ရမယ္ဆုိတဲ့ ပွ်မ္းမွ် စရိတ္ေပၚလာပါလိမ့္မယ္။အသံုးစရိတ္ေ တြ ကိုေ တာ့ စာအုပ္နဲ႔မွတ္ရင္ မွတ္၊တကယ္လို႔ မမွတ္ခ်င္ရင္ေတာ့ Budget Planner ဆိုတဲ့ App ေတြကို download လုပ္ယူၿပီး ကိုယ့္ရဲ႕ ဖုန္းထဲမွာလည္း မွတ္ ထားလို႔ရပါတယ္။အသံုးစရိတ္ေတြကို စာရင္းမွတ္ထားေတာ့ ေငြအသံုးလြန္တာ၊ လက္လြန္သြားတယ္ဆိုတာမ်ိဳးကို ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။

(၄)Needs နဲ႔ wants ခြဲျခားပါ

အေပၚမွာလည္း ဒီအေၾကာင္းကို ေျပာခဲ့ေပမယ့္္ အေရးႀကီးတာမို႔ ေသခ်ာ ထ ပ္ေျပာခ်င္ပါတယ္။ဒီလမွာ ကိုယ့္အတြက္ မျဖစ္ မေန လိုအပ္ေနတဲ့ ပစၥည္း ကဘ ာလဲဆိုတာ စဥ္းစားပါ။ၿပီးမွပဲ ကိုယ္လိုခ်င္တာရွိရင္ ၀ယ္ပါ။သံုးပါ။ဒီေနရာ မွာ လည္း လိုခ်င္တာေတြကို အကုန္လိုက္၀ယ္လုိ႔ မရပါဘူး။ဒီလမွာေတာ့ ဒါေလး ၀ယ္ရင္၊တျခားလိုခ်င္တာရွိရင္ ေနာက္လက်မွ ၀ယ္တာမ်ိဳး လုပ္ပါ။(ဒါကေတာ့ ကိုယ့္ရဲ႕ လစာအေပၚ ခ်ိန္ၿပီး သံုးပါ)။လိုအပ္တာ(needs)ကေတာ့ နံပါတ္ တစ္ဦးစားေပးျဖစ္ပါေစ။

READ
ဖြင့္လိုက္မွ ပန္းေလးေတြပြင့္လာမယ့္ ပို႔စ္ကတ္ လွလွေလး ကိုယ့္စိတ္ၾကိဳက္ဖန္တီးလိုက္ရေအာင္......

(၅)ထမင္းဘူးသယ္္ပါ

အေဆာင္မွာေနေနရလို႔ ခ်က္ရျပဳတ္ရ မလြယ္ဘူးဆိုတဲ့ သူေတြကေတာ့ ခၽြင္း ခ်က္ပါ။အဲ့ဒီလုိမွ မဟုတ္ရင္ေတာ့ ေန႔လယ္စာကို ထမင္းဘူးယူဖို႔ အႀကံျပဳခ်င္ ပါတယ္။ေငြကုန္လည္း သက္သာေစသလို၊ကိုယ္တိုင္ ခ်က္ျပဳတ္တာဆိုေတာ့ ဆိုင္ထက္စာရင္ ပိုၿပီးေတာ့ သန္႔ရွင္းမႈလည္းရွိ၊က်န္းမာေရးနဲ႔လည္း ညီညြတ္ေ စပါတယ္။တတ္ႏိုင္ရင္ေတာ့ မနက္စာကိုပါ မုန္႔ထုပ္ကို အိမ္မွာ ၀ယ္ထားတာမ်ိဳး- ဥပမာ ေပါင္မုန္႔ႀကီးတစ္လံုး ၀ယ္ၿပီးထားတာမ်ိဳးလုပ္ပါ။

shopping-woman

(၆)ကားခစရိတ္ကို ေခၽြတာပါ.

ဒီေနရာမွာက မျဖစ္မေနသြားလာေနရတဲ့ ဘတ္စ္ကားကို မစီးပဲ လမ္းေ လွ်ာ က္သြားဖုိ႔ ဆိုလိုတာ မဟုတ္ပါဘူး။တကၠစီ၊ဆိုက္ကားတုိ႔ကို မျဖစ္မေန လိုအပ္မွ စီးပါး။မဟုတ္ရင္ မစီးပါနဲ႔။ရထားဘူတာနဲ႔လည္း နီးမယ္၊ရထားစီးလို႔လည္း အဆ င္ေျပတယ္ဆုိရင္ေတာ့ ရထားေျပာင္းစီးပါ။ပိုက္ဆံကုန္သက္သာေစပါတယ္။

(၇)ဘဏ္အေကာင့္ဖြင့္ပါ

3CC48DBE00000578-4185110-image-a-13_1486058271137

ကိုယ္စုမယ္လို႔ ခြဲေ၀ထားတဲ့ ပိုက္ဆံကို ကိုယ့္္လက္ထဲမွာ ထားတာထက္ ဘဏ္ အေကာင့္ဖြင့္ၿပီး အဲ့ဒီအထဲကို ထည့္ထားလိုက္တာက ပိုေကာင္းပါတယ္။ ပိုက္ ဆံက လက္ထဲမွာ အလြယ္တကူရွိေနရင္၊ျမင္ေနရရင္ စိတ္လြတ္ၿပီး သံုးမိသြား တတ္ပါတယ္။ဒါေၾကာင့္ ဘဏ္ထဲမွာ ထည့္ထားလိုက္ပါ။ပိုက္ဆံကို ဘယ္္ေ လာက္ ၾကာမွ ထုတ္မယ္ဆိုတဲ့ အေကာင့္ပံုမ်ိဳးနဲ႔ ဖြင့္ထား save ထားရင္ေတာ့ အေကာင္းဆံုးပါ။တျခားျဖည့္စြက္ခ်က္အေနနဲ႔ကေတာ့ ေငြစုမယ္လို႔ ဆံုးျဖတ္ ထားၿပီးရင္ေတာ့ ေခၽြလို႔ရသေလာက္ တတ္ႏို္င္သမွ်ေခၽြတာပါ။မလိုအပ္တဲ့ ေနရာမွာ ေငြကို မသံုးမိေအာင္ ထိန္းပါ။သူငယ္ခ်င္းေတြနဲ႔ မၾကာခဏ ဆုိင္ ထို င္တတ္တဲ့ အက်င့္ရွိသူဆိုရင္ေတာ့ ဆိုင္ထိုင္တာေတြကို တတ္ႏိုင္သမွ် ေလွ်ာ႔ပါ ။ဒီနည္းလမး္ေတြကုိ လိုက္နာမယ္ဆုိရင္ေတာ့ လစာကို ေသခ်ာေပါက္ အဖတ္ တင္ေအာင္ စုႏိုင္ပါလိမ့္မယ္။

Ref;.rappler.


Unicode version

လစာကို အဖတ်တင်အောင် ဘယ်လိုစုမလဲ..?

ရတဲ့လစာနဲ့ မလောက်ဘူးဆိုတဲ့ ညည်းငြူသံတွေနဲ့ လကုန်ခါနီးရင် လက်ထဲမှာ ပိုက်ဆံ ပြတ်သွားတဲ့ အဖြစ်ကို သရော်ထားတဲ့” ပြတ်တုန်းလပ်တုန်း ၂၃ ” ဆို တဲ့ အဖြစ်မျိုးကနေ ကင်းဝေးစေနိုင်မယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ တစ်ချျို့က ပိုက်ဆံတော့ စုချင်ပါရဲ့ ဘာတွေ သုံးမိလို့၊သုံးမိမှန်း မသိပဲ ပိုက်ဆံ ကကုန်သွားတယ်ဆိုတဲ့ သူတွေလည်း ရှိပါတယ်။ငွေစုဖို့ ဆုံးဖြတ်ပြီးရင်တော့  ပထမဆုံး လုပ်ရမှာက ငွေယို ပေါက်ကို အရင်ရှာပါ။

(၁)စုနိုင်သမျှစုပါ

 

16-money-manage

ရတဲ့ လစာရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကိုတော့ စုမယ်ဆိုတဲ့ Plan တစ်ခု ထားပါ။ ကိုယ််က ရတဲ့ လစာ နည်းတယ်ဆိုရင်တောင်မှ တစ်ရာခိုင်နှုန်းပဲ ဖြစ်နေပါစေ ။ရသလောက် စုဖို့ အကြံပေးချင်ပါတယ်။လစာ ထုတ်လာပြီးရင် အရင် ဆုံး ဒီလ အသုံးစရိတ်ကို ခွဲဝေလိုက်ပါ။ဒီနေရာမှာ လိုအပ်တာနဲ့ လိုချင်တာကို သပ် သပ်စီ ခွဲခြားပြီး၊လိုအပ်တာကို နံပါတ်တစ် ဦးစားပေးနေရာမှာထားပါ။လူတစ်ယောက် က သူ့လက်ထဲမှာ ပိုက်ဆံလုံးဝ မရှိနေတာထက်စာရင် ရှိနေရင် နည်းနည်း စိတ် လုံခြုံမှုရပါတယ်။အနည်းဆုံးတော့ ရုတ်တရက် နေမကောင်းဖြစ်ခဲ့ရင်တောင် ကိုယ့်လက်ထဲမှာ ပိုက်ဆံကတော့ ရှိနေသင့်ပါတယ်။ဒါကြောင့်ဘယ်လောက်ပဲ ဖြစ်ဖြစ်ရအောင်စုမယ်ဆိုတဲ့ စိတ်ကို အမြဲမွေးပါ။

(၂)မသုံးခင်တည်းက အရင်စု(သိမ်း)

 

how_to_manage_monthly_salary

လစာထုတ်ပြီးတာနဲ့ အသုံးစရိတ်ကို ပျှမ်းမျှ ခွဲတမ်းချပြီးတာနဲ့ ကိုယ်ကဒီ လ ဘ ယ်ေ လာက်စုမှာလဲ..တစ်သောင်းဆိုတစ်သောင်း၊နှစ်သောင်းဆို နှစ်သောင်း တစ်ခါ တည်း သပ်သပ်ဖယ်ထားပါ။ဒီငွေဟာ ဒီလကိုယ်သုံးမယ့် စရိတ်နဲ့လုံးဝ မဆိုင်ဘူးဆိုတဲ့ စိတ်ကို မွေးထားပါ။ဘယ်အသုံးစရိတ်ကို လျှော့လို့ရမယ်၊ငွေကို ဘယ်နေရာမှာချွေလို့ ရမလဲဆိုတာကို စဉ်းစားပါ။ဥပမာ- ဖုန်းဘေလ်ကို ချွေလို့ ရပါ တယ်။ကိုယ်က အင်တာနက်နဲ့ဖုန်းပြောတာကို မဖြစ်မနေ အလုပ်သေ ဘာ အရ လု ပ်ဖို့ လိုတာမိိျုး မဟုတ်ရင် လျှော့သုံး၊လျှော့ပြောပါ။တစ်လမှာ ပုံမှန် တစ်သောင်းကုန်ရင်် ငါးထောင်နဲ့လောက်အောင် ကြိုးစားသုံးကြည့််ပါ။အင်တာ နက် အသုံးပြုချိန်တွေကိုလျှော့ပါ။

READ
အလုပ္ထြက္ဖို႕ဆံုးျဖတ္လုိက္ျပီဆိုရင္ မထြက္ခင္မွာၾကိဳတင္ျပင္ဆင္သင့္တဲ့အရာမ်ား

(၃)အသုံးစရိတ်ကို စာရင်းမှတ်ပါ

 

how-to-pay-yourself-as-a-small-business-owner-featured

ရလာတဲ့ လစာကို ခွဲတမ်းချ၊အသုံးစရိတ် ဘယ်လောက် သုံးမယ်ဆိုတာကို သေချာ စီစစ်ပါ။နောက်တစ်ခုကတော့ တစ်နေ့မှာ ကိုယ်ဘယ်လောက် ငွေ သုံး လဲ၊ကိုယ်သုံးခဲ့တဲ့ အသုံးစရိတ်ကို စာရင်းမှတ်ပါ။စုမယ့် ငွေကို ဖယ်အပြီး တစ် လစာ ကိုယ်သုံးရမယ့် ပို်က်ဆံကို ရက်နဲ့ တွက်လိုက်ရင် တစ်နေ့ကို ဘယ်လော က် သုံးလို့ရမယ်ဆိုတဲ့ ပျှမ်းမျှ စရိတ်ပေါ်လာပါလိမ့်မယ်။အသုံးစရိတ်ေ တွ ကိုေ တာ့ စာအုပ်နဲ့မှတ်ရင် မှတ်၊တကယ်လို့ မမှတ်ချင်ရင်တော့ Budget Planner ဆိုတဲ့ App တွေကို download လုပ်ယူပြီး ကိုယ့်ရဲ့ ဖုန်းထဲမှာလည်း မှတ် ထားလို့ရပါတယ်။အသုံးစရိတ်တွေကို စာရင်းမှတ်ထားတော့ ငွေအသုံးလွန်တာ၊ လက်လွန်သွားတယ်ဆိုတာမျိုးကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

(၄)Needs နဲ့ wants ခွဲခြားပါ

အပေါ်မှာလည်း ဒီအကြောင်းကို ပြောခဲ့ပေမယ့်် အရေးကြီးတာမို့ သေချာ ထ ပ်ပြောချင်ပါတယ်။ဒီလမှာ ကိုယ့်အတွက် မဖြစ် မနေ လိုအပ်နေတဲ့ ပစ္စည်း ကဘ ာလဲဆိုတာ စဉ်းစားပါ။ပြီးမှပဲ ကိုယ်လိုချင်တာရှိရင် ၀ယ်ပါ။သုံးပါ။ဒီနေရာ မှာ လည်း လိုချင်တာတွေကို အကုန်လိုက်ဝယ်လို့ မရပါဘူး။ဒီလမှာတော့ ဒါလေး ၀ယ်ရင်၊တခြားလိုချင်တာရှိရင် နောက်လကျမှ ၀ယ်တာမျိုး လုပ်ပါ။(ဒါကတော့ ကိုယ့်ရဲ့ လစာအပေါ် ချိန်ပြီး သုံးပါ)။လိုအပ်တာ(needs)ကတော့ နံပါတ် တစ်ဦးစားပေးဖြစ်ပါစေ။

(၅)ထမင်းဘူးသယ််ပါ

အဆောင်မှာနေနေရလို့ ချက်ရပြုတ်ရ မလွယ်ဘူးဆိုတဲ့ သူတွေကတော့ ချွင်း ချက်ပါ။အဲ့ဒီလိုမှ မဟုတ်ရင်တော့ နေ့လယ်စာကို ထမင်းဘူးယူဖို့ အကြံပြုချင် ပါတယ်။ငွေကုန်လည်း သက်သာစေသလို၊ကိုယ်တိုင် ချက်ပြုတ်တာဆိုတော့ ဆိုင်ထက်စာရင် ပိုပြီးတော့ သန့်ရှင်းမှုလည်းရှိ၊ကျန်းမာရေးနဲ့လည်း ညီညွတ်ေ စပါတယ်။တတ်နိုင်ရင်တော့ မနက်စာကိုပါ မုန့်ထုပ်ကို အိမ်မှာ ၀ယ်ထားတာမျိုး- ဥပမာ ပေါင်မုန့်ကြီးတစ်လုံး ၀ယ်ပြီးထားတာမျိုးလုပ်ပါ။

 

shopping-woman

(၆)ကားခစရိတ်ကို ချွေတာပါ.

ဒီနေရာမှာက မဖြစ်မနေသွားလာနေရတဲ့ ဘတ်စ်ကားကို မစီးပဲ လမ်းေ လျှာ က်သွားဖို့ ဆိုလိုတာ မဟုတ်ပါဘူး။တက္ကစီ၊ဆိုက်ကားတို့ကို မဖြစ်မနေ လိုအပ်မှ စီးပါး။မဟုတ်ရင် မစီးပါနဲ့။ရထားဘူတာနဲ့လည်း နီးမယ်၊ရထားစီးလို့လည်း အဆ င်ပြေတယ်ဆိုရင်တော့ ရထားပြောင်းစီးပါ။ပိုက်ဆံကုန်သက်သာစေပါတယ်။

(၇)ဘဏ်အကောင့်ဖွင့်ပါ

 

3CC48DBE00000578-4185110-image-a-13_1486058271137

ကိုယ်စုမယ်လို့ ခွဲဝေထားတဲ့ ပိုက်ဆံကို ကိုယ့််လက်ထဲမှာ ထားတာထက် ဘဏ် အကောင့်ဖွင့်ပြီး အဲ့ဒီအထဲကို ထည့်ထားလိုက်တာက ပိုကောင်းပါတယ်။ ပိုက် ဆံက လက်ထဲမှာ အလွယ်တကူရှိနေရင်၊မြင်နေရရင် စိတ်လွတ်ပြီး သုံးမိသွား တတ်ပါတယ်။ဒါကြောင့် ဘဏ်ထဲမှာ ထည့်ထားလိုက်ပါ။ပိုက်ဆံကို ဘယ််ေ လာက် ကြာမှ ထုတ်မယ်ဆိုတဲ့ အကောင့်ပုံမျိုးနဲ့ ဖွင့်ထား save ထားရင်တော့ အကောင်းဆုံးပါ။တခြားဖြည့်စွက်ချက်အနေနဲ့ကတော့ ငွေစုမယ်လို့ ဆုံးဖြတ် ထားပြီးရင်တော့ ချွေလို့ရသလောက် တတ်နို်င်သမျှချွေတာပါ။မလိုအပ်တဲ့ နေရာမှာ ငွေကို မသုံးမိအောင် ထိန်းပါ။သူငယ်ချင်းတွေနဲ့ မကြာခဏ ဆိုင် ထို င်တတ်တဲ့ အကျင့်ရှိသူဆိုရင်တော့ ဆိုင်ထိုင်တာတွေကို တတ်နိုင်သမျှ လျှော့ပါ ။ဒီနည်းလမး်တွေကို လိုက်နာမယ်ဆိုရင်တော့ လစာကို သေချာပေါက် အဖတ် တင်အောင် စုနိုင်ပါလိမ့်မယ်။

sponsored